Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ဆင်တုံးမ⁠နွယ် စိုက်ပျိုးနည်းအေ⁠ကြာင်း

$
0
0

မြန်မာအမည်              – ဆင်တုံးမနွယ်

အင်္ဂလိပ်အမည်           – HEART LEAVED MOON SEED

ရုက္ခဗေဒ အမည်         – MIERS

မျိုးရင်း                     – MENISPERMACEAE

ပုံသဏ္ဍာန်။      ။ နွယ်ပင်မျိုးဖြစ်၍ အခြားသစ်ပင်ကြီးများကို အမှီပြု၍ အလေ့ကျ ပေါက်ရောက်ကြသည်။ ပင်စည် အရည်ရွှမ်းသည်။ ဖော့သားကဲ့သို့ ဖြစ်သည်။ အကိုင်းအခက်များ လေးထောင့်ပုံသဏ္ဍာန်ရှိ၍ မြောင်းပါသည်။ အရွက်များ ပင်စည်မှ တရွက်ခြင်း ခပ်ကျဲကျဲ ရွက်လွှဲထွက်၏။  နှလုံးပုံ ရွက်ဖြစ်ပြီး ရွက်ညှာရှည်သည်။ ထိပ်ချွန်၊ သို့မဟုတ် ထိပ်ချွန်သွယ်သည်။ ရွက်ကြောများ ရွက်ညှာထိပ်မှ ဖြာ၍ထွက်သည်။ အရွက်နုစဉ်တွင် စိမ်းဝါရောင်ရှိ၍ ရင့်သောအခါ အစိမ်းရင့်ရောင်ပေါ်တွင် အ၀ါပြောက်များဖြစ်ပေါ်နေသည်။ ရွက်ပြား ထူသည်။ အပေါ်မျက်နှာပြင် ချော၍ အဖောင်းအကြွကလေး များရှိသည်။ အောက်မျက်နှာပြင်ကြမ်း၏။ နှစ်ပင်ပေါင်းလိင်စုံဖြစ်ပြီး အပွင့်မှာ အ၀ါရောင်ရှိ၍ အလွန်သေးငယ်သည်။ အဆစ်များမှာ ပန်းခိုင်ထွက်သည်။

ပေါက်ရောက်သည့် ဒေသ ။       မြန်မာပြည် အနှံ့အပြား၌ ပေါက်ရောက်သည်။

ရေမြေရာသီဥတု။         ။ ဆပ်ပြာ ပေါက်သော မြေမှ လွဲ၍ မြေမရွေး စိုက်ပျိုး ပေါက်ရောက်နိုင်သည်။ ပူအိုက်၍ မိုးရေချိန်လက်မ (၄၀)မှ (၈၀)နှင့် (၈၀) လက်မ အထက်ဒေသများတွင် စိုက်ပျိုးပေါက်ရောက်နိုင်သည်။

မြေပြုပြင်နည်း ။          ။ အကျယ် (၂)ပေ ပတ်လည်၊ အနက် (၂)ပေရှိသော စိုက်ကျင်းများတွင် နွားချေး (၁)ဆ၊ သစ်ရွက်ဆွေး (၁)ဆ၊ သဲမြေ (၁)ဆ နှင့် မြေသား (၃)ဆ မှ (၄)ဆ ရောစပ်သမစေပြီး ကျင်းအတွင်းဖြည့်တင်းပေးရသည်။ (၃) ရက်ခန့် ရေလောင်းပြီး မြေကို အေးစေပြီး မှ ပျိုးပင်ကို ချစိုက်သင့်သည်။

ပျိုးထောင်နည်း။          ။ ပလပ်စတစ်အိတ်၊ ၀ါးဆစ်များအတွင်း နွယ်ပင်ဖြတ်များကို  ထိုး၍ ရေလောင်းပြီး မျိုးပွားရသည်။ အတက်မထွက်မီ အရိပ်အောက်တွင် ထားသင့်သည်။

စိုက်ပျိုးနည်း။              ။ အပင်ပေါက်သေချာသော  ပျိုးပင်များကို စိုက်ခင်းအတွင်းချ၍ စိုက်ပြီး တပတ်ခန့်ကြာသည့်တိုင် အရိပ်ပြုလုပ်ပေး သင့်သည်။ တပင်နှင့်တပင် (၅)ပေပတ်လည်ခန့် ခြားသင့်သည်။ တပင်နှင့် တပင် (၅)ပေ ပတ်လည်ခန့် ခြားသင့်သည်။ စိုက်ခင်းတွင် နွယ် တက်စင်များကို ပြုလုပ်ပေးရသည်။ အပင်ကြီးများတွင် မှီတွယ်၍လည်း   စိုက်ပျိုးနိုင်သည်။

မြေသြဇာကျွေးနည်း။               ။ သဘာဝ မြေသြဇာ ဖြည့်တင်းပေးခြင်းဖြင့် လုံလောက်သည်။

မျိုးပွားနည်း။               ။ ကိုင်းဖြတ် မျိုးပွားခြင်းဖြင့် ဖြစ်ထွန်းလွယ်သော အပင်မျိုးဖြစ်သည်။

တဧက မျိုးစေ့/ အပင်နှုန်း။        ။ တဧကလျှင် အပင် (၁၅၀၀) မှ (၂၀၀၀) အထိ စိုက်ပျိုးနိုင်သည်။

ရေသွင်းနည်း။             ။ မိုးရေဖြင့်ပင် အောင်မြင်ဖြစ်ထွန်းရန် လုံလောက်သည်။ လိုအပ်သည့်အခါ  ရေပေးသွင်းနိုင်ပါက  ပိုမိုကောင်း မွန်သည်။

အပင်ပြုစုနည်း။           ။ အပင်ငယ်စဉ်တွင် မြေဆွပေါင်းသင်ပေးသင့်သည်။ နွယ်ပင်ဖြစ်၍ နွယ်တက်နိုင်ရန် သင့်လျော်သည့်စင်များ ပြုလုပ်ရသည်။

ကျရောက်တတ်သော ပိုးမွှားနှင့် ကာကွယ်နည်း

ကျရောက်ဖျက်ဆီးမှု နည်းပါးပါသည်။

ကျရောက်တတ်သော ရောဂါနှင့် ကာကွယ်နည်း

ကျရောက်ဖျက်ဆီးမှု နည်းပါးပါသည်။

နွယ်ကို ဖြတ်ယူခြင်း။               ။ တနှစ်သား သို့မဟုတ် နှစ်နှစ်သားခန့်ရှိသောအခါ ဆင်တုံးမနွယ်များကို ဖြတ်ယူနိုင်သည်။

အထွက်နှုန်း။              ။ (၂)နှစ်သား ရှိသော အပင်မှ ဆင်တုံးမနွယ် (၂) ပိဿာခန့် ရရှိနိုင်သည်။

မျိုးခံယူနည်း။              ။ ဆင်တုံးမနွယ်ပင်၏ တနှစ်သား ရှိသော နွယ်များကို ဖြတ်ယူ မျိုးပွားနိုင်သည်။

သိုလှောင်နည်း။           ။ ဖြတ်ယူရရှိသောနွယ်များကို ပါးပါးစင်းဖြတ်၍ နေရောင်တွင် အခြောက်လှန်းပြီး ကောင်းစွာခြောက်သွေ့လျှင် သိုလှောင်ထားနိုင်သည်။

အသုံးပြုနည်း။            ။ (၁) ဆင်တုံးမနွယ်မှ ပူ၊ ခါး၊ စပ် ဖြစ်၍ အဖျားဖြတ်ဆေး၊ အစာကြေဆေး၊ လေနိုင်ဆေး၊ ဆီးဆေး နှင့်အသက်ရှည်ဆေးများတွင် အများအားဖြင့် အသုံးပြုကြသည်။

(၂) ဆင်တုံးမနွယ် တပိဿာကို ဆားငါးဆယ်သား၊ ရေမြှုပ်ရုံထည့်ပြီး ရေခန်းပြုတ်၍ အခြောက်လှန်းကာ အမှုန့်ထောင်းရသည်။ ယင်းကို ပျားရည်နှင့်တေ၍ နေ့စဉ်စားသုံးပေးပါက အစာကြေပြီး၊ ရုပ်နုပျိုသဖြင့် အသက်ရှည်ဆေးတမျိုး အဖြစ် အချို့စားသုံးကြသည်။

(၃) ဆင်တုံးမနွယ်ကို နုတ်နုတ်စင်း၍ ရေနှင့် အထပ်ထပ်ကျိုချက်ပြီး ညောင်စေးကျသည်အထိ ချက်ပါက တာရှည်ခံသည်။ ယင်းကို အစာမကြေရောဂါ၊ ဆီးရောဂါ၊ မီးယပ်ထိမ်သည့်ရောဂါ၊ လေရောဂါများ အတွက် အခြားဆေးဘက်များနှင့် စပ်၍ သုံးရသည်။

(၄) ဆင်တုံးမနွယ်ကို သုံးခွက် တခွက်တင် ပြုတ်၍ သောက်ပါက အဆိပ်များပြေပျောက်၏။

(၅) ဆင်တုံးမနွယ်ကို မြင်းခွာရွက်နှင့်ရောပြီး ပြုတ်သောက်သော် နှလုံးတုန်ခြင်း၊ စိတ်ချောက်ခြားခြင်း ပျောက်၏။

(၆) ဆင်တုံးမနွယ် လက်လေးသစ်ကို ပါးပါးလှီး၍ မကြာခဏ စားသုံးပါက သွေးအန်ရောဂါ ပျောက်၏

(၇) ဆင်တုံးမနွယ်ကို လောက်သေရွက်၊အုန္နဲရွက်၊ သင်္ဘော မဲဇလီရွက်၊ ကုန်းထိကရုန်း ရွက်တို့နှင့် အမျှစပ်၍ လက်ဖက်ရည် အဖန်ကဲ့သို့ သောက်က အသက်ရှည်၍ အနာရောဂါကင်းစေနိုင်၏။

(၈) ဆင်တုံးမနွယ်ကို အရေညှစ်၍ ကြပ်သီးနွေးမျှ ပြုတ်ပြီး နား၌ဆေးကြောပေးပါက နားကိုက်၊ နားအူဟူသမျှ ပျောက်၏။

(၉) ကျွဲ၊ နွား၊ ဆင်၊ မြင်း တို့ကို ရောဂါ အမျိုးမျိုးမှ ကင်းဝေးစေရန်အတွက် ဆင်တုံးမနွယ်ကို စင်း၍ အစာတွင် ထည့်ကျွေးပါက ၀မ်းလေကောင်းပြီး ရောဂါကင်း၍ ၀ဖြိုးစေသည်။

(၁၀) ဆင်တုံးမနွယ်ကို သုံးခွက် တခွက်တင်  ကျို၍ သကြားဖြင့် ရောစပ်၍ သောက်ပါက လေရောဂါအစာမကြေရောဂါ ပျောက်၏။

စိုက်ပျိုးသုတ ပစ္စယ  (Pissaya Info)

 

 

The post ဆင်တုံးမ⁠နွယ် စိုက်ပျိုးနည်းအေ⁠ကြာင်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ


မနောမယအိမ်ခြံမြေရောင်းနည်း


ကျမ်းဂန်များကပြောတဲ့ ဇဗ္ဗူဒိပ်ကျွန်း ဆိုသည်မှာ


TTA Oreo Gapp Installer


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>