လူ(၂၀)ဦးစာ
ပါဝင်အမယ်များ အချိုးအဆ
ကောက်ညှင်း ၂ ပြည်
တင်းဝါး(အဆစ်တစ်ဖက်ပိတ်) ၈ ချောင်း
ကောက်ရိုး လိုအပ်သရွေ့
ထင်း လိုအပ်သရွေ့
ကြိုတင်ပြင်ဆင်ခြင်း
- ကောက်ညှင်းဆန်များကို ပြာတီး၍ ရေဆေးပြီး ရေတစ်ညစိမ်ထားပါ။
- တင်းဝါးချောင်း အပေါက်ပိတ်ရန်အတွက် ကောက်ရိုးများကို ရေဆေးပြီး သွေ့အောင်ထားပါ။
- အဆစ်တစ်ဖက်ပိတ် တင်းဝါးချောင်းရရန် တင်းဝါးအဆစ်နားကပ်ပြီး လွှနှင့်ဖြတ်ထားပါ။
- အနက် ၆ လက်မနှင့် အရှည် ၄ ပေခန့်ရှိသော မြေတွင်းကို တူးထားပါ။
- တူးထားသော မြေတွင်းထိပ် နှစ်ဘက်တွင် သံတိုင်များကိုအသင့်ထောင်ထားပါ။
- မီးသွေးမီးများ အသင့်မွှေးထားပါ။
ပြုလုပ်နည်းအဆင့်ဆင့်
- ဝါးကျည်တောက် တစ်ချောင်းလျှင် ကောက်ညှင်းဆန် ခြင်တွယ်ခွက် တစ်ခွက်ခွဲစာစီ ထည့်ပါ။
- ကောက်ညှင်းများ သိပ်သွားအောင် ဝါးကျည်တောက်ကို ဆောင့်ပေးပါ။
- ကောက်ညှင်းကျည်တောက်၏ ထိပ်ဝတွင် ရေထည့်နိုင်ရန်အတွက် လက်လေးလုံးခန့် နေရာ ချန်ပါ။
- ကောက်ညှင်းထည့်ထားသည့် ကျည်တောက်ထဲသို့ ရေသန့် ခြင်တွယ်ခွက် တစ်ခွက်ခွဲစာ ထည့် ပါ။
- ကောက်ညှင်းကျည်တောက်ထိပ်ဝတွင် ရေဆေးထားသော ကောက်ရိုးများကို ၂ လက်မခန့် နစ်ဝင်သည်အထိ လုံအောင် ဆို့ပိတ်ပါ။
- ၆လက်မနက်အောင် တူးထားသည့် မီးကျင်းထိပ် တစ်ဘက်စီတွင် သံတိုင် ၂ တိုင်ကို ကြက်ခြေ ခတ် အသွင်ခွ၍စိုက်ပြီး သံတိုင်ထိပ် ကြက်ခြေခတ်ခွ အပေါ်တွင် သံချောင်းရှည် တစ်ချောင်းကို ကန့်လတ်ဖြတ် ခွ၍တင်ပါ။
- ထင်းမီးမွှေးပါ။ကောက်ရိုးမီးမွှေးပါ။
- ကန့်လတ်ဖြတ်သံတိုင်၏ တစ်ဘက်တစ်ချက်စီတွင် ကောက်ရိုးပိတ်သည့် ကျည်တောက်ထိပ်ဝ ကိုအပေါ်ထား၍ အစီအရီ ထောင်လိုက်ပြီး ကျည်တောက်များကို အောက်ခြေပိုင်းမှစ၍ မီးမြိုက် ပါ။
- ကျည်တောက်အောက်ပိုင်းနှင့်အပေါ်ပိုင်းတို့ အကျက်ညီစေရန် ကျည်တောက်ကို မကြာခဏ လှည့်ပေးပါ။
- ခဏကြာလျှင် ကျည်တောက်ထဲရှိ ရေများဆူလာလိမ့်မည်။
- တင်းဝါး၏အပေါ်ယံသား မည်းကျွမ်းပြီး အတွင်းမှ ကောက်ညှင်းသားများ ကျက်နေမည်။
- နာရီဝက်ခန့်ကြာလျှင် မီးပုံမှ ကောက်ညှင်းကျည်တောက်များကို ဖယ်ယူလိုက်ပြီး မီးငြှိမ်းသတ် ပါ။
- ကောက်ညှင်းကျည်တောက်များကို အအေးခံထားပါ။
- ကောက်ညှင်းကျည်တောက်ထိပ်ဝတွင် ပိတ်ဆို့ထားသော ကောက်ရိုးများ ဖယ်ပစ်ပြီး ဝါး အောက်ခံအဖြူရောင် အခွံမာများ ပေါ်လာသည်အထိ ဓားဖြင့်လွှာချပါ။
- ကျည်တောက်အဆစ်တစ်ဖက်ပိတ် အောက်ခြေအနားကို ကပ်၍ ဖြုတ်ပြီး ပတ်လည်တဝိုက်ဓား ရာပေးပါ။
- ဓားရာအလိုက် အခွံမာကို လက်ဖြင့် ဆတ်ကနဲ အလိုက်သင့်ခွာချပါ။
- ဝါးအမြှေးလွှာအဖြူ (ဝါးအူအတွင်းသား)ကပ်နေသည့် ကောက်ညှင်းကျည်တောက်ကို အနေ တော်အတုံးလေးများ ရအောင် ဓား (သို့)ကတ်ကြေးဖြင့် ဖြတ်တောက်ပါ။
- ကောက်ညှင်းကျည်တောက် အနေတော်အရွယ်ပိုင်းကို အလယ်မှ အလျားလိုက် ထက်ခြမ်းမ ပြတ်အောင် ဖြတ်လှီး၍ အလယ်ကြားတွင် အုန်းသီးနှင့် သကြားညှပ်ပြီး စားသုံးကြသည်။
- အနေတော်အရွယ်ပိုင်းဖြတ်ထားသည့် ကောက်ညှင်းကျည်တောက်ကို ဆီပူပူတွင် နီရောင် သန်းအောင်ကြော်ပြီး စားတော်ပဲပြုတ်နှင့် တွဲဖက်စားသုံးကြသည်။
- မီးဖုတ်ထားသည့် ကောက်ညှင်းကျည်တောက်ဖြစ်စေ ဆီနှင့်ကြော်ထားသည့် ကောက်ညှင်း ကျည်တောက်ဖြစ်စေ ၊ မီးဖုတ်ပြီး ဆီဆမ်းထားသော ငါးရံ့ခြောက်နှင့်သော်လည်းကောင်း ၊ငါးကျည်းကြော်နှင့်သော်လည်းကောင်း တွဲဖက်စားသုံးကြသည်။
- ကောက်ညှင်းကျည်တောက်ကို ဆီစိမ်း၊ခရမ်းချဉ်သီးငပိချက် ၊အကြော်စုံများနှင့်လည်း တွဲဖက် စားသုံးကြသည်။
ပြင်ဆင်ရန်
- “ကောက်ညှင်းကျည်တောက်”ကို မုန့်ပန်းကန်ပြားထဲ ထည့်ပြီးပြင်ပေးပါ။
- လက်ဖက်ရည်ကြမ်းအိုး ပြင်ဆင်ပေးပါ။
သိမှတ်ရန်
- ကောက်ညှင်းကျည်တောက်ကို တင်းဝါးဖြင့်သာ ဖုတ်ရသည်။
- ကောက်ညှင်းကို ရေမစိမ်ဘဲ ဝါးကျည်တောက်ထဲ ထည့်၍ မဖုတ်ရပါ။
- ကောက်ညှင်းကျည်တောက်ကို အောက်ခြေပိုင်းမှစ၍ မီးမြိုက်ရသည်။
- ကောက်ညှင်းကျည်တောက်ကို အလယ်ပိုင်းမှစ၍ မီးမြိုက်လျှင် ဝါးကွဲပြီး ပေါက်တတ်သည်။
- ကောက်ညှင်းဖြူကျည်တောက် ၊ကောက်ညှင်းငချိတ်ကျည်တောက် ၊ အုန်းကောက်ညှင်းကျည် တာက်၊ ဝက်သားကောက်ညှင်းကျည်တောက် ၊ ကြက်သားကောက်ညှင်းကျည်တောက် ဟူ၍ ရှိသည်။
အုန်းကောက်ညှင်းကျည်တောက်ကို နည်းနှစ်မျိုးဖြင့် ပြုလုပ်နိုင်သည်။
ကောက်ညှင်းကျည်တောက်ထဲသို့ ရေအစား အုန်းနို့ရည် ထည့်သည့်နည်းနှင့် ကောက်ညှင်းဆန်တွင် အုန်းသီးမှုန့်ရောထည့်သည့် နည်းတို့ဖြစ်သည်။
ယနေ့ခေတ်ပေါ် ကောက်ညှင်းကျည်တောက်လုပ်နည်းတစ်မျိုးမှာ –
- ရေတစ်ဝက်သာ ထည့်ထားသည့် သံပုံအဝိုင်း (သို့) လေးထောင့်ပုံးကို မီးရှိန်များသည့် မီးဖိုပေါ် တင်သည်။
- ကောက်ညှင်းကျည်တောက်များကို ထိပ်ဝပိတ်လျက် ရေနွေးပုံးထဲ ထည့်ပြုတ်သည့်နည်း ဖြစ် သည်။
- ကောက်ညှင်းကျည်တောက်ကို ယခုခေတ်တွင် မီးမကင်ကြတော့ဘဲ ရေနှင့်ပြုတ်၍ ရောင်းချ နေကြသည်။
- မီးခိုးရနံ့သင်းသော ကောက်ညှင်းကျည်တောက်မျိုး ရနိုင်ရန် ခဲယှဉ်းနေပြီ ဖြစ်သည်။
- မီးဖုတ်သည်ထက် လွယ်သော်လည်း အနံ့အရသာ ကွာခြားပါသည်။
Pissaya Info
The post ကောက်ညှင်းကျည်တောက် ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.