ရွက်ခြောက်ရောဂါ (Downy mildew)
မေလ မှ ဇန်န၀ါရီလအတွင်း ကျရောက် ဖျက်ဆီးတတ်သည်။ စပျစ် စိုက်ပျိုးရာ ဒေသတိုင်း၌ အများအပြား ကျရောက်တတ်သည်။ မြေပေါ်ရှိ စပျစ်ပင်၏ အဂါင်္အစိတ်အပိုင်း အားလုံးတွင် ရောဂါကျရောက်တတ်သည်။
ရောဂါလက္ခဏာများ
ရောဂါ ဖြစ်စတွင် အရွက်အောက်မျက်နှာတွင် ၀ါဖျော့ဖျော့ အရောင်လက်လက် အကွက်လေးများပေါ်လာသည်။ နေရောင်တွင် ထောင်ကြည့်ပါက မြင်လွယ်သည်။ ရောဂါရင့်လာပါက ညိုမဲမဲအရောင်သို့ ပြောင်းသွားသည်။ ရောဂါ ကျွမ်းလာပါက အရွက်များ ညိုခြောက်ပြီး အလွယ်တကူကြွေသည်။ အရွက်များကြွေလျှင် အသီးများ ရှုံ့တွသည်။
သီးလုံးများပေါ်တွင် ရောဂါအနည်းငယ်သာ ကျရောက်ပါက သီးလုံးများအညိုဖျော့ရောင် ဂျွတ်စွဲသွားပြီး တခါတရံ အစေ့ပေါ်သည်အထိ ကွဲအက်ကုန်သည်။ အသီးကောင်းစွာ မမှည့်နိုင်တော့ချေ။
ရွက်ခြောက်ရောဂါကို ဗင်နီဖယ်ရာ ( V. Vinifera) စပျစ်မျိုးများတွင် ပြင်းထန်စွာ ကျရောက်တတ်ပါသည်။
ဖါးဥမှိုရောဂါ (Powdery mildew)
စပျစ်တွင် တနှစ်ပတ်လုံး ကျရောက်တတ်ပါသည်။ အသီးများစွာ ပေါ်ထွက်သော ဇူလိုင်လနှင့် သြဂုတ်လများတွင် တကြိမ်၊ ဖေဖော်ဝါရီလမှ မေလတွင် တကြိမ်၊ သီးခိုင်များအပေါ်တွင် ရောဂါလက္ခဏာများကို ထင်ရှားစွာ တွေ့ရတတ်သည်။
ယေဘုယျအားဖြင့် အပင်၏ နုနယ်သော အစိတ်အပိုင်းအားလုံး ( အရွက်၊ ပင်စည်၊ သီးခိုင်) စသည်တို့ အပေါ်တွင် ကျေ၇ာက်တတ်သည်။
ရောဂါလက္ခဏာများ
ရောဂါဖြစ်စတွင် စပျစ်ရွက်၏ အောက်မျက်နှာပြင်တွင် သေးငယ်သော မီးခိုးရောင်အကွက်များတွေ့ရသည်။ ရောဂါရင့်လာလျှင် အဖြူဖျော့ဖျော့အရောင် (မီးခိုးပြာရောင်) သို့ပြောင်းလဲသွားပြီး အရွက်အောက်ပိုင်းတစ်ခုလုံး ဆက်စပ်ပျံ့နှံ့သွားသည်။
သီးခိုင်များထွက်စတွင် ထိုရောဂါ ကျရောက်ပါက အသီးလုံးဝမတင်တော့ပါ။ သီးလုံးများပေါ်တွင် မီးဖိုပြာပက်ဖြူးထားသကဲ့သို့ ရှိနေသည်။ ရောဂါရင့်လာလျှင် ညိုမဲမဲအရောင်သို့ပြောင်းသွားသည်။ သီးလုံးများ မာဆတ်ဆတ်ရှိနေတတ်ပြီး တခါတရံ အစေ့ပေါ်သည်အထိ ကွဲတတ်သည်။
ဤရောဂါ၏ ထူးခြားချက်မှာ ကန့်ပါသော ဆေးများဖြင့်သာ ကာကွယ်နှိမ်နင်းရခြင်းဖြစ်ပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post စပျစ်တွင် ကျရောက်တတ်သော ရွက်ခြောက်ရောဂါ၊ ဖားဥမှိုရောဂါ တို့ရဲ့ ကာကွယ်နှိမ်နင်းနည်းအကြောင်း appeared first on Myanmar Farmers' Portal.