အော်ဂဲနစ်အစားအစာများ (Organic foods) ဆိုသည်မှာ
အော်ဂဲနစ်အစားအစာ ဆိုသည်မှာ အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော အစားအစာများကို ဆိုလိုပါသည်။ ယင်း အစားအစာများတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့် ဓာတုဓာတ်ကြွင်းများ မပါသလောက်လျော့နည်းရပါသည်။ လက်ရှိ စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးမပြုတော့သော်လည်း ယခင်နည်းစနစ်အဟောင်းဖြင့် အသုံးပြုခဲ့သောမြေကြီးထဲရှိ ဓာတုဓာတ်ကြွင်း တချို့ အနည်းငယ်ပါလာနိုင်သဖြင့် သတ်မှတ်စံချိန်စံညွှန်း မပိုပါက အော်ဂဲနစ်အစားအစာအဖြစ် ခွင့်ပြုထားခြင်းဖြစ်ပါသည်။
ထို့အပြင် အစားအစာများကို မျိုးဗီဇပြုပြင်ထားခြင်း မပြုလုပ်ရပါ။ ဥပမာအားဖြင့် ဆန်စပါးကို အထွက်နှုန်းတိုးအောင်မျိုးဗီဇပြုပြင် ထားခြင်း၊ ဗီတာမင် အေ ပါဝင်မှုများပြားအောင် မျိုးဗီဇပြုပြင်ထားခြင်းတို့ ပြုလုပ်ထားပါက အော်ဂဲနစ်အဖြစ် သတ်မှတ်လို့ မရပါ။ သီးနှံ များကို စိုက်ပျိုးရာတွင် အော်ဂဲနစ်လက်မှတ်ထုတ်ပေးသော အဖွဲ့အစည်း၏ စံချိန်စံညွှန်းနှင့် ကိုက်ညီရုံသာမက သီးနှံကို ခူးဆွတ်ပြီး နောက်ပိုင်းတွင်လည်း သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီဖို့လိုပါသည်။ ဥပမာ မြန်မာနိုင်ငံ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလျှက်ရှိသော ငှက်ပျောသီး မှည့်အောင် ဓာတုဆေးစိမ်သည့်ပုံစံမျိုး လုံးဝခွင့်မပြုပါ။ မည်သည့် ဓာတုဆေးများနှင့်မဆို ပြုပြင်ခြင်း မပြုလုပ်ရပါ။ အချို့သောအစားအစာများ အထူးသဖြင့် သစ်သီးများတွင် ပါဝင်နိုင်သည့်ရောဂါ ပိုးမွှားများကို ဓာတ်ရောင်ခြည်ပေး၍သတ်ခြင်း (Irridiation) များ ပြုလုပ်ခွင့်မရှိပါ။ အစားအစာများကို ကြာရှည်ခံအောင် ဓာတုပစ္စည်းများထည့်၍ ပြုပြင်ထားခြင်း မလုပ်ရပါ။ ထိုမျှမက
သဘာဝအရောင်အဆင်း၊ အနံ့အရသာအတိုင်းသာ ထားရှိစေရပါမည်။ သဘာဝမဟုတ်သော အနံ့၊ အရသာ ကောင်းမွန်အောင် ထပ်မံဖြည့်စွက် ထည့်သွင်းခြင်း မပြုလုပ်ရပါ။
ထို့ကြောင့် အော်ဂဲနစ်အစားအစာသည် သာမန်သဘာဝနည်းဖြင့် စိုက်ပျိုးထုတ်လုပ်ထားမှုထက် များစွာ ပိုမိုနက်ရှိုင်းသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း စိုက်ပျိုးထုတ်လုပ်ထားသော အဆင့်အတန်းအလွန်မြင့်မားသည့်အစားအစာများ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ချမ်းသာကြွယ်ဝသောနိုင်ငံများ၊ ချမ်းသာသော လူတန်းစားများ သို့မဟုတ်အသိဉာဏ်ဗဟုသုတ မြင့်မားသူများသာ အဓိက စားသုံးကြသည့် အစားအစာတစ်ခု ဖြစ်လာခဲ့သည်။ ယနေ့အခါ၌မြန်မာနိုင်ငံတွင်လည်း အော်ဂဲနစ် အစားအစာများ၊ အော်ဂဲနစ်ဆေးဝါးများကို စားသုံး လိုသည့် လက်ရှိလည်းစားသုံးနေကြသည့် လူတန်းစားတစ်ရပ်လည်း ပေါ်ထွက်လာနေပြီဖြစ်ပါသည်။
အော်ဂဲနစ်အစားအစာ ဟုတ်/မဟုတ် ဘယ်လိုသိနိုင်မလဲ
စားသုံးသူတစ်ယောက်အနေနဲ့ အစားအစာတစ်ခုသည် အော်ဂဲနစ်ဟုတ်/မဟုတ် သိရန် အရေးကြီးပါသည်။ မိမိအနေနှင့် အော်ဂဲနစ်ကို ရွေးချယ်စားသုံးလိုပါက မည်သည့်အစားအစာသည် အော်ဂဲနစ်ဖြစ်ကြောင်း ခွဲခြားသိနိုင်ရန်အောက်ပါအချက်များကို သိထားဖို့လိုပါသည်။
အရေးကြီးဆုံးမှာ တံဆိပ်ဖြစ်ပါသည်။ စားသုံးကုန်တစ်ခုတွင် “Certified Organic” ဟုရေးထားလျှင်အော်ဂဲနစ်ဖြစ်ကြောင်း သိနိုင် ပါသည်။ အော်ဂဲနစ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားပြီးဖြစ်ကြောင်း ရည်ညွှန်းပါသည်။မြန်မာနိုင်ငံတွင် မြန်မာအ်ေဂဲနစ်အစုအဖွဲ့ (Myanmar Organic Agriculture Group) က ထုတ်ပေးသည့် Certified Organic by MOAG ဆိုပါက မြန်မာအော်ဂဲနစ် အစု အဖွဲ့ကစစ်ဆေးအတည်ပြုပြီးဖြစ်သည်ဟု ဆိုလိုပါသည်။ အလားတူပင်အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း အော်ဂဲနစ်အသိ အမှတ် ပြုအဖွဲ့ဖြစ်သည့် ACT က စစ်ဆေးပြီး လက်မှတ်ထုတ်ပေးလျှင် Certified Organic by ACT (Thailand) ဟု ရေးသားထားသည်ကို တွေ့နိုင်ပါသည်။
ကမ္ဘာပေါ်တွင် အော်ဂဲနစ်နှင့်ပတ်သက်၍ အဆင့်မြင့်ဆုံးအဖွဲ့အစည်း (၂) ခု ရှိပါသည်။ တစ်ခုမှာဂျာမနီနိုင်ငံအခြေစိုက် IFOAM (International Federation of Organic Agriculture Movements) ဖြစ်ပြီး ကျန်တစ်ခုမှာအမေရိကန်နိုင်ငံအခြေစိုက် USDA (United States Department of Agriculture) မှ ဖြစ်ပါသည်။
ယင်းအဖွဲ့အစည်းများအနေနှင့် တိုက်ရိုက်စစ်ဆေးခြင်း မရှိဘဲ ယင်းတို့အသိအမှတ်ပြုထားသော စစ်ဆေးရေးအဖွဲ့အစည်း
(Auditing Farm) မှ လာရောက်စစ်ဆေးကာ လက်မှတ်ထုတ်ပေးသည့်စနစ်ဖြစ်သည်။ ထိုအဖွဲ့အစည်း (၂) ခုအသိအမှတ်ပြုပါက တစ်ကမ္ဘာလုံး မည်သည့်နိုင်ငံတွင်မဆို အော်ဂဲနစ်ပစ္စည်းအဖြစ် ရောင်းချနိုင်ပါသည်။ဒုတိယအုပ်စုအနေနှင့် အဆိုပါတံဆိပ် မပါ ရှိသော်လည်း တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချလေ့ရှိသူများအတွက်ရေးသားလေ့ရှိသောစာတမ်းတချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
(က) Green Labels (အစိမ်းရောင် အစားအစာ)
-ယင်းသည် သာမန်အားဖြင့် ဓာတုဆေးဝါးများ သုံးမထားပါဟု ဆိုလိုပါသည်။
(ခ) Natural (သဘာဝ) ဟု တံဆိပ်ကပ်ပြီး ရေးလေ့ရှိသည်။
(ဂ) Earth-friendly (ကမ္ဘာမြေ၏မိတ်ဆွေ) ဟုလည်း တချို့သုံးကြသည်။
(ဃ) Free from Pesticide (ပိုးသတ်ဆေးသုံးမထား) ဟု ဆိုလိုသည်။
အဆိုပါတံဆိပ်များ ကပ်ထားသော်လည်း Certified လုပ်ထားသည့်အဖ့အွဲ စည်း ဖော်ပြမထားပါကအော်ဂဲနစ်ဖြစ်ကြောင်း မသေချာလှပါ။ တချို့ မှန်မှန်ကန်ကန်ရေးသားသူများရှိသလို တချို့မှာ ပိုမိုရောင်းကောင်းအောင် လိမ်ညာပြောဆိုရောင်းချမှုများကိုလည်း ကြုံတွေ့ရလေ့ရှိ ပါသည်။ ထုတ်လုပ်ရောင်းချသည့် ပုဂ္ဂိုလ်၊ အဖ့အွဲ စည်းအပေါ် ယုံကြည်မှုဖြင့်သာ စားသုံးကြရပါမည်။
နောက်ထပ်သိနိုင်သည့်နည်းတစ်ခုမှာ မိမိကိုယ်တိုင်သိရှိပြီးသောခြံမှ ဝယ်ယူစားသုံးခြင်း ဖြစ်သည်။ ဥပမာ မိမိ၏ အသိခြံသို့ မိမိ ကိုယ်တိုင်သွားရောက်လေ့လာခါ အော်ဂဲနစ်သီးနှံများကို ဝယ်ယူစားသုံးခြင်းဖြစ်ပါသည်။ ခြံပိုင်ရှင်နှင့် ကြိုတင်ညှိနှိုင်းကာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ မသုံးရန်၊ ဓာတ်မြေသြဇာများအစား သဘာဝမြေသြဇာများသာ သုံး၍စိုက်ရန် ကြိုတင်ညှိနှိုင်းပြီး ဝယ်ယူစား သုံးပါကလည်း အသိအမှတ်ပြုလက်မှတ် မရစေကာမူ ယုံကြည်စိတ်ချရသော အော်ဂဲနစ်သီးနှံများကို စားသုံးနိုင်ပါသည်။
နောက်ဆုံး ဘယ်လိုမှ မသိနိုင်သောအခြေအနေဖြစ်ခ့လျှဲင် သီးနှံ၏ပုံပန်းသဏ္ဍာန်ကို ကြည့်၍ အနီးစပ်ဆုံး ခွဲခြားနိုင်ပါသည်။ ယေဘု ယျအားဖြင့် ဓာတ်မြေသြဇာသုံးထားသော သစ်သီးသစ်ဥများသည် သာမန်ထက်ပိုမို ကြီးထွားလေ့ရှိပြီး အော်ဂဲနစ်သီးနှံများမှာ ပုံမှန် သို့မဟုတ် ပုံမှန်ထက် သေးနေလေ့ရှိပါသည်။ ဓာတုဆေးစိမ်ထားသော သစ်သီးများသည် ညီညီညာညာမှည့်သော်လည်း သဘာဝအတိုင်း ပုံမှန်မှည့်သောသစ်သီးများမှာ အရောင်တပြေးညီ ဖြစ်နေလေ့မရှိပါ။ ဥပမာ သင်္ဘောသီးအစိမ်းကို ဆေးစိမ်လိုပါက ညီညာစွာ ဝင်းဝါလာမည်ဖြစ်သော်လည်း သဘာဝအတိုင်း မှည့်စေပါက ဝါသည့်နေရာဝါ၊ စိမ်းသည့်နေရာစိမ်း၊ ကွက်တိကွက်ကြားနှင့် ရက်အတော်ကြာကြာ ရှိနေမည်ဖြစ်သည်။
Source – ဒေါက်တာခင်မောင်လွင် (FAME)
အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်အစားအစာများနှင့် ကျန်းမာရေး စာအုပ်မှ မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။
The post အော်ဂဲနစ်အစားအစာများ နှင့် အော်ဂဲနစ်အစားအစာ ဟုတ်/မဟုတ် ဘယ်လိုသိနိုင်မလဲ appeared first on Myanmar Farmers' Portal.