ငရုတ်ပင်သည် ရွေ့ပြောင်းစိုက်ပျိုးပြီး ( ၂) လအကြာတွင် ပန်းစတင်ပွင့်သည်။ ပန်းပွင့်ပြီး (၂) ပတ်အကြာတွင် ပထမအကြိမ် စတင်ခူး ဆွတ်နိုင်သည်။ ထိုသို့ခူးဆွတ်လျှင် ပိုမို၍အသီးသီးနိုင်သည်။
ရွေ့စိုက်ပြီး (၃-၄) လအတွင်း ဆွတ်ခူးနိုင်သည်။ အသီးများ နီရဲလာက လျင်မြန်စွာ ဆွတ်ခူးရသည်။ မှည့်သော အသီးသာခူးသင့်သည်။ စိမ်းသောအသီးခူးပါက ဖလံဖြူ ဖြစ်သွားတတ်သည်။
ငရုတ်သီးအမှည့်ကိုခူးရာတွင် ကြက်တူးရွေးနူတ်သီးနှင့်ကြေးညိုတောင့်ကို မခူးရပါ။ (ငရုတ်သီး ရင့်မှည့်ရာတွင် မှည့်စပြုသောအခါ အစိမ်းတပိုင်း၊ အနီတစ်ပိုင်းအဆင့်ကို ကြက်တူရွေးနူတ်သီးခေါ်၍ ၄င်းအဆင့်ကိုကျော်ကာ ငရုတ်သီးတစ်တောင့်လုံးအညိုပြောင်းက ကြေးညိုတောင့်ဟုခေါ်သည်။) ၄င်းအဆင့် (၂) ဆင့်ကို ကျော်လွန်းပြီးသော အနီရောင်သန်း သည့် ငရုတ်ကိုသာ ခူးရမည်။
ရောင်စုံထွက်သော အချဉ်တည်လိုပါက အသီး ၂ လက်မရှိပြီး အနီ၊ လိမ္မော်၊ အဝါ၊ ခရမ်းရောင်မျိုးကို စိုက်ပျိုးရပြီး အပူအစပ်စားလိုပါက အခွံပါးပြီး အမြန်ခြောက် လွယ်သောမျိုးကို စိုက်ပျိုးသင့်သည်။
ငရုတ်သီးအစိမ်းကိုလည်း ဆွတ်ခူးရောင်းချနိုင်သည်။ တစ်ပိုင်းတစ်စမှည့်သော အသီးနှင့်လုံးဝ မှည့်သော အသီးများကိုလည်း ရိတ်သိမ်းရောင်းချနိုင်သည်။
မျိုးနှင့်မြေအခြေအနေပေါ်မှုတည်၍ အခြောက်တစ်ဧကလျှင် (၁၀၀-၂၀၀) ပိသာရနိုင်သည်။ ငရုတ်သီးအစိမ်းအနေဖြင့် ( ၄၀၀-၁၀၀၀) ပိဿာ ထွက်သည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post ငရုတ်သီး ကို ဘယ်အချိန်မှာ ဆွတ်ခူးရင်အကောင်းဆုံးလဲ။ appeared first on Myanmar Farmers' Portal.