Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

အပူပိုင်းဇုံ⁠ဒေသစိမ်းလန်းစိုေ⁠ပြ⁠ရေး⁠နှင့်ေ⁠မြဆီထက်သန်⁠ကောင်းမွန်⁠ရေး (အပိုင်း-၁)

$
0
0

မြန်မာနိုင်ငံသည် အပူပိုင်းဇုံအတွင်း ကျရောက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ သမပိုင်းဒေသ နှင့် နီးကပ်သော ဒေသများနှင့် ပင်လယ် ကမ်းရိုးတန်းနှင့်နီးသော နေရာဒေသများတွင်အပူနှင့်အအေးမျှတပြီးမိုးရွာသွန်းမှု ကောင်းမွန်ကာသီးနှံများ အောင်းမြင်ဖြစ်ထွန်းအောင်   မြင်နိုင်သော်လည်း  သမပိုင်းဒေသနှင့်လည်းကောင်း၊ ပင်လယ်ကမ်းရိုးတန်းနှင့်လည်းကောင်း၊ ဝေးကွာသည့် အပူပိုင်းဒေသ သက်သက် များတွင်မူ မိုးရွာသွန်းမှုနည်းသည့်အပြင် အပူရှိန်များခြင်း၊ ရေ၊ လေ တိုက်စားမှု များခြင်းတို့ကြောင့် မြေဆီသြဇာ တဖြည်းဖြည်းခန်းခြောက် ပြီး သဲဆန်သည့်မြေများအဖြစ် ပြောင်းလဲလာပါသည်။  လူများပြုပြင်မှု မရှိပါက သီးနှံအထွက်နှုန်းများ ပိုမိုကျဆင်းလာကာ၊ သဲကန္တာရ အသွင်ဖြစ်ပြီး ပြန်လည်ပြုပြင်ရခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနိုင်ပါသည်။ ထို့ကြောင့် ယခုအချိန်မှစ၍ မြေဆီမြေသြဇာ ထက် သန်စေပြီး အပူရှိန်၊ ရေ နှင့် လေဒဏ်ကို ကာကွယ်ပေးသည့် သီးနှံနှင့် အပင်များ စိုက်ပျိုးခြင်းဖြင့် ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ် လာပြီဖြစ်ပါသည်။ဤသို့ စိုက်ပျိုးခြင်းဖြင့် အပူပိုင်းဒေသသည် တဖြေးဖြေးစိမ်းလန်းစိုပြေလာပြီး ပတ်ဝန်းကျင်နှင့် ရာသီဥတုလည်း တိုးတက်ပြောင်းလဲလာမည် ဖြစ်ပါသည်။

အပူပိုင်းဒေသ၏ သဘာဝ

မြန်မာနိုင်ငံ၏ အပူပိုင်းဇုံဒေသသည် လတ္တီတွဒ် ၂၀ံနှင့် ၂၄ံ အတွင်းခန့်တွင် တည်ရှိပြီး မိုးရေချိန်နည်းပါးကာ အလွန်ပူအိုက်ခြောက်သွေ့ပါ သည်။ ရွာသွန်းသည့် မိုရေချိန်ပမာဏ နည်းပါးသည့်အပြင် ရွာသွန်းမှုမှာလည်း ညီညာပြန့်နှံ့ခြင်းမရှိသည့်အတွက် သီးနှံပင်များစိုက်ပျိုးရာ တွင် အခက်အခဲများနှင့် ကြုံတွေ့ရပါသည်။ အချိန်တိုတိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းတတ်သည့်အတွက်လည်း မြေဆီလွှာ တိုက်စား မှုနှင့် ရေလျှံမှုများကိုလည်း ဖြစ်ပေါ်စေတတ်ပါသည်။ အပူပိုင်း၌ရှိသောမြို့ (၅) မြို့၏ မိုးရေချိန်နှင့် အပူချိန်မှာ အောက်ပါအတိုင်းဖြစ်ပါ သည်။

အပူပိုင်းဒေသ၏ အခက်အခဲ

၃။ အထက်ပါအပူပိုင်းဒေသကို ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည်ဖြစ်ရာ အပူပိုင်းဒေသ၏ မြေဆီလွှာ ဆိုင်ရာ အခက်အခဲများကို သိရှိထားရန် လိုအပ်ပါသည်။ ယင်းတို့မှာ-

  • မြေဆီသြဇာတဖြည်းဖြည်းခန်းခြောက်လာခြင်း
  • မြေဆီလွှာတဖြည်းဖြည်းပျက်သုံးလာခြင်း (ဆားပေါက်ခြင်း၊ ဆပ်ပြာပေါက်ခြင်း၊ ကြပ်တည်းမြေဖြစ်ပေါ်ခြင်း)။
  • မြေဆီလွှာဆုံးရှုံးခြင်း (လေနှင့်ရေတိုက်စားမှုခံရခြင်း)။

မြေဆီလွှာထက်သန်စေရန်ဆောင်ရွက်ခြင်း

၎။ အပူပိုင်းဒေသမြေဆီလွှာကို လက်ရှိအခြေအနေထက် မြေဆီသြဇာပိုမိုထက်သန်စေရန်ဆောင်ရွက်ရာ၌ အောက်ပါနည်းလမ်းများ အတိုင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။

(၁) သဘာဝမြေသြဇာများထည့်သွင်းပေးခြင်း။

(နွားချေးဆွေး၊ သစ်ရွက် သစ်ပင်ဆွေး၊ အမှိုက် သရိုက်ဆွေးများ)

(၂) သစ်စိမ်းမြေသြဇာကျွေးပေးခြင်း

(ဘောစကိုင်း၊ ညံပင်၊ ပိုက်ဆံလျှော်၊ ပဲစဉ်းငုံ နှင့် ပဲမျိုးစုံ)

(၃) သဘာဝမြေသြဇာ ဖြစ်သည့် အပင်များစိုက်ပျိုးခြင်း။

(ဘောစကိုင်း၊ ညံပင်၊ ပိုက်ဆံလျှော်၊ ပဲစဉ်းငုံ နှင့် ပဲမျိုးစုံ)

(၄) လေကာပင်တန်းများ စိုက်ပျိုးပေးခြင်း။

(ဘောစကိုင်း၊ ခြံစည်ရိုးကြက်ဆူ၊ ၀ါကြီးနှင့် ပဲစဉ်းငုံစသည်များ)

(၅) သီးနှံစိုက်စနစ် ပြောင်းလဲဆောင်ရွက်ခြင်း။

(သီးထပ်၊ သီးညှပ်၊ အလှည့်ကျ စိုက်ပျိုးခြင်း) (ပဲမျိုးစုံ နှင့် အခြားသီးနှံများ)

၅။ အထက်ပါမြေဆီသြဇာ ထက်သန်စေရန်ဆောင်ရွက်ရမည့် နည်းလမ်း (၅)မျိုး အနက် သဘာဝမြေသြဇာများ ထည့်သွင်းပေးခြင်းနှင့်       သစ်စိမ်းမြေသြဇာကျွေးပေးခြင်းကို အဓိကထား၍ ဆောင်ရွက်လျက်ရှိပါသည်။

သီးသန့်ထည့်သွင်းပေးရန်မလိုပဲ မြေဆီသြဇာထက်သန်စေပြီး လွယ်ကူစွာရရှိစေနိုင်သည့် ဘောစကိုင်းနှင့် ပဲစင်းငုံတို့ကို စိုက်ပျိုးပေးခြင်း   ဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်။

က။ ဘောစကိုင်းစိုက်ပျိုးခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ

(၁) မိုးနည်းရေရှားဒေသဖြစ်သော အပူပိုင်းဇုံတွင် ယာခင်းများပတ်လည်၌ ကြီးထွားမှုလျှင်မြန်သော ဘောစကိုင်းပင်များကို စိုက်ပျိုးခြင်း အားဖြင့် အမြဲစိမ်းလန်းသစ်တောများ (Ever green Forest) အဖြစ် တည်ရှိနေမည်ဖြစ်ပြီး အနီးဝင်းကျင်တွင် မိုးလေ၀သရာသီဥတု (Microclimate) တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါသည်။

(၂) ယာသီးနှံခင်းများ၏ လမ်းဘေးတစ်လျှောက်နှင့် စိုက်ခင်းပတ်လည်တို့တွင် လေကာတန်းများအဖြစ် စိုက်ပျိုးပြီး နှစ်စဉ်နှစ်တိုင်း အ ကိုင်းနုနှင့် အရွက်တို့ကို ခုတ်ယူကာ သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။ တစ်ဧက ပတ်လည်တွင် ဘောစကိုင်းလေကာတန်း စိုက်ထားပါက မြေသြဇာအပြင်တစ်နှစ်လျှင် ထင်း(၃)တန်ခန့် ရရှိနိုင်ပါသည်။

(၃) တစ်ဧကလျှင် ဘောစကိုင်းမျိုးစေ့ (၈)ပြီနှုန်းကြဲပတ်ပြီး အပင်များ (၄)ပေမှ (၅)ပေခန့် မြင့်လာသောအခါ မြေထဲသို့ထယ်ဖြင့် ထိုးမြှုပ်   သောနည်းဖြင့်လည်း မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။

(၄) ကြက်၊ ၀တ်၊ နွား တို့ကို အစာစိမ်းအဖြစ်ကျွေးပါက ကြီးထွားမှုလျှင်မြန်ပါသည်။

(၅) အရွက်များကို သီးနှံပင်တန်းကြားများအတွင်းသို့ ထည့်ပေးခြင်းဖြင့် ဓာတ်မြေသြဇာကဲ့သို့ သီးနှံအတွက် တိုးစေပါသည်။

(၆) ဘောစကိုင်းတွင် နိုက်ထရိုဂျင် (၂.၁% မှ ၄.၃%)၊  ဖော့စ်ဖရပ်စ် (၀.၂၀%)၊  ပိုတက်ဆီယမ် (၀.၅၆%) ပါဝင်ပါသည်။ အရွက်စိမ်း (၅၀၀) ပေါင်ထည့်ပေးလျှင် အမိုနီယမ်ဆာလ်ဖိတ် (၁၀၀)ပေါင် ထည့်ပေးခြင်းနှင့် တူညီပါသည်။

ခ၊ ပဲစင်းငုံစိုက်ခြင်း၏ အကျိုးကျေးဇူးများ

(၁) ပဲစင်းငုံမှ လူတို့အစားအစာ၊ တိရစ္ဆာန်အစားအစာနှင့် မီးဖိုချောင်သုံးလောင်စာထင်းတို့ကို ရရှိပါသည်။

(၂) မြေဆီလွှာ အတွင်း နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ်စ်အာဟာရဓါတ်ကို ကြွယ်ဝစေပါသည်။

(၃) ပဲစင်းငုံရွက်ကြွေများကြောင့် မြေဆီလွှာအတွင်း မြေဆွေးဓာတ် ကြွယ်ဝစေပါသည်။

(၄) ပဲစဉ်းငုံသည် မိုးခေါင်ဒဏ်ခံနိုင်၍ ပုံမှန်အထွက်နှုန်းကို ရရှိစေနိုင်ပါသည်။

(၅) သို့ဖြစ်ပါ၍ ဘောစကိုင်းနှင့် ပဲစင်းငုံကို တိုးချဲ့စိုက်ပျိုးသုံးစွဲရန် လိုအပ်လာပြီဖြစ်ပါသဖြင့် ဘောစကိုင်းနှင့်ပဲစင်းငုံ စနစ်တကျ စိုက်ပျိုးနည်းအကျဉ်းကို အောင်တွင် ဖော်ပြပေးလိုက်ပါသည်။

ဒုတိယပိုင်းဆက်လက်ဖော်ပြပေးပါမည်။

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

The post အပူပိုင်းဇုံ⁠ဒေသစိမ်းလန်းစိုေ⁠ပြ⁠ရေး⁠နှင့်ေ⁠မြဆီထက်သန်⁠ကောင်းမွန်⁠ရေး (အပိုင်း-၁) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>