အသုံးပြုသင့်သည် အိုးအရွယ်အစားများ ရွေးချယ်အသုံးပြုခြင်း
ရွက်လှပင်များကို အိုးများဖြင့် စိုက်ပျိုးလိုပါက အပင်အရွယ်အစားနှင့် သက်တမ်းကို ကြည့်၍ အပင်ငယ်များကို အိုးအငယ်အားဖြင့် လည်းကောင်း၊ အပင်ကြီးများကို အိုးအရွယ်အစား အကြီးများအဖြင့်လည်းကောင်း၊ စနစ်တကျ အသုံးပြုစိုက်ပျိုးရန်လိုအပ်ပါသည်။ ပန်းအိုးများ၏ အရွယ်အစားအတိုင်းအတာကို တိုင်းတာရာတွင် ပန်းအိုးများ၏ ထိပ်ဝအချင်းအတိုင်းအတာကို တိုင်းတာ၍ သတ်မှတ် ပါသည်။
ပြည်တွင်းမှ ထုတ်လုပ်သော အိုးများ၏ အရွယ်အစားများကို အောက်ပါအတိုင်း ခွဲခြားထားနိုင်ပါသည်။
(၂) မြေဆီသြဇာ လိုအပ်ချက်
ရွက်လှပင်များကို စိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်များကွဲပြားသည်နှင့်အမျှ ယင်းတို့နှင့် သင့်တင့် လျှောက်ပတ်သော မြေဆီသြဇာ (Compost) များကို အချိုးအဆ ညီမျှစွာ ရောစပ်အသုံးပြုရန် လိုအပ်ပါသည်။
အိုးများနှင့်စိုက်ပျိုးသော အပင်များအတွက် အိုးအရွယ်အစားအလိုက် ရောစပ်အသုံးပြုရမည့်မြေဆီသြဇာကို အောက်ပါနှုန်းထားများ အတိုင်းရောစပ်အသုံးပြုရန် ဖြစ်ပါသည်။
(က) ကိုင်းဖြတ်ပြီး ပျိုးကိုင်းများအဖြစ် အလွယ်တကူ ဖောက်ရန်အတွက် ရောစပ်အသုံးပြုရမည့် မြေဆီသြဇာအချိုးအဆမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
(၁) အပေါ်ယံ မြေသား (၇) တောင်း (တင်းတောင်း)
(၂) သဘာဝ မြေဆွေး (နွားချေး၊ မြင်းချေး) (၃) တောင်း (တင်းတောင်း)
(၃) သဲကြမ်း (၂) တောင်း (တင်းတောင်း)
(၄) မဖေါက်ထုံး (၂/၃) ဗူး (နို့ဆီဗူး)
(၅) ဓာတ်မြေသြဇာအရော (၃ ၂/၃) ဗူး ( နို့ဆီဗူး)
( အရိုးမှုန့် ၂ ဆ၊ တီစူပါ ၂ ဆ၊ ပိုတက်ရှ် ၁ဆ)
(ခ) ၃ လက်မနှင့် ၃လက်မ အောက်ငယ်သော အိုးများဖြင့် စိုက်ပျိုးလိုသောရွက်လှပင်များအတွက် အသုံးပြုရမည့် မြေဆီသြဇာ
(၁) အပေါ်ယံ မြေသား (၇) တောင်း (တင်းတောင်း)
(၂) သဘာဝမြေဆွေး (နွားချေး၊ မြင်းချေး) (၃) တောင်း (တင်းတောင်း)
(၃) သဲကြမ်း (၂) တောင်း (တင်းတောင်း)
(၄) မဖောက်ထုံး (၂) ဗူး (နို့ဆီဗူး)
(အရိုးမှုန့် ၂ဆ၊ တီစူပါ ၂ဆ၊ ပိုတက်ရှ် ၁ဆ)
အထက်ဖော်ပြပါ မြေဆီသြဇာမှာ အမြစ်ပေါက်ပြီးသား rooted plants ရွက်လှကိုင်းများ ပြောင်းရွှေ့စိုက်ပျိုးရာတွင် ရောစပ်အသုံးပြုနိုင် သည့် မြေဆီသြဇာ ဖြစ်သည်။
(ဂ) ၄ လက်မမှ ၁၀ လက်မအထိ အသုံးပြု စိုက်ပျိုးလိုသည့် ရွက်လှအိုးများအတွက် အသုံးပြုရမည့် မြေဆီသြဇာ –
(၁) အပေါ်ယံ မြေသား (၇) တောင်း (တင်းတောင်း)
(၂) သဘာဝ မြေဆွေး (နွားချေး၊ မြင်းချေး) (၃) တောင်း (တင်းတောင်း)
(၃) သဲကြမ်း (၂) တောင်း (တင်းတောင်း)
(၄) မဖောက်ထုံး (၂ ၁/၂) ဗူး (နို့ဆီဗူး)
(၅) ဓာတ်မြေသြဇာအရော (၁၂) ဗူး (နို့ဆီဗူး)
(အရိုးမှုန့် ၂ဆ၊ တီစူပါ ၂ဆ၊ ပိုတက်ရှ် ၁ဆ)
ယင်းမြေဆီသြဇာသည် အိုးငယ်များဖြင့် စိုက်ပျိုးထားသော ရွက်လှပင်များ အိုးကြပ် (pot bound plant ) သောအခါ မူလအိုး ထက်ကြီးသော အိုးများသို့ ပြောင်းရွေ့စိုက်ပျိုးသည့်အခါ အသုံးပြုရမည့် မြေဆီသြဇာ ဖြစ်ပါသည်။
ယင်းကဲ့သို့ ပင်အိုးစိုက်ပင်များအား မြေချစိုက်ပျိုးရာတွင် စိုက်ကျင်းထဲသို့ ထည့်သွင်းအသုံးပြုရမည့် မြေဆီသြဇာ အဖြစ် အသုံးပြု ရန်ဖြစ်သည်။
(ဃ) ၁၀ လက်မမှ အထက်အိုးများဖြင့် ပြောင်းရွှေ့စိုက်ပျိုးလိုသော အပင်များအတွက် အသုံးပြုရမည့် မြေဆီသြဇာ-
(၁) အပေါ်ယံမြေသား (၇)တောင်း (တင်းတောင်း)
(၂)သဘာဝမြေဆွေး(နွားချေး ၊မြင်းချေး) (၃)တောင်း (တင်းတောင်း)
(၃)သဲကြမ်း (၂)တောင်း (တင်းတောင်း)
(၄)မဖောက်ထုံး (၃ ၁/၂)ဗူး (နို့ဆီဗူး)
(၅) ဓာတ်မြေသြဇာအရော (၁၆) ဗူး (နို့ဆီဗူး)
(အရိုးမှုန့် ၂ ဆ ၊ တီစူပါ ၂ ဆ ၊ ပိုတက်ရှ် ၁ဆ)
ယင်းသို့ အိုးအရွယ်အစားနှင့် အပင်အရွယ်အစား အလိုက်အသုံးပြုရမည့် မြေဆီသြဇာကိုမျှတစွာ အသုံးပြုခြင်း ဖြင့် အရောင်အသွေး လှပခြင်းနှင့် အပင်၏ အရွယ်အစား ပုံမှန်ကြီးထွားခြင်း တို့ကိုဖြစ်စေနိုင်ပါသည်။
အထက်ဖော်ပြပါ စနစ်တကျ ရောစပ်အသုံးပြုထားသည့် မြေဆီသြဇာကို အိုးအတွင်းထည့်သွင်းအသုံးပြုသည်မှ (၆) လအတွင်း မည့် သည့်ဓာတ်မြေသြဇာ ၊ သဘာဝမြေသြဇာများ ထပ်မံထည့်ပေးရန်မလိုပါ။နောက်ပိုင်းရွက်လှ ပင်၏ရှင်သန်ကြီးထွားမှုကိုကြည့်ပြီး ၂ လလျှင်တစ်ကြိမ် ၊ နွားချေး သို့မဟုတ် ကြက်ချေးမြေသြဇာ နို့ဆီဗူး ၁/၄ ဗူးခန့်ကို အိုးအတွင်းရှိ မြေဆီသြဇာများနှင့်သမ၍ ထည့်ပေးရန်လိုအပ်ပါသည်။
ထို့အပြင် အရောင်အသွေး လှပကောင်းမွန်လာစေရန် တလတကြိမ် ရေ (၄)ဂါလံကို ယူရီးယား ပရုပ်ဆီဗူး (၁) လုံးခန့်ထည့်၍ ရရှိ လာသည့် ယူရီးယားအရည်ကို အရွက်များသို့ ပက်ဖျန်းပေးရန် လိုအပ်ပါသည်။
မိမိစိုက်ပျိုးလိုသော အပင်များနှင့် အိုးအရွယ်အစားကို စနစ်တကျ ရွေးချယ် စိုက်ပျိုးရန် လိုအပ်ခြင်းမှာ အပင်၏ သက်တမ်း ၊အရွယ်အစား အလိုက် ရေဝပ်ခြင်းမှ ရှောင်ရှားခြင်း ၊ အပင်အရွယ်အစားနှင့်သင့်လျော်သော မြေဆီ သြဇာ လိုအပ်မှုအနည်းအနည်းအများ မဖြစ် ပေါ်နိုင်ခြင်း ၊ အပင်အရွယ်အစားနှင့် အိုးအရွယ်အစား မျှတမှုရှိသ ဖြင့် လိုအပ်သည့် ပန်းအိုး အလှပြင်ဆင်နိုင်ခြင်း စသော အကျိုးကျေးဇူး များကို ရရှိမည်ဖြစ်ပါသည်။
မြေတွင် ချစိုက်မည့် ရွက်လှပင်များအတွက် အိုးအရွယ်အစား ရွေးချယ် သတ်မှတ်ပေးရန် မလိုသော်လည်း စိုက်ကျင်းများ တူးဖော်ရာတွင် အပင်ငယ်များအတွက် (၁) ပေပတ်လည် (၁)ပေအနက် စိုက်ကျင်းများဖြင့်လည်း ကောင်း ၊အပင်လတ်များအား (၂)ပေ ပတ်လည် (၂) ပေအနက် စိုက်ကျင်းများဖြင့်လည်းကောင်း ၊အပင်ကြီးများ အား(၃) ပေပတ်လည် (၃) ပေအနက် စိုက်ကျင်းများတူးဖော်၍ စိုက်ပျိုးမည့် အပင်နှင့် စိုက်ကျင်းများ မျှတမှုရှိစေ ရန်စီစဉ်စိုက်ပျိုးရန်ဖြစ်ပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ရွက်လှပင် စိုက်ပျိုးရန်အတွက် အသုံးပြုသင့်သည့် အိုးအရွယ်အစားနှင့် မြေဆီသြဇာလိုအပ်ချက် appeared first on Myanmar Farmers' Portal.