၎။စိုက်စနစ်
(က)ရွှေ့ပြောင်းစိုက်ပျိုးခြင်း
- ရေငံဒဏ်ခံနိုင်ရန် ၃၀-၄၀ ရက်သားပျိုးပင်များကို အသုံးပြုပါ။
- ပျိုးနုတ်ပြီး တစ်ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးပါ။
- ကောက်ကွက် ၁ ကွက်လျှင် ပျိုးပင်လက်ဆ ၂-၃ ပင် သုံး၍ သမန်းအတွင်းသို့ ၁-၁.၅လက်မထက် ပိုမနက်စေပဲ စိုက်ပျိုးပါ။
- ပင်ပွားအထွက်နည်းခြင်းမှကာမိစေရန် တန်းကြားပင်ကြားကို ၆ လက်မ× ၆လက်မ (သို့) ၈လက်မ×၆ လက်မ ထား၍ အတန်းလိုက် စိုက်ပါ။စိုက်ပြီးတစ်ပတ်အတွင်း ကောက်ပင်ဖာပါ။
(ခ)အစိုသမန်းပြင်တွင် တိုက်ရိုက်အစေ့ချခြင်း
- ကောင်းမွန်သော မျိုးသန့်မျိုးစေ့ကို အသုံးပြုရန် မျိုးစေ့နှုန်းထား ဒေသမျိုးများအတွက် တစ်ဧကလျှင်၁တင်းနှုန်းနှင့် အထွက်ကောင်း မျိုးများအတွက် ၂ တင်းနှုန်းအသုံးပြုပါ။
- ကြဲပက်စိုက်ပျိုးရာတွင် မျိုးစေ့အား ၂၄ နာရီ ရေစိမ်၍ မျိုးညှောင့် ထွက်အောင် ၄၈ မှ ၇၂နာရီ မျိုးအုပ်ပါ။
- သမန်းကောင်းအောင်ပြုပြင်ပြီး ရေထုတ်ပြီးစ (သို့)ရေစပ်စပ် အခြေအနေတွင် ကြဲပက်ပါ။
- ဒေသအလိုက် စပါးပန်းပွင့်ချိန်၊အနှံတည်ချိန်နှင့် ဆားငံတက်ချိန်လွတ်အောင် ချိန်ကိုက် စိုက်ပျိုးပါ။
- မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးရာတွင် သမန်းပြင် ညီညာအောင်ပြုလုပ်ပါ။စာပါးစပ်ပြူ မျိုးစေ့များကိုအသုံးပြု၍တစ်ဧကလျှင် မျိုးစေ့တစ်တင်းနှုန်းအသုံးပြု၍မျိုးစေ့ချကိရိယာကိုချိန်ညှိစိုက်ပျိုးပါ။
၅။မြေသြဇာကျွေးခြင်း
- သီးနှံအကြွင်းအကျန်များ၊ ကောက်ရိုး ၊ ပဲရိုး ၊စပါးခွံများနှင့် နွားချေးကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် အသုံးပြုပါ။
- သွပ်ဓာတ် (ဇင့်)ချို့တဲ့ပါက ဇီဖာကို တစ်ဧကလျှင် ၄-၆ ကီလိုဂရမ်အသုံးပြုပါ။
၆။ရေသွင်းရေထုတ် ပြုလုပ်ခြင်း
- တာရိုး၊တမံနှင့် ရေသွင်းရေထုတ် ရေတံခါးများကို လယ်တစ်ကွင်း တစ်စပ်အတွင်းရှိ တောင်သူများ အားလုံး ပူးပေါင်းပြုလုပ်ပါ။
- ရေသွင်းရေထုတ် တံခါးများသည် ဆားရေဝင်ရောက်မှုမှ ကာကွယ်ရန် ဆားငံသည့်အချိန် ဒီရေ တက်လျှင်ပိတ်ပါ။
- ဆားငံရေမဝင်နိုင်ရန် ရေတားဘောင်များပြုလုပ်ပါ။
- ရေသွင်းရေထုတ်လွယ်ကူစေရန် လယ်ကြားမြောင်းများပြုလုပ်ပါ။
- စိုက်ကွင်းရှိ ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင် ကိုညီအောင်ညှိပါ။
- ကန်သင်းများကို ခိုင်ခန့်အောင်ပြုလုပ်ပြီး ကြွက်တွင်းများ မရှိစေရန်နှင့် ကန်သင်းရေလုံအောင်ဂရု စိုက်ပါ။
- ကန်သင်းတိုင်းတွင် ရေသွင်း၊ရေထုတ်ပေါက်နှင့် ရေလျှံပေါက် ပြုလုပ်ထားပါ။ရေလျှံပေါက်သည် ထားလိုသောရေအနက် အလိုက် လုပ်ရမည်။
- မိုးရေကို စိုက်ကွင်းအတွင်း သိုလှောင်ထားပြီးနောက် မိုးရွာပါက ပြန်ထုတ်ပေးခြင်းဖြင့် လယ်ကွင်း အတွင်းမှ ဆားများကိုဆေးချပါ။
- မရိတ်မီ ၂ ပတ်အလိုတွင်ရေဖောက်ထုတ်ပါ။
၇။ ပေါင်းမြက်ကာကွယ်နှိမ်နှင်းခြင်း
- မြေကိုပေါင်း ကင်းစင်အောင် ထယ်ထိုးထွန်ယက်ပါ၊ ပထမအကြိမ် နှင့် ဒုတိယအကြိမ် မြေပြင်ချိန်အတွင်း ပေါင်းမြက်များ စုံလင်အောင် ပေါက်ပါစေ။ မြေကို ၇ – ၁၀ ရက် ခြား၍ ထယ်ထိုးထွန်မွှေပါ။
- ရွှေ့ပြောင်းမစိုက်မီ သမန်းပြင်ပြီး မြက်ခေါင်းကောက်ပါ။
- စပါးပင်သက်တမ်းအစောပိုင်းတွင် စိုက်ကွင်းအတွင်း ရေထားရှိခြင်းနှင့် ကောက်ကွက်စိပ်စိပ်စိုက် ခြင်းသည် ပေါင်းပင်ကျရောက်မှုကို သက်သာစေပါသည်။
- အတန်းလိုက်စိုက်ပါက ရေထုတ်ပြီး သမန်းနိုး ကိရိယာဖြင့်ကြားပေါင်းလိုက်ပါ။
- ပေါင်းနှိမ်နှင်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀-၄၅ ရက်မတိုင်မီ အပြီးဆောင်ရွက်ပါ။
- တိုက်ရိုက်အစေ့ချစနစ်ကို အသုံးပြုပြီး ပေါင်းမြင်ဆိုးရွားစွာ ကျရောက်လေ့ရှိပါက ကျရောက်သော ပေါင်းအမျိုး အစားပေါ်မူတည် ၍မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းတွင် ပါဝင်သော ညွှန်ကြားချက်များနှင့် ထောက်ခံနှုန်းထားအတိုင်း စနစ်တကျအသုံးပြုပါ။
- ဥပမာ၊ အဓိကကျရောက်သော ပေါင်းအမျိုးအစားသည် မြက်နှင့် မြက်မုံညင်းမျိုးရင်းများဖြစ်ပါက အောက်ဖော်ပြပါ ပေါင်းသတ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။
၈။ပိုးမွှားရောဂါနှိမ်နှင်းခြင်း
- ပိုးမွှားရောဂါ ကျရောက်ဖျုက်စီးမှု ရှိ၊မရှိကို အမြဲမပြတ် ကွင်းဆင်း၊ကင်းထောက်၊စစ်ဆေးပြီး ပိုး သတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။
- စပါးပင်ဖြစ်ထွန်းမှုအစောပိုင်းကာလ (၃၀-၄၀)ရက်အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များ ပျက်စီးမှုဖြစ်ပေါ်ပါကစပါးပင်မှ အစားထိုး ပြန်လည်ရှင်သန်နိုင်ပါသည်။
- ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင်များနှင့် ပင်ကြွင်း၊ပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။
- ကြွက်ကြောင့် သီးနှံလေလွင့် ဆုံးရှုံးမှုလျော့နည်းစေရန်
(က) ပတ်ဝန်းကျင် သီးနှံခင်းများနှင့် စိုက်ချိန်/ရိတ်ချိန်ညီအောင်ဆောင်ရွက်ပါ။
(ခ)စိုက်ခင်းနှင့် ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်ကင်းစင်အောင်ရှင်းလင်းပါ။
(ဂ) ကြွက်ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို သားမပေါက်ခင်အချိန်တွင် လက်ဦးမှုရယူ နှိမ်နင်းနိုင် ရန်အတွက် စစိုက်ချိန်တွင် တစ်ကြိမ် သီးနှံမပေါ်ခင်တွင် တစ်ကြိမ် မဖြစ်မနေ ဆောင်ရွက်သင့်ပါသည်။
(ဃ) ကြွက်ထောင်ချောက်ထောင်ခြင်း၊ကြွက်ကျင်းများ တူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအား လူအင်အားဖြင့် ခြောက်လှန့် ဖမ်းဆီး ခြင်း၊ကြွက်ကာပစ္စည်းများအသုံးပြုခြင်း၊ထောင်ချောက်သီးနှံဖြင့် ကြွက်ကာကွယ်နှိမ်နင်းခြင်း(TrapBarrier System)၊ကြွက်တို့၏ သားရဲ ကောင်များ မွေးမြူခြင်း၊ကြွက်မု ဆိုးများ၏အကူအညီရယူ၍ မွေးမြူခြင်း၊ကြွက်မုဆိုးများ၏ အကူအညီရယူ၍ ကြွက်ဖမ်းခြင်း၊ကြွက်ဆေး ချခြင်းလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်းဆောင်ရွက်သင့်ပါသည်။
၉။ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန်နည်းစနစ်များ
- မောင်းညိုချိန် (စပါးအနှံ၏ ၈၀-၈၅ % ရင့်မည့်ချိန်)တွင် ရိတ်သိမ်းပြီး ချက်ခြင်းခြွေလှေ့ပါ။
- ၂-၃ ရက်ကအနေဖြင့် အခြောက်လှန်းပါ။လိုအပ်ပါက အခြောက်ခံကိရိယာ အသုံးပြုပြီး အပူချိန်ကို ၄၃ ဒီဂရီ စင်တီဂရိတ်ခန့် ထား၍ အခြောက်ခံပါ။
- ကွန်ကရစ်တလင်း(သို့) မိုးကာခင်းတွင် နေလှန်းပါက အထူ ၂ လက်မထက်မပိုပဲ ခပ်ပါးပါးလှန်းပါ။ ခြောက်သွေ့မှုညီညာစေရန် နာရီဝက်ခြား တစ်ကြိမ်အထက်အောက်လှန်ပေးပါ။
- မြင့်မားသော အပူချိန် (၅၄.၄ ဒီဂရီစင်တီဂရိတ်နှင့် အထက်)တွင် အခြောက်မခံသင့်ပါ။
- စပါးစေ့အစိုဓာတ်သည် မျိုးစပါးအတွက် ၁၂% နှင့် ကြိတ်ခွဲစားသုံးမည့်စပါးအတွက် ၁၄% ထားရှိ ရန်လိုအပ်ပါသည်။
- မျိုးစေ့များကို သန့်စင်ပြီး လေလုံစွာ ပိတ်ထားနိုင်သော ပုံး၊ပေပါ ၊အိတ် စသည့်ပစ္စည်းများ (ဥပမာ ဟာမက်တစ် အိတ်)ထဲသို့ ထည့်သွင်းပါ။
- ထို့နောက် လေဝင်လေထွက်ကောင်းပြီး ပိုးမွှား၊ကြွက်၊ဌက်တို့မှ ကာကွယ်ထားသော သိုလှောင်ရုံ အတွင်း စနစ်တကျ သိုလှောင်ပါ။
- စပါးသိုလှောင်ထားရာ ပတ်ဝန်းကျင်တွင် ဖိတ်စင်ကျန်ရစ်ခဲ့သောစပါးစေ့များကို ချက်ချင်းသန့်စင် ဖယ်ရှားပါ။
- သိုလှောင်ရုံကိုခြောက်သွေ့သန့်ရှင်းအောင်ထားပါ။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများရှိ ဆားငံရေဝင်လယ်များအတွက် သင့်လျော်သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ appeared first on Myanmar Farmers' Portal.