မူရင်းဒေသ
အာရှတိုက်တောင်ပိုင်းတွင် စတင်ပေါက်ရောက်သည်ဟု ယူဆပါသည်။
အမျိုးအစား
သခွားတွင် အစိမ်းစားနှင့် အမှည့်စားဟူ၍ နှစ်မျိုးရှိပြီး အစိမ်းစားမျိုးတွင်
(က) ဆင်ချေးတုံး- ဤသခွားမျိုးသည် ပုအိုင့်၍ အမြှောင်းမြှောင်းထနေသဖြင့် ရွှေဖရုံသီးနှင့်တူသည်။
(ခ) သခွားကြား- ဤသခွားသည် တစ်တောင်ခန့်ရှည်၍ အဖြူနှင့် အစိမ်းရောင်ကြားရှိသည်။ အလုံးအတုတ် မှာ လက်ကောက်ဝတ်ခန့်မှ လက်မောင်းအထိ တုတ်သည်။
(ဂ) ဆတ်တွန့်သခွား- ဤသခွားသည် ကျွတ်သည်။ ဆတ်သည်။ အနည်းငယ် အသားကြမ်း၍ သခွားသီးဧ။် အရောင်မှာ အဖြူဖြစ်ပြီး ဆင်စွယ်ကဲ့သို့ ကောက်ကွေးနေသည်။
(ဃ) သခွားချဉ်- ဤသခွားသည် အသီးရှည်၍ အရသာချဉ်စည်။ ၎င်းသည် အအေးဓာတ်ကို ကြိုက်သဖြင့် တောင်ပေါ်ဒေသတွင် ပိုမို ဖြစ်ထွန်းသည်။
(င) ချဉ်ဖတ်သခွား- ဤသခွားသည် အသီးအရှည်(၇) စင်တီမီတာတွင် ခူး၍ ချဉ်ဖတ်ထည့်သောမျိုးများ (Amira, Tokiwa) ဖြစ်သည်။
သခွားကို အုပ်စု (၃) စုခွဲထားသည်။
(၁) မိုးသခွား အပူဒဏ်ခံနိုင်သည်။ ကိုင်းထွက်ရန် လွယ်ကူသည်။ အသီးများသည် ကိုင်းများတွင် သီးသည်၊ ကိုင်းသေးသည်။ အဆစ်ကြားရှည်သည်။ အရွက်ရှည်သည်။ အရွက်ရဲ့ အလျားသည် အနံထက်ပိုရှည်သည်။အမြစ်ဖွဲ့စည်းပုံသေးသောကြောင့် ရွေ့ပြောင်း ရန်ခက်ခဲသည်။ အသီးသေးသွယ်သည် အရွက်ချောသည်။
(၂) ဆောင်းသခွား – အအေးဒဏ်ခံနိုင်သည်။ ကိုင်းထွက်မှုနည်းသည်။ အသီးများသည် ပင်မကိုင်းမှ ထွက်သည်။ ပင်မကိုင်းသည် တုတ်သည်။ ဆစ်ကြားတိုသည်။ အရွက်များသည် အနံထက် အလျားပိုရှည်သည်။ ပြောင်းရွေ့လွယ်ကူသည်။ အသီးများသည် တိုတုတ် သည်။ အရွက်ကြမ်းသည်။
(၃) စပ်မျိုးများ- အမမျိုးလိုင်းများကြားတွင် အဖိုမျိုးလိုင်း(၂) တန်၊ (၃) တန်ခြား၍ စိုက်ပျိုးနိုင်၍ စပ်မျိုးများ ထုတ်လုပ်ခြင်း ဖြစ်သည်။
အမှည့်စားမျိုးတွင်
(၁) ကျောက်သခွားလေး- ဤသခွားပုံသဏ္ဍန်မှာ လုံးသည်။ မှည့်သောအခါ ၀ါထိန်၍ နေသည်။
(၂) ကျောက်သခွားကြီး- ဤသခွားမှာ အရွယ်အစားများစွာကြီးသည်။ နုစဉ်အခါတွင် အစိမ်းရောင် ရှိ၍ ခါးသည်။ မှည့်သောအခါ ၀ါဝင်းလာသည်။ အခွံမှာ ချောမွတ်မနေဘဲ အနည်းငယ်ပြုပ်ထနေသည်။အသား ကြမ်းသည်။
စိုက်ပျိုးသည့်ဒေသ
မလေးရှား၊ အင်ဒိုနီးရှား၊ အရှေ့နှင့် အနောက်အာဖရိက၊ ဖိလစ်ပိုင်နှင့် အပူပိုင်းသမဒေသများ၊ မြန်မာပြည် အနှံ့အပြားစိုက်သည်။
ရေမြေရာသီဥတု
သခွားသည် သဲဆန်သောသဲမြေမှ စနယ်မြေစေးအထိ မြေအမျိုးမျိုးတွင်စိုက်ပျိုးဖြစ်ထွန်းသော်လည်း နုန်းမြေ၊သဲနုန်းမြေနှင့် နုန်းစနယ်မြေ နေရာတွင် ရေမ၀ပ်စေဘဲ ရေစီးရေလာကောင်းသော နေရာများတွင် ပိုမိုဖြစ်ထွန်း နိုင်ပါသည်။ သခွားမျိုးများသည် မြေချဉ်ငံဓာတ် pH (၅.၅) မှ (၆.၅) အတွင်း ပိုမိုဖြစ်ထွန်းနိုင်ပါသည်။
သခွားသည် ပူနွေးသောရာသီတွင် ပိုမိုဖြစ်ထွန်းပြီး ၊ ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပေ။ သခွားပင်များသည် (၁၁) ဒီဂရီစင်တီဂရိတ်တွင် အပင်မပေါက်နိုင်ပေ။ သခွားပင်များသည် အပူချိန် (၁၈) ဒီဂရီစင်တီဂရိတ်မှ (၂၄) ဒီဂရီစင်တီဂရိတ်အတွင်းမှာသာ ပိုမိုဖြစ်ထွန်းနိုင်ပါ သည်။ မိုးများပြီး စိုထိုင်းစများသောနေရာများတွင် စိုက်ပျိုးပါက အပင်များ ရောဂါကျလွယ်သည်။ ထို့ကြောင့် နေရာင်ခြည်ကောင်းစွာရရှိပြီး စိုထိုင်းစနည်းသော အရပ်တွင် သခွားစိုက်ပျိုးရန် သင့်လျှော်ပါသည်။
မြေပြုပြင်ခြင်း
ထယ်တစ်စပ်ထိုးပေးပြီးနောက် ထွန်ဖြင့်(၆) စပ်မှ (၈) စပ်အထိ ထွန်မွှေပေးရန် လိုအပ်ပါသည်။မိုးရွာလျှင် ရေမ၀ပ်စေရန် ရေနှုတ်မြောင်း များလည်း ဖောက်ပေးရမည်။ ထယ်ရေးညက်ပါက စိုက်ဘောင်များ (သို့မဟုတ်) စိုက်ကျင်းများြ့ပုလုပ်စိုက်ပျိုးနိုင်ပါသည်။
မြေသြဇာကျွေးခြင်း
နွားချေးမြေသြဇာကို တစ်ဧကလျှင် လှည်း (၁၀) စီးမှ (၁၅) စီး အထိထည့်ပေးပါ။ နွားချေးမြေသြဇာကို စိုက်ဘောင်ပြုလုပ်ရာတွင် မြေကြီး နှင့် ရောစပ်သမအောင် မွှေပေးပါ။ သခွားစိုက်ပျိုးရန်အတွက် ယူရီးယား ဓာတ်မြေသြဇာ (၂၂၄) ပေါင်မှ (၃၃၆)ပေါင်၊ တီစူပါ (၂၂၄) ပေါင်မှ (၃၃၆) ပေါင်ထိ ထည့်ပေးပါ။
စိုက်ပျိုးနည်း
သခွားစိုက်ရန် အလျားပေ(၃၀)၊ အနံ(၃) ပေရှိ စိုက်ဘောင်များ ပြုလုပ်ပေးရမည်။ ဘောင်ပေါ်တွင် တစ်တန်းနှင့် တစ်တန်း (၁.၅) ပေနှင့် တစ်ပင် (၁.၅) ပေခွာပြီး သခွာစေ့များကို စိုက်ပျိုးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် သလွားစေ့ (၃-၄) စေ့ ထည့်ပေးပြီးအပင်များ ပေါက်လာ ၍ အရွက်(၂) ရွက်၊ (၃) ရွက်ထွက်လာပါက တစ်ကျင်းလျှင် တစ်ပင်သာချန်ပြီး မှုန်းပေးပါ။ အပင်ကလေးများ တက်နိုင်ရန် (၅) ပေ၊ (၆) ပေရှိသော ၀ါးခြမ်းများထောင်ပေပးရမည်။ သခွားကို မိုးဦး မေလနှင့် ဇွန်လ ဆောင်းတွင်း အောက်တိုဘာလတွင် စိုက်ပျိုး နိုင်သည်။
တစ်ဧကမျိုးစေ့နှုန်း
တစ်ဧကလျှင် သခွားမျိုးစေ့ (၂၀၀) ဂရမ် မှ (၃၀၀) ဂရမ် အထိ ထည့်သွင်းစိုက်ပျိုးရန် ဖြစ်ပါသည်။ တစ်ဧလျှင် အပင်ရေ (၁၉၀၀၀) ထက်မနည်း ရှိရပါမည်။
ရေသွင်းနည်း
သခွားကို မိုးတွင်းတွင် စိုက်ပါက ရေသွင်းပေးရန် မလိုသော်လည်း၊ ဆောင်းစိုက်များအတွက် စိုက်ချိန်တွင် တစ်ကြိမ်နှင့် အစိုဓာတ် အခြေအနေအရ ထပ်မံ၍ လိုအပ်ပါက ရေ(၂) ကြိမ်မှ (၄) ကြိမ်အထိ ပေးရန်လိုပါ သည်။
အပင်ပြုစုနည်း
သခွားစိုက်ပြီး (၁၅) ရက်မှ (၂၀) ရက်အတွင်း ပေါင်းတစ်ကြိမ် လိုက်ပေးရပါမည်။ သခွားသက်တမ်းတစ်လျှောက်တွင် ပေါင်းအခြေအနေ အရ (၂)ကြိမ်၊ (၃) ကြိမ် ပေါင်းလိုက်ပေးရပါမည်။ အပင်ကလေးများ ခါးကြပ်နေပါက အပင်ခြေရင်းကို မြေဆွပေးပြီးနောက် မြေတောင်မြှေက်ပေးရပေမည်။
အသီးဆွတ်ခူးနည်း
သက်လတ်၊ သက်ကြီး၊ သက်လျင်မျိုးများတွင် (၄၅) ရက်မှ စ၍းလည်းကောင်း၊ သခွားသီးများ စတင်ဆွတ်ခူး နိုင်ပါသည်။ ရင့်မှည့်သော သခွားသီးများကို ဆွတ်ခူးရန် အရေးကြီးပါသည်။ နုသောသခွားသီးများကို ဆွတ်ခူးပါက အစိုဓာတ်များဧ။်။ သခွားသီးမှည့်ပါက အသီးအောက်ခြေရှိ အညှာအက်ကွဲလာသည်။
အထွက်နှုန်း
သခွားအထွက်နှုန်းသည် ရေ၊ မြေ၊ ရာသီဥတု၊ အပင်ပြုစုမှုအပေါ် မူတည်နေပါသည်။ သခွားတစ်ဧကလျှင် ကီလိုဂရမ် (၄၀၀၀) မှ (၅၀၀၀) အထိ ထွက်နိုင်ပါသည်။
မျိုးထုတ်လုပ်နည်း
ရင့်မှည့်၍ ရောဂါကင်းသော သခွားသီးကို ရွေးချယ်ပြီးလျှင် သခွားသီးကို ဓားဖြင့်ခွဲ၍ အတွင်းမှ အစေ့များကို ထုတ်ယူပြီး ၊ လေလုံသော ဘူးတွင်ထည့်၍ တစ်ညထားရမည် ဖြစ်ပေသည်။ ဤကဲ့သို့ ထားခြင်ဖြင့် အစေ့တွင် ကပ်နေသောအချွဲများ၊ အချဉ်ဓာတ်ပေါက်ပြီး ပျက်စီးသွားမည်ဖြစ်ပါသည်။ ၎င်းအစေ့များကို ရေဆေးပြီး နေ(၂) နေ၊ (၃) နေလှမ်း၍ လုံခြုံသောဘူးတွင် ထည့်ထားရန် လိုအပ်ပါသည်။
သိုလှောင်နည်း
သခွားသီးများကို (၀) ဒီဂရီစင်တီဂရိတ် (၁) ဒီဂရီစင်တီဂရိတ်၊ အခန်းတွင်း စိုထိုင်းစ(၉၀%) ပေးထားလျှင် တစ်ပတ်ခန့် သိုလှောင် ထားနိုင်မည် ဖြစ်ပါသည်။
သတိပြုရန်အချက်များ
(၁) သခွားပင်တွင် ကျရောက်သော ကျိုင်းကောင်များကို ထိရောက်စွာ နှိမ်နှင်းရန် လိုပါသည်။ ထိရောက်စွာ မနှိမ်နှင်းပါက အပင်ငယ်များ ပျက်စီးနိုင်ပါသည်။
(၂) သခွားပင်များအား ဒီဒီတီ၊ ဘီအိပ်ခ်ျစီ၊ အင်ဒရေးဆေးများ မပက်ဖျန်းသင့်ပေ။ ပက်ဖျန်းပါက အရွက်များ လောင်ကျွမ်း ပျက်စီးမည့် ဖြစ်သည်။
(၃) သခွားသီးများ ရင်မှည့်မှ ခူးရန်လိုပါသည်။ နုစဉ်ခူးပါက အခါးဓာတ်များသည်။
Source by – ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း
The post သခွားသီးစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.