သစ်စိမ်းမြေသြဇာဆိုသည်မှာ မြေဆီလွှာအတွင်း သစ်ဆွေးဓါတ်ကို ကြွယ်ဝစေပြီး သီးနှံများအဓိက လိုအပ်သည့် အာဟာရဖြစ်သည့် နိုက်ထရိုဂျင်ဓါတ်ကို ပေးစွမ်းနိုင်သည်။ အပင်များအသုံးပြု၍ ဆောင်ရွက်ထားသည့် မြေသြဇာ တစ်မျိုးဖြစ်ပါသည်။ သစ်စိမ်းမြေသြဇာ ပြုလုပ်သုံးစွဲနိုင်သည့် အပင်အမျိုးအစားများစွာရှိသော်လည်း ပဲအမျိုးမျိုး၊ ညံပင်၊ ပိုက်ဆံလျှော်၊ ဘောစကိုင်းတို့ကို အသုံးပြု၍ သစ်စိမ်း မြေသြဇာကို ပြုလုပ်သုံးစွဲကြပါသည်။ ထို့ပြင် ရေနှင့်နီးသောဒေသများတွင် ရေမှော်နှင့် ဗေဒါပင်များကို သစ်စိမ်းမြေသြဇာအဖြစ် သုံးစွဲနိုင် ပါသည်။
သစ်စိမ်းမြေသြဇာပြုလုပ်မည့် အပင်များ၏ အဓိကလိုအပ်ချက်
(၁) အပင်ပေါက်မြန်ပြီး ရက် ၄၀ မှ ၅၀ အတွင်း အပင်ကြီးထွားဖြစ်ထွန်းရပါမည်။
(၂) လွယ်ကူစွာစိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော အပင်မျိုးများ ဖြစ်ရပါမည်။
(၃) ထယ်ထိုးဖုံးအုပ်ပြီး အလွယ်တကူဆွေးမြေ့စေသော အပင်မျိုးများ ဖြစ်ရပါမည်။
(၄) ပိုးမွှားရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိသော အပင်မျိုးများ ဖြစ်ရပါမည်။
(၅) စိုက်ပျိုးလျက်ရှိသော အဓိကသီးနှံပုံစံတွင် အံဝင်ခွင်ကျဖြစ်စေမည့် အပင်မျိုးများ ဖြစ်ရပါမည်။
သစ်စိမ်းမြေသြဇာတွင်ပါဝင်သော အပင်အာဟာရဓါတ်များ
သစ်စိမ်းမြေသြဇာပြုလုပ်သုံးစွဲခြင်း
သစ်စိမ်းမြေသြဇာအဖြစ်လူသိများသည့် ပဲအမျိုးမျိုးသာ မဟုတ်ဘဲ အခြားသောသီးနှံများနှင့် ပေါင်းမြက်များ သည်လည်း သစ်စိမ်းမြေသြဇာ အာနိသင်ရရှိ၍ အသုံးပြုနိုင်သည်။ မုံညင်း၊ ပန်းနှမ်း၊ ပိုက်ဆံလျှော်၊ ညံပင်များ အား အပွင့်ဖြိုင်ချိန်မတိုင်မီ ထယ်ထိုး၍ မြေတွင်နှစ်မြှပ်ကာ မြေသြဇာထက်ရရှိအောင်ဆောင်ရွက်နိုင်သည်။ သစ်စိမ်းမြေသြဇာပြုလုပ်မည့် အကိုင်း၊ အခက်၊ အရွက်နှင့် အမြစ်များသည် မြေအောက် သို့နှစ်မြှုပ်ပြီးနောက် ဘက်တီးရီးယားအကူအညီဖြင့် ဆွေးမြေ့ကြရသည်။ ထိုအခါ နိုက်ထရိုင်ဂျင်ဓါတ်ကြွယ်ဝသည့် သစ်စိမ်းမြေသြ ဇာ အာနိသင်ကို ရရှိပါသည်။ အဓိကသီးနှံစိုက်ပျိုးချိန်တွင် မြေခံမှ နိုက်ထရိုဂျင်ဓါတ်အား အဆင်သင့် စားသုံး နိုင်၍ စိုက်ပျိုးသည့်သီးနှံ ကောင်း မွန်ရှင်သန်ဖွံ့ဖြိုးလာမည် ဖြစ်ပါသည်။ သစ်စိမ်းမြေသြဇာထည့်ပြီး အနည်းဆုံး ၂၁ ရက် ကြာမှ သီးနှံစိုက်ပျိုးရသည်။ တစ်ကြိမ် ထည့်ထား လျှင် (၂) နှစ်အထိ ဆက်လက်၍ အာနိသင်ရှိပါ သည်။ သစ်စိမ်း ၁ တန် အသုံးပြုတိုင်း သစ်ဆွေးဓါတ် (၁/၄) တန် ရရှိနိုင်ပါသည်။
Source by – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
The post သစ်စိမ်းမြေသြဇာပြုလုပ်သုံးစွဲနည်း appeared first on Myanmar Farmers' Portal.