သီးထောင့်များ အ၀ါရောင်ပြောင်း၍ (၉၅)ရာခိုင်နှုန်း ရင့်မှည့်ပြီး အစေ့တွင် အစိုဓာတ် (၁၃ မှ ၁၄) ရာခိုင်နှုန်း ရှိလျှင် စတင်ရိတ်သိမ်းပါ။
ရင့်မှည့်လွယ်သဖြင့် စောင့်ကြည့်ပေးရန် လိုသည်။
အပင်ပေါ်တွင် အသီးများခြောက်အောင်ထားနိုင်သည်။ သို့ရာတွင် ရိုးတံအညိုရောင်ပြောင်းပြီး အတောင့်ကွဲ၍ အစေ့များ မြေကြီးပေါ်ကျ သည်အထိ ခူးဆွတ်မှု နောက်မကျစေရချေ။ ရိတ်သိမ်းချိန်စောပါက လုံးပိန်၊လုံးညှပ်နှင့် အစိမ်းရောင်အစေ့များရရှိပြီး အထွက်နှင့် အရည်အသွေးကျသည်။
ရိတ်သိမ်းပြီးအပင်များကို တလင်းတွင် (၃ မှ ၄)ရက်ခန့်နေလှမ်းပြီး၊ တုတ်နှင့်ဖြစ်စေ၊ ချွေစက်ဖြင့်ဖြစ်စေ၊ အစေ့ချွေ၍ဖြစ်စေ၊ အစေ့ချွေရသည်။
ဤသို့ဆောင်ရွက်ရာတွင်မျိုးစေ့အပေါ်ယံ အခွံကွဲအက်မသွားစေရန် ဂရုပြုရမည်။
မျိုးအဖြစ်သိုလှောင်မည်ဆိုပါက အစေ့တွင်း အစိုဓာတ် (၉ မှ ၁၀) ရာခိုင်နှုန်းအထိ ရောက်အောင် ဆက်လက်နေလှမ်းပြီးမှ သိုလှောင်ရပါမည်။
Source – မြန်မာစိုက်ပျိုးရေးလုပ်ငန်း
The post ပဲပုပ်ကို ဘယ်လိုအချိန်မှာ ရိတ်သိမ်းရင် အကောင်းဆုံးလဲ။ appeared first on Myanmar Farmers' Portal.