အုန်းပင်၏ ပင်စည်မှ ညိုပုပ်ပုပ်အရောင်ရှိသော အရည်များ ယိုကျလာသည်။
ပင်စည် အကွဲကြားမှ တဖြည်းဖြည်း ယိုဆင်းလာခြင်းဖြစ်သည်။၎င်းကို အုန်းပင်သွေးယိုရောဂါ ဖြစ်သည်ဟုခေါ်သည်။
ရော ဂါဖြစ်တတ်သည့်နေရာများသောအားဖြင့် အပင်ရင်းမှ အထက် ခြောက်ပေ သို့မဟုတ် ကိုးပေအမြင့်အ တွင်း ဖြစ်တတ်သည်။ သစ်ခေါက်မှာ ခြောက် သွားလျှင် အရောင်မည်းသွားသည်။ သွေးယိုဆင်းသည့် နေရာမှ အခေါက်ကို ခွာကြည့်လျှင် အောက်၌ပုပ်၍ အဝါရောင်သမ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပင်စည်တစ်ခုလုံး မည်သည့်နေရာမဆို ဖြစ်တတ်သော်လည်း အရွက်ထွက်သည့် နေရာတွင် မဖြစ် တတ်ပါ။
သွေးယိုရောဂါကို ကုသရန်မှာ သွေးယိုသည့်နေရာကို ဓားနှင့်ခွာ၍ ကတ္တရာစေးသုတ်ပေးပါ။ မ ဖောက်ထုံးနှင့် ဒုတ္တာ ဆတူရေတွင်ဖျော်၍ ရောထားသော ဗော်ဒိုဆေးရည် ပက်ပေးပါ။
Source – စိုက်ပျိုးနည်း ပဒေသာ
The post အုန်း သွေးယိုရောဂါ ကျရောက်ပုံနှင့် ကာကွယ်နှိမ်နင်းနည်းအကြောင်း appeared first on Myanmar Farmers' Portal.