ပါဝင်သောပစ္စည်းများ
၁။ သင်္ဘောသီး ၁၇၀၀ ဂရမ် (၁ ပိဿာ)
၂။ သကြား ၁၀၀၀ ဂရမ် (၆၀ ကျပ်သား)
၃။ ထုံးရည်ကြည် အနည်းငယ်
၎။ ဆား အနည်းငယ်
၅။ အရောင်/အနံ့ အနည်းငယ်
၆။ SB (ဆိုဒီယမ်ဘင်ဆိုရိတ်) ၀.၀၅% ( ၀.၈၅ ဂရမ်)
ပြုလုပ်ပုံအဆင့်ဆင့်
၁။ သင်္ဘောသီးများကို အခွံနွှာ၊ အစေ့ထုတ်ပြီး ထက်ခြမ်းခွဲပါ။
၂။ ထက်ခြမ်းခွဲပြီးသော သင်္ဘောသီးအား သုံးစိတ်စိတ်၍ အရှည်လိုက်အထူအပါး ညီညီလှီးယူပါ။
၃။ ထုံးရည်ကြည်တွင် မိနစ် (၃၀) စိမ်ပါ။
၎။ ရေစင်အောင်ဆေးပြီး ရေနွေးပွက်ပွက်ဆူတွင် အသားကြည်လာသည်အထိ ပြုတ်ပါ။
၅။ ထို့နောက် သကြား၊ ဆား၊ SB ရောထည့်မွှေပါ။
၆။ တစ်ညစိမ်ပြီး သကြားရည်သွင်းပါ။ နောက်တစ်နေ့တွင် အသီးများကို ဆယ်ယူထားပြီး သကြားရည်ကို ညောင်စီးကျအောင် ကျိုပါ။
၇။ အသီးများကို ရောထည့်၍ မွှေပြီးနေလှန်းပါ။
၈။ နောက်တစ်နေ့တွင် သကြားရည်အခြေအနေကို ကြည့်၍ ပြန်ကြိုခြင်း၊ နေလှမ်းခြင်း ပြုလုပ်ပါ။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post သင်္ဘောသီး အကျွတ်ယိုပြုလုပ်နည်း appeared first on Myanmar Farmers' Portal.