(၁) မျိုးများစနစ်တကျ ရွေးချယ်စိုက်ပျိုးရန်
စိုက်ပျိုးသူများအနေဖြင့် အထွက်ကောင်းမျိုးများအား ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ နှစ်ရှည်ပင်ဖြစ်၍ စိုက်ပျိုးသည့်မျိုးမှာ အရေး ကြီးသည်။ မျိုးရွေးချယ်စိုက်ပျိုးသူများအနေနှင့် အလေးချိန်စီးသော ရေမြပ်စေ့များကို ရွေးချယ်ကြသော်လည်း အထွက်ကောင်း သော အပင်မှ မျိုးစေ့များဖြစ်ရန်လိုပါသည်။
(၂) စိုက်ပျိုးသော အပင်အကွာအဝေး မှန်ကန်ရန်
ယခင်က သီဟိုဠ်သရက်ခြံများအား ၂၅ပေ တရိဂံပုံစံ၊ ယင်းနောက် ၄၀ ပေ × ၇ ပေ တန်းကြဲစနစ် စိုက်ပျိုးခဲ့ကြသည်။ ဤသို့ စိုက်ပျိုးခဲ့ သော သီဟိုဠ်သရက်ခြံများ အနေနှင့် ၅ နှစ် နောက်ပိုင်းတွင် အပင်များ တစ်ပင်နှင့်တစ်ပင် အကိုင်းချင်းရွက်အုပ်ချင်း ထိယှက်ဖုံးအုပ် သွားပါသည်။ ရွက်အုပ်များ နေရောင် လုံလောက်စွာ မရသည့် အတွက် အပွင့်အသီးများနည်းကာ အထွက်နှုန်းများလျော့နည်းပါသည်။ ဤသို့ အပင်ရွက်အုပ်များ တစ်ပင်နှင့်တစ်ပင် ထိစပ်အုပ်မိုး သွားသော်လည်း အပင်ကြပ်များအား ပြန်လည်ဖယ်ထုတ်ရန် လိုအပ်ပါ သည်။
(၃) မြေဆီလွှာ ထိန်းသိမ်းမှုကောင်းမွန်အောင် ဆောင်ရွက်ရန်
သီဟိုဠ်သရက်ပင်မှာ အကြမ်းခံ မြေမရွေးစိုက်ပျိုးနိုင်သည်ဟု ယူဆကာ မြေညံ့များ၊ တောင်စောင်းများတွင် စိုက်ပျိုးခဲ့ကြသည်။ ဤသို့ စိုက်ပျိုးကြပြီးနောက် မြေဆီသြဇာများ ရေတိုက်စားဆုံးရှုံးမှု ကာကွယ်ထိန်းသိမ်းသည့် လုပ်ငန်းများ၊ မြေဆီသြဇာ တိုးတက်ကောင်းမွန် လာစေမည့် လုပ်ငန်းများအား စနစ်တကျဆောင်ရွက်မှု ရှိရန် လိုအပ်သည်။ နှစ်ရှည်ပင်ဖြစ်သည်နှင့် အညီ နှစ်ကာလ ကြာမြင့်လာသည် နှင့် အမျှ မြေဆီသြဇာအဆင့်အတန်းများကျဆင်းကာ အပင်ကြီးထွားမှုနှင့် အသီးထွက်များတဖြည်းဖြည်း ထိခိုက်လာပါသည်။
(၄) ကိုင်းဖြတ်ခြင်းနှင့် အပင်ပုံသွင်းခြင်းများဆောင်ရွက်ရန်
သီဟိုဠ်သရက်မှာ အလင်းရောင်ကြိုက်သော အပင်ဖြစ်ပြီး ရွက်အုပ်များ နေရောင်အများဆုံးရစေရန်အတွက်လည်းကောင်း၊ လေ၀င်လေ ထွက် ကောင်းကာ ပိုးမွှားရောဂါကျရောက်မှု နည်းပါးစေရန်အတွက် လည်းကောင်း၊အပင်ကိုင်းနှင့် ရွက်အုပ်များ မျှတစွာပေါက်ရောက်ပြီး လေတိုက်ပါက ယိုင်လဲခြင်း မရှိစေရန်အတွက်လည်းကောင်း၊ အပင်အားငယ်စဉ်ကပင်ကိုင်းများဖြတ်ခြင်း၊ အပင်ပုံသွင်းခြင်း လုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။ သီဟိုဠ်သရက်ခြံများတွင် ဤလုပ်ငန်းအား စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။
(၅) စိုက်ခင်းထိန်းသိမ်းပြုစုမှုလုပ်ငန်း စနစ်တကျ ဆောင်ရွက်ရန်
သီဟိုဠ်သရက်မှာအကြမ်းခံအပင်ဟုယူဆကာ စိုက်ပျိုးပြီးနောက် အပင်ပြုစုမှု ထိန်းသိမ်းမှုများမပြုလုပ်ကြဘဲ ပစ်ထားကြလေ့ရှိပါသည်။ သီဟိုဠ်သရက်ပင်မှာ စိုက်ပျိုးသော အခြားဥယျာဉ်ခြံ၊ သစ်သီးဝလံပင်များ ကဲ့သို့ပင် စနစ်တကျ ထိန်းသိမ်းပြုစုမှုလုပ်ငန်းများ ဆောင်ရွက် ပေးရန် လိုပါသည်။ ပေါင်းရှင်းခြင်း၊ မြေသြဇာကျွေးခြင်း၊ အစိုဓာတ်ထိန်းသိမ်းခြင်း၊ စသည့် စိုက်ခင်းထိန်းသိမ်းမှု လုပ်ငန်းများကို ရာသီ အလိုက် စနစ်တကျ ဆောင်ရွက်ရပါသည်။
စိုက်ပျိုးသုတ ပစ္စယ
The post သီဟိုဠ်သရက် အထွက်နှုန်းကောင်းရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ appeared first on Myanmar Farmers' Portal.