စပါးကို ရိတ်သိမ်းပြီးသည်နှင့် စပါးစေ့များကို စပါးနှံမှ ခြွေချရပါမည်။ ဤလုပ်ငန်းစဉ်ကို စပါးစေ့ခြွေခြင်းဟုခေါ်သည်။ ရိတ်သိမ်းပြီးစပါးကို ချက်ချင်းအစေ့ခြွေရန် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် စပါးရိတ်သိမ်းခြင်းနှင့် စပါးစေ့ခြွေခြင်းအကြားနှောင့်နှေးပါက ဆုံးရှုံး မှုများကို ဖြစ်စေသည်။ စပါးရိတ်သိမ်းခြင်းနှင့် စပါးစေ့ခြွေခြင်းအကြား နှောင့်နှေးခြင်းသည် စပါးစေ့များ ပျက်စီးခြင်းနှင့် စပါးစေ့အကြွေ မြန်ပြီး ပြန့်ကျဲခြင်းတို့ကိုလည်း ဖြစ်စေသည်။ စပါးခင်းထဲတွင် ရိတ်သိမ်းထားသောစပါးကို အချိန်အကြာကြီးထားပါက အပူကိုတိုးမြင့် စေရန် မှိုများ၊ ရောဂါများနှင့် အင်းဆက်များအတွက် နေရာကို ဖန်တီးပေးရာလည်းရောက်သည်။ ရိတ်သိမ်းပြီးစပါးကို ရက်အတော် ကြာကြာပုံထားခြင်းသည် စပါးအရောင်ပျက်ခြင်းနှင့် စပါးစေ့ အညှောင့်ပေါက်ခြင်းတို့မှ တစ်ဆင့် ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေသည်။
ဖြစ်ရပ်အများစုတွင် စပါးကို အစေ့မခြွေမီ ရိတ်သိမ်းထားသော စပါးစည်း (ကောက်လှိုင်း) များကို ရွှေ့ဖို့လိုအပ်သည်။ ယေဘုယအားဖြင့် စပါးကောက်လှိုင်းများကို စပါးခင်းတစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ရပါမည်။ ဖြစ်ရပ်အနည်းစုတွင် စပါးအစေ့ခြွေခြင်းကို စပါးခင်းနှင့် အဝေးတွင် အကုန်အစင်လုပ်နိုင်ပါသည်။ စပါးအရည်အသွေးဆုံးရှုံးမှုများနှင့် ပျက်စီးခြင်းများကို ရှောင်ရှားရန်အလို့ငှာ စပါးရိတ်သိမ်း သည့်နေရာနှင့် စပါးစေ့ခြွေလှေ့သည့် အကွာအဝေးကို အနီးဆုံးထားပါ။
လက်အားဖြင့် စပါးစေ့ခြွေခြင်း
စပါးစေ့ခြွေခြင်းကို ရိတ်သိမ်းပြီး ကောက်လှိုင်းကို လက်အားဖြင့် ရိုက်ခြင်းသို့မဟုတ် ခြေထောက်များဖြင့် နင်းခြေခြင်း သို့မဟုတ် မာကျောသော မျက်နှာပြင်ဖြင့် ရိတ်သိမ်းပြီး စပါးနှံများတို့ ပွတ်တိုက်ခြင်းတို့ဖြင့် ပြုလုပ်နိုင်သည်။ ဤနည်းလမ်းအားလုံးသည် စပါးနှံများ စပါးစေ့များကို ကြွေကျစေသည်။ အခြားတစ်နည်းမှာ စပါးစေ့ခြွေခြင်းအား စက်အမျိုးမျိုးအသုံးပြု၍ စက်အားဖြင့်လည်း ပြုလုပ်နိုင်သည်။
စပါးစေ့အားခြေဖြင့်ခြွေခြင်း သို့မဟုတ် နင်းခြင်း
တလင်းပြင်တွင် ဖြန့်ကျဲထားသော စပါးနှံများပေါ်သို့ သင်၏ ခြေထောက်ဖြင့်လည်းကောင်း၊ တိရစ္ဆာန်ခွာဖြင့် လည်းကောင်း နင်းနိုင်သည်။ ဤနည်းလမ်းသည် ငြီးငွေ့ဖွယ်ကောင်းပြီး လုပ်အားအများကြီးလိုအပ်ကာ ဖြစ်ရပ်အများစုတွင် လက်တွေမလုပ်ဆောင်နိုင်ပါ။
စပါးနှံကို မာကျောသောမျက်နှာပြင်ဖြင့်ထုခြင်း
စပါးစေ့ကိုခြွေရန် စပါးနှံများကို တုတ်ချောင်းဖြင့်လည်းကောင်း၊ စည်ပိုင်းကဲ့သို့ မာကျောသည့် မျက်နှာပြင်ကို ထပ်တလဲလဲ ထုရိုက်ဖြင့် လည်းကောင်း ပြုလုပ်နိုင်သည်။
စပါးစေ့ကို လက်အားဖြင့် ကောင်းမွန်စွာ ခြွေရန်အတွက် လမ်းညွှန်ချက်များ
စပါးစေ့ကို လက်အားဖြင့် မခြွေခင် စပါးခြွေရာတွင် ပိုမိုလွယ်ကူစေသည့် အစိုဓာတ်ပါဝင်မှုနည်းစေရန် စပါးအား လယ်ကွင်းထဲတွင် နှစ်ရက်ကြာ မခြောက်တခြောက်အခြောက်ခံထားပါ။ စပါးကို အစေ့မခြွေခင် အခြားတစ်နေရာသို့ သယ်ယူပို့ဆောင်ရမည်ဆိုပါက စပါးကို အလွန်အမင်း မခြောက်စေရန်သတိထားပါ။ အဘယ်ကြောင့်ဆိုသော် အလွန်အမင်းခြောက်သွေ့ခြင်းသည် စပါးစေ့ကို အလွယ်တကူ ကြွေကျစေသည်။ စပါးစေ့မကြွေခင် စပါးကို အခြောက်ခံပြီးပါက စပါးကိုရေထပ်မစိုပါစေနှင့်။ ထပ်မံအစိုမိခြင်းသည် စပါးစေ့ကို ပျက်စီးစေသော စပါးစေ့အက်ကွဲခြင်းကို ဖြစ်စေသည်။
မြေဗလာပေါ်တွင် စပါးစေ့ကို မခြွေပါနှင့် အဘယ်ကြောင့်ဆိုသော် ဤသို့ပြုလုပ်ခြင်းသည် ကျောက်ခဲကဲ့သို့သော ပစ္စည်းများ စပါးတွင် ပါဝင်လာနိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် မျိုးစပါးအတွက် ဆိုပါက စပါးခွံ မကွာစေရန် နှင့် မအက်ကွဲစေရန် ဖျာပေါ်တွင် ဂရု တစိုက် အစေ့ခြွေပါ။
ကောက်လှိုင်းကို စည်ပိုင်းဖြင့် (၂) ကြိမ်နှင့် တစ်ဝက်ရိုက်ပါ။ ဆိုလိုသည်မှာ နှစ်ချက်ပြင်းပြင်းရိုက်ပြီး တစ်ချက်ပျော့ပျော့ရိုက်ပါ။
စက်ဖြင့် စပါးစေ့ခြွေခြင်း
ခြေနင်းစပါးစေ့ခြွေစက်
ခြေဖြင့်နင်းရသော စပါးခြွေစည်ပိုင်းပေါ်တွင် စပါးကိုလက်ဖြင့်ကိုင်ကာ စပါးစေ့ကို ခြွေခြင်းဖြစ်သည်။ စည်ပိုင်းပေါ်က အသွားများသည် စပါးပင်မှ စပါးစေ့ကို ကြွေစေသည်။ ခြေနင်း စပါးစေ့ ခြွေစက်သည် တစ်ရင်လျှင် ၁၀၀ – ၁၅၀ ကီလိုဂရမ် အစေ့ခြွေနိုင်သည်။
စပါးစေ့ခြွေစက်
ယေဘုယျအားဖြင့် စပါးစေ့ခြွေစက်များသည် ၀င်ရိုးတွင် စည်ပါရှိပြီး စပါးကို ထိုဝင်ရိုးပေါ်တွင် လှည့်ပေးခြင်းဖြစ်သည်။ စပါးနှံသည် စည်ပေါ်ရှိစပါးများကို ရိုက်မိကာ စပါးစေ့များကြွေလာသည်။
စပါးရိတ်သိမ်းခြွေလှေ့စက်
စပါးရိတ်သိမ်းခြွေလှေ့စက်သည် မြောက်မြားစွာသော လုပ်ငန်များကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၄င်းတို့မှာ စပါးရိတ်သိမ်းခြင်း၊ စပါး စေ့ခြွေစက်ထဲသို့ ပို့ပေးခြင်း၊ စပါးစေ့ခြွေခြင်း၊ သန့်စင်ခြင်း၊ စပါးစေ့ကို အိတ်ထဲထည့်ပေးခြင်းနှင့် ကောက်ရိုးများကို စက်နောက်သို့ စွန်ပစ်ခြင်းတို့ပါဝင်သည်။ လုပ်သားရှားပါးပါက စပါးရိတ်သိမ်းခြွေလှေ့စက် လိုအပ်သည်။
စပါးစေ့ကို စက်အားဖြင့် ကောင်းမွန်စွာခြွေရန်အတွက် လမ်းညွှန်ချက်များ
အချိန်ကိုက်လုပ်ဆောင်ခြင်းသည် အရေးကြီးသော အခြေခံအကြောင်း ဖြစ်သည်။ စပါးကို ချက်ချင်း ခြွေခြင်းသည် အင်းဆက်များ၊ ငှက်များ၊ ကြွက်များနှင့် အခြားမှိုရောဂါများ စပါးနှင့် ထိတွေ့ရမည့် အချိန်ကို လျော့နည်းစေသည်။
သတိပြုရန်အချက်များ
၁။ စက်ကို နှံ့နှံ့စပ်စပ် သန့်စင်ပါ။
၂။ စက်၏ အကြိုအကြားနှင့် အပေါက်များမှ ကျန်ရှိနေသော စပါးစေ့များကို ဖယ်ရှားပါ။
၃။ အချိန်တစ်ချိန်တွင် စပါးမျိုးတစ်မျိုးကိုသာ အစေ့ခြွေပြီး စပါးမျိုးတစ်မျိုးချင်းကို သီးသန့်အစေ့ခြွေပါ။
၎။ စပါးခြွေဧရိယာကို အလုံးစုံသန့်ရှင်းရေး လုပ်ပါ။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post စပါးစေ့ခြွေခြင်းနည်းစနစ်များ appeared first on Myanmar Farmers' Portal.