- ရေထိန်းသိမ်းနိုင်စွမ်းကောင်းသော နုံးစနယ်မြေအမျိုးအစားကို ရွေးပါ။
- မြေအနိမ့်အမြင့်ညီညာပြီး ရေသွင်းရေထုတ် လွယ်ကူသည့်မြေကို ရွေးပါ။
- လမ်းပန်းဆက်သွယ်မှု လွယ်ကူသည့်နေရာကို ရွေးပါ။
- ယခင်နှစ်(သို့) ယခင်ရာသီတွင် စပါးမျိုးတူ၊ မျိုးစေ့အဆင့် (Seed Class) တူညီခဲ့သော မြေကွက်ကိုဦးစားပေး ရွေးပါ။
- ယခင်နှစ်တွင် စပါးမျိုးမတူ(မျိုးကွဲ) သို့မဟုတ် မျိုးတူမျိုးစေ့အဆင့်နိမ့်သည့်မျိုး စိုက်ခဲ့ပါက ကြားရာသီတွင် အခြားသီးနှံတစ်မျိုး (ဥပမာ- ပဲမျိုးစုံ၊ နှမ်း) စိုက်ခဲ့သည့် မြေကွက်ကိုရွေးပါ။
- အပိုဒ် (၄-၅)ပါ မြေကွက်အမျိုးအစားများ မရနိုင်ပါက မျိုးစေ့အကြွင်းအကျန်များ ကင်းစင်ရန် ရိုးပြတ်များ မီရှို့ ခြင်း၊ ကောက်လေများပျက်စီးစေရန် အကြိမ်ကြိမ်ထယ်ထိုး၊ ထွန်မွှေ၍ရေသွင်း ပြီး သမန်းပုပ်အောင် အချိန်ယူဆောင်ရွက်ပါ။
- သဲဆန်လွန်းသော မြေအမျိုးအစားများကို ရှောင်ပါ။
- ရေကြီးနစ်မြုပ်လေ့ရှိသော မိုးခေါင်ပျက်စီးလေ့ရှိသော ဧရိယာအတွင်းတည်ရှိသည့် မြေကွက် ကိုရှောင်ပါ။
- ပိုးမွှားရောဂါထူပြောစွာ ကျရောက်လေ့ရှိပြီး ယခင်ရာသီတွင် ပိုးမွှားရောဂါပြင်းထန်စွာ ကျ ရောက်ခဲ့သည့် မြေကွက်ကို ရှောင်ပါ။
- လက်မခံနိုင်သည့်ပေါင်း (နှိမ်နင်းရန်ခက်ခဲသော၊ အဆိပ်အတောက်ဖြစ်စေသော) ပေါင်းမြက် ထူပြောစွာ ပေါက်ရောက်တတ်သည့် မြေကွက်ကိုရှောင်ပါ။
- မျိုးစေ့ထုတ်လုပ်မည့် စပါးမျိုးဖြစ်ထွန်းမှုမှာ ကန့်သတ်ဇုံနယ်မြေ တိတိကျကျရှိပါက ထိုနယ်မြေ ၏ ပြင်ပဧရိယာတွင် မြေရွေးချယ်စိုက်ပျိုးခြင်းကို ရှောင်ပါ။
စိုက်ပျိုးရေးဦးစီးဌာန
The post စပါးမျိုး စိုက်ပျိုးရန်အတွက် မြေရွေးချယ်ခြင်း appeared first on Myanmar Farmers' Portal.