အောင်မြင်မှု ၈၅% ရှိပါသည်။ ကောင်းစွာပြုစုထားသော ငါးလသားရှိ ပျိုးပင် ၁၀-၁၅ စင်တီမီတာအမြင့်ရှိ ပျိုးပင် များကို အောက်ခံပင်အဖြစ် သုံးပါ။ ပျိုးပင်ကို အမြင့် ၄-၆ စင်တီမီတာချန်၍ ဖြတ်ပါ။ ကျန်နေသော အရွက်များ ကို ခြွေပေးပါ။ ၃-၄ စင်တီမီတာ အလျားရှိ ဓားချက်နှစ်ခုကို ပင်စည်မျက်နှာတွင် မျက်နှာချင်းဆိုင် လှီးခြင်းဖြင့် ပင်စည်တွင် သပ်ပုံဖြစ် လာပါသည်။
အဖူးကိုင်းအတွက် သန်စွမ်းသော အဖျားပိုင်းအညွန့်ကို အရွယ်ရောက်ပြီး မင်းကွတ်ပင်မှ ရွေးယူပါ။ အညွန့် အဖူးကိုင်း မှာ ၆-၈ စင်တီမီတာရှည်ပြီး အရွက် နှစ်ရွက် အနည်းဆုံး ပါရှိရမည်။ အဖူးကိုင်းပေါ် အရွက်နှစ်ရွက် အထိသာ ချန်၍ ၎င်းအရွက်များကို အလျား၏ တစ်ဝက်အထိဖြတ်ပါ။ အရွက်မှ ရေငွေ့ပျံခြင်းကြောင့် အပင်မှ ရေဆုံးရှုံးမှုကို လျှော့ချရန် ဖြစ်ပါသည်။ ၎င်းနောက် အဖူးကိုင်း အောက်ခြေမှဒေါင်လိုက် အထက်သို့ သုံးစင်တီမီတာခန့် ခွဲပါ။
ထို့နောက် အဖူးကိုင်းကို ပြင်ဆင်ထားပြီးဖြစ်သော အောက်ခံပင်ပေါ်သို့ တင်၍ ကိုင်းဆက်ပါ။ အောက်ခံပင်နှင့် အဖူး ကိုင်းတို့၏ အသားနုလွှာချင်း အနည်းဆုံး တစ်ဖက်ဖက်တွင် စပ်ထိနေရပြီး တင်းကျပ်စွာ ပတ်ချည်ပေးပါ။
ပလပ်စတစ်ကြိုးဖြင့် ပတ်ချည်ပေး၍ အကိုင်းဆက်ပြီး အပင်ကို ပလပ်စတစ်အိတ်ဖြင့် အုပ်ချည်ပေးခြင်းဖြင့် အပင်ပတ် ၀န်းကျင်တွင် စိုထိုင်းဆကို မြင့်မားစေပါသည်။ ပလပ်စတစ်အိတ်ဖြင့် မအုပ်မီ ရေလုံလောက်အောင် လောင်းပေးပါ။ အဖူးကိုင်းမှ အညွန့်ထွက်လာလျှင် ပလပ်စတစ်အိတ်ကို ဖယ်ရှားပါ။ မြင်းကုန်းနှီး သို့မဟုတ် အကိုင်းခွဲနည်းဖြင့် ဆက် ထားသောအပင်မှာ ခြောက်နှစ်သားတွင် အသီး စသီးပါသည်။
Pissaya Info
The post (က) Saddle Grafting မြင်းကုန်းနှီးကိုင်းဆက်နည်း (ခွ၍ကိုင်းဆက်နည်း) appeared first on Myanmar Farmers' Portal.