အပင်ပြုစုခြင်း
အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအတွက် ပေါင်းနှိမ်နင်းရန်လိုပါသည်။ ကြက်သွန်အမြစ်သည် မြေအပေါ်ယံတွင်သာရှိ၍ သံစည် ပတ်ပြားကို ကွေး၍ လက်ကိုင်တပ်ထားသောခြစ်ဖြင့် ပေါင်းရှင်းကြသည်။ အရွက်များစတင်ကျချိန်တွင် ပေါင်းရှင်းရန် မလိုအပ်တော့ပါ။ မြေအလွန် ကြပ်နေပါက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးပါ။ ကြက်သွန်ပန်းဖူးများကို အပတ်စဉ်ချိုးပေးပါ။
ရေပေးသွင်းခြင်း
ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန်လိုသည်။ ကြက်သွန်နီရေငတ်ပါက အရွက်များပြာ မှိုင်းပြီး နွမ်းခွေလာသည်။မြေအလွန်ခြောက်အောင်ထားပြီး ရေသွင်းက ကြက်သွန်အခွံ အက်ကွဲတတ်သည်။ ပုံမှန်အားဖြင့် တစ်ပတ် လျှင် တစ်ကြိမ်ရေသွင်းရသည်။ ရာသီပူပြင်းပါက (၄ -၅) ရက်ခြားတစ်ကြိမ် ရေသွင်းရန်လိုသည်။ အရွက်များစတင်ကျလာချိန်တွင် ရေသွင်းခြင်းကို ရပ်လိုက်ရမည်။ မြေအစိုဓာတ် အနည်းအများပေါ် မူတည်ပြီး ရေသွင်းချိန် (၅) ကြိမ်မှ (၈)ကြိမ်ထိ ရှိပါမည်။
ပိုးမွှားရောဂါ
(က) လှေးပိုးနှင့် ပျပိုး ။ ပင်လုံးပြန့်အာနိသင်ရှိသော ဒိုင်ယာဇီနွန်ပါရာသီယွန် စသည့် ပိုးသတ်ဆေးများဖြင့် ကာကွယ်နှမ်နင်းပါ။
(ခ) ခါးရိရောဂါ ။ ပျိုးခင်းတွင် ဖြစ်သော ခါးရိရောဂါကို ကာကွယ်ရန် ပျိုးခင်းတွင် အစိုဓာတ်လွန်ကဲခြင်းမရှိစေရန်နှင့် ပျိုးခင်းတွင် အစို ဓာတ်လွန်ကဲခြင်း မရှိစေရန်နှင့် ပျိုးပင်များထူးတပ်စွာ ပေါက်ခြင်းမရှိစေရန် ဆောင်ရွက်ပါ။ မျိုးစေ့များအား ဟိုမိုင်း (၅) ဂရမ် ထည့်ဖျော် ထားသော၊ ရေ (၁၀၀၀) လီတာတွင် စိမ်ပြီး လေသလပ်ခံ၍စိုက်ပါ။ ပျိုးခင်းအား ဖော်မင်ဒီဟိုက် (၀.၅) ပေါင်ကို ရေ(၄) ဂါလံနှင့်ရော၍ မြေအကျယ် (၃၀၀) စတုရန်းပေအတွက် ဆေးရည် (၄၀ – ၄၈) ပေါင်နှုန်း ပက်ဖျန်းပြီးမှ စိုက်ပါ။
ဇိနက်၊ ပက်ရီနော့ဆေး ( ၂ – ၃) ပေါင်ကို ရေ (၁၀၀) ဂါလန်နှင့် ဖော်၍ ပင်ခြေရင်းပိုင်းများကို ပက်ဖျန်းပေးပါ။
တောက်တဲ့မြီရောဂါ ။ စိုက်ခင်းတွင် ဆိုးဝါးစွာ ကျရောက်တတ်သည်။ မိုးအုံ့ပြီး လေထုတွင် စိုထိုင်းဆများပါက ရောဂါဖြစ်ပွားမှုမြန် ပါသည်။ ဒိုင်ကိုနေးလ်၊ ဒိုင်သိန်း၊ ရီဒိုမေးလ်၊ မှိုသတ်ဆေးများကို ရေ (၄) ဂါလန်တွင် (၃၀) ဂရမ်နှုန်းဖြင့် ဖျော်စပ်ပြီး (၁) ဧကလျှင် ဆေး (၂-၃) ကီလိုနှုန်းဖြင့် အပတ်စဉ်ကာကွယ်ရန် လိုအပ်ပါသည်။
အထွက်နှုန်း
ပျမ်းမျှတစ်ဧကလျှင် ပိဿာ (၃၀၀၀ – ၅၀၀၀) ထိ ထွက်နိုင်သည်။
ရိတ်သိမ်းခြင်း
အမြိတ်စားအတွက် စိုက်ပါက ကြက်သွန်ဥငယ်စဉ် ခဲတံလုံးခန့် အရွယ်ရှိလျှင် လက်ဖြင့်ဆွဲနုတ်ယူနိုင်သည်။ တစ်နည်းအားဖြင့် ကြက် သွန်မိတ် (၁) ပိဿလျှင် အရွက်(၃၅) ကျပ်သား၊ ဥအလေးချိန် (၆၅) ကျပ်သားရှိပါက ကြက်သွန်မိတ်အဖြစ် နုတ်ရောင်းနိုင်သည်။ ဥကြီးအတွက် ရိတ်သိမ်းပါက အရွက်၏ (၁၅ – ၁၆) ရာခိုင်နှုန်း ခြောက်လာလျှင် လက်ဖြင့် ဆွဲနုတ်ရိတ်သိမ်းနိုင်သည်။ အရွက်များ အား လုံးခြောက်မှ ရိတ်သိမ်းက ကြက်သွန်ဥသည် အမြစ်ထွက်လာ၍ လက်ဖြင်နုတ်ယူရန် မလွယ်ကူတော့ချေ။ အမြစ်များတာကြောင့် ရောင်းတန်းလည်းမလှပေ။ ဥများကို နုတ်ပြီးလျှင် ပြီချင်း အရွက်ကို မဖြတ်ဘဲ တစ်ပတ်ခန့် အရိပ်အောက်တွင်ထားပြီးမှ (၂) လက်မ ချန်ပြီး ဖြတ်ရမည်။
Source by – လယ်/ ဆည်
The post ကြက်သွန်နီ အပင်ပြုစုခြင်း နှင့် ကျရောက်တတ်သောပိုးမွှားရောဂါများ appeared first on Myanmar Farmers' Portal.