Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

သမန်းနက်နက်⁠နှင့် ညက်ညက်ရရှိ⁠အောင်ေ⁠မြ⁠ပြု⁠ပြင်⁠ခြင်း⁠ဖြင့် ရရှိ⁠သောအကျိုး⁠ကျေးဇူးများ ⁠နှင့်ေ⁠မြမျက်⁠နှာ⁠ပြင် ညီညာ⁠ခြင်း၏ အကျိုး⁠ကျေးဇူးများ

$
0
0

သမန်းနက်နက်နှင့် ညက်ညက်ရရှိအောင် မြေပြုပြင်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ Advantages of good land preparation

(၁) ပေါင်းမြက်များကို ကင်းစင်စေသည်။ ပေါင်းမြက်ကင်းခြင်းဖြင့် ထည့်သွင်းသည့် ဓါတ်မြေသြဇာများ၏ အာနိသင်ကို စပါးပင်များမှ အပြည့်အ၀စားသုံးနိုင်သည်။

(၂) ပေါင်းမြက်နှင့် ရိုးပြတ်များကို ဆွေးမြေ့စေခြင်းဖြင့် သဘာဝမြေသြဇာအဖြင့် ကောက်ပင်များမှ စားသုံးနိုင်သည်။

(၃) ကောက်ပင်၏ အမြစ်အုံ သန်မာကြီးထွားပြီး အာဟာရဓါတ်ကို ပိုမိုစုပ်ယူနိုင်သည်။

(၄) ကောက်ပင်များ သန်မာကြီးထွားပြီး အာဟာရဓါတ်ကို ပိုမိုစုပ်ယူနိုင်သည်။

(၅) ပေါင်းမြက်ကင်းစင်ခြင်းဖြင့် ပေါင်းမြက်မှတဆင့်ကျရောက်နိုင်သည့် ပိုးမွှားရောဂါများ ကျရောက်မှု မရှိနိုင်ပါ။

(၆) တစ်ဧကလျှင် စပါး (၃ တင်း မှ ၅ တင်း) ပိုမိုထွက်ရှိနိုင်သည်။

မြေမျက်နှာပြင် ညီညာခြင်း၏ အကျိုးကျေးဇူးများ Advantages of good land leveling

(၁) အပင်ပေါက်ညီညာစေသည်။

(၂) အပင်ပွားစည်းမှု ကောင်းစေသည်။

(၃) အပင်အမြစ်စွဲမှု ကောင်းစေသည်။

(၄) ရေထိန်းသိမ်းမှု လွယ်ကူစေသည်။

(၅) ဓါတ်မြေသြဇာဆုံးရှုံးမှု လျှော့နည်းစေသည်။

(၆) ပန်းပွင့်ချိန် ရင့်မှည့်ချိန် ညီညာစေသည်။

ထုံးထည့်၍ မြေပြုပြင်ခြင်း Lime Treatment

ထုံးသည် မြေသားတည်ဆောက်မှုတွင်လည်းကောင်း အဟာရဓါတ်အနေဖြင့် လည်းကောင်း၊ မြေချဉ်ငံကိန်းမြင့်လာစေရန်အတွက် လည်းကောင်း၊ အရေးကြီးသောဓါတ်တစ်မျိုးဖြစ်သည်။ နှစ်စဉ်ထည့်သွင်းပေးရန်မလို။ သီးနှံတစ်ခုနှင့်တစ်ခုကြားကာလအနည်းဆုံး တစ်လခြား၍ ထယ်ထိုးပြီးထည့်သွင်းပေးကာ ကြမ်းရိုက်ပေးရသည်။ (ထုံးထည့်ရာတွင် မြေတွင်း၌အစိုဓါတ်ရှိရန် လိုအပ်သည်။)

စပါးကို မြေချဉ်ငံကိန်း (၅.၅ မှ ၇.၅) အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း တစ်ဧကတင်း တစ်ရာထွက်ရှိရန် လိုအပ်သော မြေချဉ်ငံ ကိန်းမှာ ( ၆ မှ ၇) ဖြစ်သည်။

The post သမန်းနက်နက်⁠နှင့် ညက်ညက်ရရှိ⁠အောင်ေ⁠မြ⁠ပြု⁠ပြင်⁠ခြင်း⁠ဖြင့် ရရှိ⁠သောအကျိုး⁠ကျေးဇူးများ ⁠နှင့်ေ⁠မြမျက်⁠နှာ⁠ပြင် ညီညာ⁠ခြင်း၏ အကျိုး⁠ကျေးဇူးများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>