ကော်ဖီ – ရာသီသီးနှံဌာနခွဲ
ဆေးဖက်ဝင်မှို (လင်ဇီး) စိုက်ပျိုးနည်း
မှိုစိုက်ပျိုးနည်း
၁။မှိုထုပ်များကို လေဝင်လေထွက်ရရှိ၍ တိုက်ရိုက်နေမပူသောနေရာတွင် ထားပါ။ အပူရှိန် ( ၂၄ံ – ၃၀ံ) စင်တီဂရိတ်ရှိရမည်။
၂။မှိုထုပ်ကို စင်များပေါ်တွင် ထောင်၍သော်လည်းကောင်း လှဲ၍သော်လည်းကောင်း မြေတွင်ထောင်၍ လည်းကောင်း ၊ စိုက်ပျိုးနိုင် ပါသည်။
မှိုထုပ်ထိပ်ဝရှိ ဂွမ်းကိုမဖြုတ်ဘဲ နေ့စဉ်ရေဖြန်းကရားဖြင့် (၁) ကြိမ်မှ (၂) ကြိမ် ရေလောင်းပေးရသည်။
စိုက်ခန်းတွင် စိုထိုင်းဆ (၈၀ × မှ ၉၀ × ) ရှိရမည်။
၃။အစိုဓါတ်ကောင်းမွန်စွာရရှိရန် စိုက်ခင်း၏ ကြမ်းပြင်တွင် သဲ(သို့မဟုတ်) စက်ဖွဲပြာခင်းထားပေးရမည်။
၎။ ရေစတင်လောင်းသည်မှ (၂) ပတ်ခန့်အကြာတွင် မှိုထုပ်အဝ တွင်ရှိ ဂွမ်းမှ မှိုသန္ဓေခဲ စတင်ထွက်ရှိသည်မှ ရက်(၂၀) ခန့်အကြာတွင် ဆွတ်ခူးနိုင်သည့်အဆင့်သို့ရောက်ရှိပြီး မှိုဆွတ်ခူးရာတွင် မှိုပွင့်ရိုးတံအရင်းမှ ဒါး (သို့မဟုတ်) ကပ်ကျေးဖြင့် လှီးဖြတ်ဆွတ်ခူးရမည်။
၅။ပထမအကြိမ် ဆွတ်ခူးပြီး မှိုထပ်များကို (၇) ရက်ခန့်ရေမလောင်းဘဲထားရမည်။ ထိုရက်အတွင်း လှီးဖြတ်ထားသော မှိုရိုးတံ မျက်နှာ ပြင်မှ မှိုသန္ဓေခဲအသစ် ထွက်ရှိမည်ဖြစ်ပါသည်။
၆။ဤနည်းအတိုင်း မှိုထုပ်ကို အနည်းဆုံး (၅ လမှ ၆ လ)ကြာသည်အထိ (၇-၈)ကြိမ် ဆွတ်ခူးနိုင်ပါသည်။
၇။(၃-၄)ကြိမ် ဆွတ်ခူးပြီးသောမှိုထုပ်များကို ပလပ်စတစ်အိတ်များခွာ၍ မြေကြီးတွင် မြုပ်ကာ ရေလောင်းပေးခြင်း အားဖြင့် မှိုပွင့်ထပ်မံ ထွက်ရှိလာနိုင်ပါသည်။
၈။နေရောင်ခြည်ဖြင့် အခြောက်ခံပါက နေပြင်းပြင်းတွင် (၃) ရက်ခန့် အခြောက်ခံရမည်ဖြစ်ပါသည်။အခြောက်ခံ စက်ဖြင့် အခြောက် ခံပါက လေဝင်လေထွက်ရရှိသော အခြောက်ခံကိရိယာတွင် အပူချိန် (၄၅ံ – ၅၀ံ) စင်တီဂရိတ် တွင် ၁၄ နာရီကြာမျှ အခြောက်ခံရပါမည်။
၉။ ဆေးဖက်ဝင်အာနိသင်
အာရုံကြောသေခြင်း ၊အကြောသေခြင်း ၊ ရင်ကျပ်ပန်းနာ ၊ ရင်ဆို့နာ ၊ နှလုံးသွေးခဲခြင်း ၊ သွေးတိုးရောဂါ ၊အသည်းရောဂါတီပိုး ၊ကင်ဆာ ရောဂါ ၊ ကျောက်ကပ်ရောင် ၊ အစာအိမ် ၊ အူသိမအနာရောဂါ ၊ မှိုအဆိပ် သင့်ခြင်း စသည့်ရောဂါများကို ကာကွယ်ပျောက်ကင်းစေပါသည်။
၁၀။သုံးစွဲနည်း
မှိုအခြောက် (၁၀) ဂရမ်ကို ရေနွေး ၁ လီတာတွင် ထည့်၍ တစ်ညတာနှပ်ထားပြီး နောက်တစ်ရက်တွင် သောက်သုံးရပါသည်။ ရေနွေး ၁လီတာ ကုန်ခမ်းသွားပါက မူလ မှိုအခြောက်အဖတ်များကို ဖယ်ရှားခြင်း မပြုဘဲ နောက်ထပ်ရေနွေး ၁ လီတာ ထပ်ထဲ့၍ နှပ်ထားပြီး ဆက်လက် သုံးစွဲနိုင်ပါသည်။ ဤနည်းအတိုင်း (၃) ကြိမ်ခန့် သုံးစွဲပြီးပါက မူလမှိုအခြောက်အဖတ်များကို ဖယ်ရှားခြင်းမပြုဘဲ မှိုအခြောက် အဖတ် (၁၀) ဂရမ် ထပ်မံထည့်ပြီး အထက်ပါနည်းအတိုင်း ဆက်လက်သုံးစွဲနိုင်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ဆေးဘက်ဝင်မှို(လင်ဇီး)စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.