Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ဒူးရင်းသီး အရည်အ⁠သွေး⁠ကောင်းမွန်⁠ပြီး၊ အထွက်⁠နှုန်းတိုးတက်⁠မြင့်မားသည့်အချက်များ

$
0
0

၁။ ဒေသနှင့် ကိုက်ညီ၍ ရောဂါဒဏ်ခံနိုင်သော မျိုးကောင်းမျိုးသန့်၊ ဒူးရင်းသီးမျိုးထဲမှ သီးထွက်နှင့် အရည်အသွေး ကောင်းမွန်သော အပင်မှ အဖူးကိုင်းရွေးချယ်၍ ကိုင်းဆက်၊ ဖူးမြှုပ်မျိုးပွား စိုက်ပျိုးပါ။

၂။ ပျိုးပင်သက် (၂-၃) နှစ်ထိထား၍ ကျန်းမာသန်စွမ်းသည့် ပျိုးပင်များကိုသာ ရွေးချယ်စိုက်ပျိုးပါ။

၃။ ပင်ကြား၊ တန်းကြား (၁၈’×၂၄’) စိုက်စနစ်ဖြင့် တစ်ဧကလျှင် (၁၀၀) ပင် ၀င်ဆန့်အောင် စိုက်ပျိုးပါ။

၎။ စိုက်ကျင်းအရွယ် (၃’×၃’×၃) တူးပြီးလျှင် အပေါ်ယံမြေလွှာနှင့် သဘာဝမြေသြဇာရောစပ်၍ ကျင်းစာကျွေးပါ။

၅။ အသီးမတင်သေးသောအပင်များ တစ်နှစ်လျှင် သဘာဝမြေသြဇာ နှင့် ဓါတ်မြေသြဇာ (၂) ကြိမ် ခွဲ၍ ကျွေးပါ။ အသီး တင်ပြီးသောအပင်များအား အောက်ပါအတိုင်း (၃) ကြိမ် ခွဲကျွေးပါ။

ဓါတ်မြေသြဇာကျွေးရမည့်အချိန်                                                  ဓါတ်မြေသြဇာနှုန်းထား

၁။ မေ၊ ဇူလိုင် (အသီးခူးပြီးချိန်)                                                   (၁၆:၁၆း၁၆) ၂ ကီလို/ပင်

၂။ အောက်တိုဘာ(ပန်းဖူးဝင်ချိန်)                                                (၈း၂၄း၂၄) ၂ ကီလို/ပင်

၃။ ဖေဖော်ဝါရီ၊ ဧပြီ (အသီး ၃၅ ရက်သား)                                   (၁၂း၁၂း၂၇) ၂ ကီလို/ပင်

၆။ အပင်ခြေနှင့် စိုက်တန်းများကို ပေါင်းမြက်အမြဲကင်းစင်နေရန် ဆောင်ရွက်ပါ။

၇။ ပင်စည်ထိုးပိုးကျရောက်ပါက Cypermenthrin ကဲ့သို့ ထိသေ ပိုးသတ်ဆေးရည်ကို ဂွမ်းတွင် စိမ်၍ ပိုးဝင်သည့် အပေါက်ထဲသို့ ထည့်ပေးပြီး ပိုးပေါက်ကို ရွံ့ဖြင့် ပိတ်ခြင်းနည်းဖြင့် နှိမ်နင်းပါ။

၈။ ပင်စည်နှင့် အမြစ်ပုပ်ရောဂါကျရောက်ပါက ရောဂါရ အစိတ်အပိုင်းကို လှီးထုတ်ပြီး Metalaxyl ၂၅% ရေဖျော်ဆေး မှုန့်ကို ရေတစ်လီတာလျှင် ၅၀-၆၀ ဂရမ်နှုန်းဖျော်၍ သုတ်လိမ်းပေးပါ။ ရောဂါပြင်းထန်ပါက Phosphorous acid ကို ရေနှင့် အချိုးတူရော၍ ရောဂါရသည့် ပင်စည်နှင့် အမြစ်တို့အား ဆေးထိုးသွင်းပါ။

၉။ မိုးပြတ်သော နိုဝင်ဘာလမှစ၍ အစိုဓါတ်မပြတ်စေရန် ရေသွင်းပေးပါ။ (အသီးကြီးထွားနေစဉ် ရေလုံးဝမပြတ် ပါစေနှင့်)

၁၀။ နွေရာသီရေလုံလောက်စွာ မရရှိနိုင်သော နေရများတွင် အစိုဓါတ်ထိန်းစေရန် သစ်ရွက်ခြောက်၊ မြက်ခြောက် များဖြင့် မြေဖုံးပေးပါ။

၁၁။ အပင်ငယ်များအား နွေရာသီတွင် အရိပ်ပြုလုပ်ပေးပါ။

၁၂။ အသီးဆွတ်ခူးပြီးတိုင်း ကိုင်းသေ၊ ကိုင်းခြောက်၊ ကိုင်းကြပ်၊ ကိုင်းညှပ်များအား ဖြတ်ခြင်း (Prunning) ပြုလုပ် ပေးပါ။

စိုက်ပျိုးသုတပစ္စယ (Pissaya Info)

The post ဒူးရင်းသီး အရည်အ⁠သွေး⁠ကောင်းမွန်⁠ပြီး၊ အထွက်⁠နှုန်းတိုးတက်⁠မြင့်မားသည့်အချက်များ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ