သိပ္ပံအမည် – Cnaphalocrocis medinalis (Guenee, 1854)
မျိုးစဉ် – Order: Lepidoptera;
မျိုးရင်း – Family: Pyralidae; Subfamily: Pyraustinae
လက္ခံပင်များ (Host Range)
အဓိကလက္ခံပင်များမှာ စပါး Oryza sativa (rice)၊ နှံစားပြောင်း (ဆန်ပြောင်း) Sorghum၊ ပြောင်းဖူး Zea mays (maize)၊ ဂျုံ Triticum vulgare, Triticum aestivum (wheats) တို့ဖြစ်ကြသည်။ အခြားလက္ခံပင်များမှာ စပါးရိုင်း Echinochloa colonim (jungle rice)၊ ငှက်ပျော Musa (banana) ၊ အုန်း Cocos mucifera (coconut)၊ အုတ် Avena sativa (oats) ၊ ဘာလီ Hordeum vulgare (barley)၊ ဆေးရွက်ကြီး Nicotiana tabacum (tobacco)၊ ကြံ Saccharum officinarum (Sugarcane)၊ လူးဆတ် Panicum miliaceum (millet)၊ စသည်တို့ဖြစ်ကြသည်။
ဖျက်ဆီးမှုလက္ခဏာများ (Damage Symptoms)
စားသောက်ခြင်းမပြုလုပ်မီ အရွက်များကို ဒေါင်လိုက်လိပ်အောင် အရွက်၏ အနားများကို တွယ်ကပ်စေပြီးပြုလုပ်ကြသည်။ ထို့နောက် ပိုးတုံးလုံးသည် အရွက်လိပ်ထဲတွင် နေထိုင်ပြီး အစိမ်းရောင်တစ်သျှူးသားများကို ခြစ်၍ စားသောက်ကြသည်။ ခြစ်စားထားသောအရွက် များတွင် အမြှေးပါးသာကျန်သည့် အစင်းတန်းများ၊ အဖြူဖျော့ရောင် အစင်းများကို တွေ့ရနိုင်သည်။
ရုပ်သွင်လက္ခံဏာ (Morphology)
ဥများ (Eggs)
ဥများကို တလုံးချင်းအုလေ့ရှိကြသည်။ သို့မဟုတ် တစ်ဝက်တစ်ပျက် အစုအဝေး (၃လုံး မှ ၈လုံးခန့်အထိ) အရွက်၏ မျက်နှာပြင်များပေါ် တွင် အုလေ့ရှိကြသည်။ ဥများမှာ အုကာစတွင် ဂျယ်လီကဲ့သို့ အရောင်ကြည်လင်နေသည်ကို တွေ့ရသည်။ ဥ၏ မျက်နှာပြင်ပေါ်တွင် ခြောက်ထောင့်အကွက်များ ပါရှိကြသည်။ ဥအရွယ်အစားမှာ (၀.၉၃ မီလီမီတာ) အရှည်ရှိပြီး (၀.၄၂ မီလီမီတာ) အကျယ် ရှိသည်။ နောက်ပိုင်း ဥများမှာ ဖြူဝါ၀ါရောင်ဖြစ်လာသည်။ အောက်မျက်နှာပြင်ပြားပြီး အပေါ်မျက်နှာပြင် ခုံးနေသည်။ ထိပ်နှစ်ဖက်မှာ လုံးဝိုင်းနေ သည်။
ပိုးတုံးလုံး (Larva)
ပေါက်ကာစ ပိုးတုံးလုံးသည် နို့နှစ်ဖျော့ရောင်ရှိပြီး ဦးခေါင်းမှာ အညိုရင့်ရောင် သို့မဟုတ် အနက်ရောင်ဖြစ်သည်။ ခန္ဓာကိုယ်အရောင် ဖြူ ၀ါဝါဖြစ်လာသည်။ တိုပြီးအညိုရောင်ဖျော့ အမွေးများ ခန္ဓာကိုယ်ပေါ်တွင် ဖုံးအုပ်နေသည်။ ပထမဆင့်ပိုးတုံးလုံးသည် သေးငယ်သည်။ ဒုတိယ ပိုးတုံးလုံးသည် ပထမ အဆင့်ပိုးတုံးလုံနှင့် ဆင်တူသည်။ တတိယ အဆင့်တွင် ပရိုနိုတမ်ခေါ် ကျောဖက် အလယ်လိုင်းပေါ်တွင် မ၀ိုင်းတ၀ိုင်း အညိုရောင်အကွက် တစုံပါရှိသည်။ စတုတ္ထဆင့်မှာ အညိုရောင်အကွက်တစုံမှာ အနက်ရောင်သို့ ပြောင်းသွားသည်။
အလားတူအကွက် များကို ၀မ်းဗိုက်ပိုင်း အဆစ် ၇၊၈ နှင့် ၉ တို့တွင်လည်း ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ပဉ္စမအဆင့် ပိုးတုံးလုံးသည် (၁၆ မီလီမီတာ) အရှည်ရှိပြီး (၁.၈ မီလီမီတာ) အကျယ်ရှိသည်။ ဦးခေါင်း အညိုဖျော့ရောင်ရှိပြီး၊ ကြည်လင်သည့် ခန္ဓာကိုယ်ပေါ်တွင် အညိုရောင်အမွေးမာများ ဖုံးအုပ်ထားသည်ကို တွေ့မြင်နိုင်သည်။ ပဉ္စမဆင့် ပိုးတုံးလုံး နောက်ပိုင်းတွင် ပိုးတုံးလုံးသည် အရွက်လိပ်ထဲ တွင် ပိုးချည်မျှင်အလွှာတထပ်ကို ရက်လုပ်သည်။ ပိုးတုံးလုံးသည် အစာစားမှုရပ်တန့်ပြီး၊ ဖြူမွဲမွဲရောင်မှ လိမ္မော်ဖျော့ရောင် ပြောင်းလဲလာ သည်။
ပိုးရုပ်ဖုံး (Pupa)
ရွက်လိပ်ထဲ၌ ပိုးရုပ်ဖုံးပြုလုပ်သည်။ ပိုးရုပ်ဖုံးသည် အညိုဖျော့ရောင်ဖြစ်သည်။ အလျား (၉ မှ ၁၂ မီလီမီတာ)၊ အကျယ် (၁.၆ မှ ၃.၀ မီလီ မီတာ) ဖြစ်သည်။
အကောင်ကြီး (Adult)
အကောင်ကြီးသည် ရွှေဝါရောင်သို့မဟုတ် လိမ္မော်ညိုရောင်ဖြစ်သည်။ ရှေ့အတောင်အတွင်းပိုင်းသည် လိမ္မော်ရင့်ရောင်ဖြစ်၍ အပြင်ပိုင်း မှာ အစင်းများ ပါရှိသည်။ အလယ်စင်းများမှာတိုပြီး မပြည့်စုံချေ။ အပြင်စင်းများမှာ နောက်အတောင်အနားများတစ်ခုလုံးတွင် လည်း ဆက် လက်ပါရှိကြသည်။ အတောင်အလျားသည် (၁၇ မှ ၂၀ မီလီမီတာ) အရှည်ရှိသည်။ အထီး၏ ၀မ်းဗိုက်ပိုင်းထိပ်ဖျားတွင် ကျယ်ပြန့်ပြီး အ နက်ရောင်ကျောဖက်တွင် ထောင်လိုက်အစင်းများပါရှိသည်။ အမများတွင် ကျောဖက်၌ ကျဉ်းမြောင်းသည့် အစင်းတခုနှင့် ရှည်မျောမျော အဖြူရောင် အပိုင်းနှစ်ခု ပါရှိသည်။
ကာကွယ်နှိမ်နင်းနည်းများ (Control measures)
ခံနိုင်ရည်ရှိသောမျိုးများစိုက်ပျိုးခြင်း ( Host-Plant Resistance)
အိန္ဒိယတွင် ခံနိုင်ရည်ရှိသော မျိုးများဖြစ်သည့် အိုင်အီးတီ ၈၆၇၅၊ ၈၆၉၈၊ ၈၇၁၀၊ ၇၇၇၆ စသောစပါးမျိုးများကို စိုက်ပျိုးကြသည်။ အရွက် ကျဉ်းမြောင်းသော တီကေအမ် စပါးမျိုးသည် အရွယ်ကျယ်ပြန့်သော မျိုးထက်ပိုမိုခံနိုင်ရည်ရှိသည်။
သက်ရှိများအသုံးပြုပြီး ကာကွယ်နှိမ်နင်းနည်း (Biological Control)
ဥကပ်ပါးအဖြစ် နဂျီမျိုးများဖြစ်သည့် ထရိုင်ခိုဂရာမာ ဂျပွန်နီယွမ်နှင့် အပန်တယ်လိစ် ဆိုင်ပရစ် (Trichogramma japonicum and Apanteles cypris) တို့ကို တရုတ်ပြည်တွင်လည်းကောင်း၊ အစ်ခ်ျနုမော်နစ် ထရာသာလာ ဖလာဗိုဘီထလစ် (ichneumonid Trathala flavoorbitalis) တို့ကို ဂျပန်ပြည်တွင် လည်းကောင်း၊ တက်ခ်နစ် ကပ်ပါးများကို သီရိလကာင်္တွင်လည်းကောင်း အသုံးပြု၍ နှိမ်နင်းနိုင်ပါ သည်။ ဂရမ်နုလိုဆစ်ဗိုင်းရပ်သည် ပိုးတုံးလုံး (၃၀ မှ ၄၀) ရာခိုင်နှုန်း သေစေနိုင်သည်ကို တရုတ်ပြည်တွင် တွေ့ခဲ့ရသည်။
ဓါတုပိုးသတ်ဆေး များသုံး၍ ကာကွယ်နှိမ်နင်းခြင်း (Chemical Control)
အင်းဆက်ပိုးသတ်ဆေးမျိုးများစွာနှင့် တမာစေ့အဆီတို့ကို အသုံးပြု၍ ဤအင်းဆက်ပိုးကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။
စားနှပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
The post စပါးရွက်လိပ်ပိုး (Rice Leaf folder) appeared first on Myanmar Farmers' Portal.