ပါဝင်ပစ္စည်းများ
၁။ သကြား ၂၂၀၀ ဂရမ် (၁ ပိဿာ ၃၀ ကျပ်သား)
၂။ ရေသန့် ၁၆၀၀ ဂရမ် (၁.၅ လီတာ)
၃။ ရှာလကာရည် ၅၀၀ ဂရမ် (၀.၅ လီတာ)
၎။ ငရုတ်သီးအချို ၆၀၀ ဂရမ် (၃၅ ကျပ်သား)
၅။ ကြက်သွန်ဖြူ ၄၅၀ ဂရမ် (၃၀ ကျပ်သား)
၆။ ဆား ၁၅၀ ဂရမ် (၁၀ ကျပ်သား)
၇။ ကော်မှုန့် ၂၅ ဂရမ် (၁.၅ ကျပ်သား)
ပြုလုပ်ပုံအဆင့်ဆင့်
၁။ အနီရောင် ငရုတ်သီးများအား ရေဆေး အညှာချွေပြီး သေးငယ်သော အစိတ်ပိုင်းများဖြစ်အောင် လှီးပါ။
၂။ ဆူပွက်နေသော ရေတွင် ၃ မိနစ်ခန့် စိမ်ပါ။
၃။ ၎င်းငရုတ်သီးများကို ကြက်သွန်ဖြူနှင့် ရော၍ ကြိတ်ထားပါ။
၎။ ရေ (၁၅၆၀ ဂရမ်) နှင့် သကြား (၁၅၆၀) ဂရမ်ကို ရော၍ အပူပေးပါ။
၅။ ထို့နောက် ပါဝင်ပစ္စည်းများကို ရောထည့်၍ ကျိုပြီး အချိုဓါတ် ၆၀-၆၅ံ Brix အထိရအောင် အဆက်မပြတ် မွှေပါ။
၆။ ဆား၊ ကော်မှုန့်နှင့် ကျန်သည့် သကြား ၆၀၀ ဂရမ်ကို ရောထည့်ပါ။
၇။ အချိုဓါတ် ၇၀ံ Brix ရောက်သည်အထိ ကျိုပါ။
၈။ ရှာလကာရည်ရောထည့်၍ အချိုဓါတ် ၆၅ံ Brix ရောက်သည်အထိ ကျိုပါ။
၉။ ထို့နောက် ပိုးသန့်ထားသော ပုလင်းထဲသို့ ထည့်၍ သေချာစွာပိတ်ပါ။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post ငရုတ်သီးဆော့စ် (အချို) ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.