Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ခရမ်းချဉ်ပင်တွင် ကျ⁠ရောက်တတ်သည့် ပျပိုးကာကွယ်⁠နှိမ်နင်းနည်းအေ⁠ကြာင်း

$
0
0

ပ် Aphid (Aphis gossypii)

ကျရောက်သည့် အချိန်

အပင်ငယ်စဉ်တွင် ကျရောက်လေ့ရှိသည်။

ဖျက်ဆီးပုံလက္ခဏာ

ပျကိုလိုနီကို ခရမ်းချဉ်ပင်ငယ်စဉ်၌ အရွက်များ၊ အဖူးများ၊ အပွင့်ဖူးများပေါ်တွင် တွေ့ရမည်။ အစိမ်း၊ အ၀ါ၊ ပန်းရောင်နှင့် အနက်ရောင် ပျကိုလိုနီအစုများ တွေ့ရတတ်သည်။ သစ်ရည်ကို စုပ်စားသဖြင့် အရွက်များ ပုံသဏ္ဍာန်မမှန်တော့ဘဲ သေးငယ်ကြုံလှီလာမည်။ အသီး ထွက်ထိခိုက်နိုင်သည်။ ဤပျသည် ဗိုင်းရပ်စ်ရောဂါ (CMV – Cucumber mosaic virus) ကို သယ်ဆောင်သည်။

ဘ၀စက်ဝန်း

ပျအမသည် အကောင်ငယ်ကို တိုက်ရိုက် သို့မဟုတ် ဥအု၍မွေးသည်။ အကောင်ကြီးမှာ အတောင်ပါသည်။ သို့မဟုတ် အတောင်မဲ့ ဖြစ်နိုင် သည်။ အကောင်ငယ်မှ အကောင်ကြီးဘ၀သို့ (၂)ရက်အတွင်း ရောက်ရှိသည်။ ထို့ကြောင့် ပျပျံ့ပွားမှုမှာ အလွန်လျင်မြန်သည်။ ပျအမ တစ်ကောင်သည် အကောင် (၅၀) ခန့် ထိပေါက်ပွားနိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

(၁) သဘာဝ၌ပျကိုစားသောက်သော သားရဲကောင် (Predators) များစွာရှိသည်။ ဆေးမဖျန်းခြင်းဖြင့် သဘာဝတွင် သားရဲကောင်များ ပေါက်ပွားမှုကို အားပေးသည်။

(၂) ပိုးသတ်ဆေးဖျန်းရန် လိုအပ်ပါက နောက်ဆက်တွဲပါ ပိုးသတ်ဆေးတစ်မျိုးမျိုး အသုံးပြုနိုင်သည်။

(၃) ပေါင်းမြက်များရှင်းလင်းရမည်။ ၄င်းတို့မှတဆင့်ကူးစက်နိုင်သည်။

(၄) ပျခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

 

The post ခရမ်းချဉ်ပင်တွင် ကျ⁠ရောက်တတ်သည့် ပျပိုးကာကွယ်⁠နှိမ်နင်းနည်းအေ⁠ကြာင်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>