ဤနည်းတွင် အဖူးကိုင်း(Scion) အဖြစ် ကျန်းမာသန်စွမ်းပြီး အရွက်နှစ်ရွက်ပါ အရှည် ငါးမီလီမီတာခန့် အဖျားပိုင်းရှိ အဖူးကို အသုံးပြုပါသည်။ အဖူးကိုင်း၏အခြေကို သပ် သို့မဟုတ် V ပုံဖြတ်ပြီး အောက်ခံပင် ၁၀ စင်တီမီတာ အမြင့်ရှိ ခွဲထားသောနေရာတွင် ထည့်ပြီး ကိုင်းဆက်ပါ။ ဆက်ထားသောနေရာတွင် အဖူးကိုင်းနေရာမှန် ရှိစေရန် ပလတ်စတစ် ကြိုးဖြင့် တင်းကျပ်စွာ ပတ်ချည်ပါ။ ကိုင်းဆက်ထားသော အပင်များ ကို အေး၍ စွတ်စိုသော အနေအထားတွင်ရှိသည့် ၇၅% အရိပ်အောက်တွင် ထားပါ။ လေးပတ်ကြာသောအခါ အဖူးကိုင်းမှ အညွန့်စထွက်လာပါမည်။
Pissaya_Info
The post (ခ) အကိုင်းခွဲဆက်နည်း (Cleft Grafting) appeared first on Myanmar Farmers' Portal.