ပန်းပွင့် ပန်းခက်တွေနဲ့ သဘာဝအလှကို လူတိုင်းနှစ်သက်ကြတဲ့အတွက် ပန်းအိုး နဲ့ ပန်းကို မြင်လိုက်ရင် အခန်းထဲမှာဖြစ်စေ၊ စိတ်လက်အေးချမ်းရ လာပါတယ်။
ပန်းအိုးထိုးတဲ့ ပန်းတွေမှာ အောင်သပြေ၊ ဇော်စိမ်း၊ ပြည်လုံးချမ်းသာ၊ နှစ်တစ်ရာပန်းနဲ့ ရွက်လှပန်းတွေဟာ အငုတ်ရင့်ရင် ရင့်သလို လနဲ့ချီပြီး ကြာရှည် ခံကြပါတယ်။ အမြစ်တွေ ထွက်လာပြီး အပင်သစ်ထွက်လာပါတယ်။
နှင်းဆီပန်း၊ ဒေစီပန်း၊ ကာနေရှင်းပန်းတို့ကတော့ နဂိုကတည်းက အရိုးနုပန်းတွေဖြစ်လို့ ကြာရှည်မခံကြပါဘူး။
နှင်းဆီပန်းဟာ ကြာရှည်မခံပေမယ့် ချစ်ချင်းမေတ္တာနဲ့ ကျက်သရေမင်္ဂလာရဲ့  အထိမ်းအမှတ်ဖြစ်လို့ ပန်းအိုးတွေမှာ အသုံးများကြပါတယ်။
အခုချိန်မှာ မျိုးစပ် တီထွင်မှုကြောင့် သမာရိုးကျအရောင်တွေသာမက အ၀ါ၊ ပန်းနု၊ အဖြူ၊ အရောင်စပ်ပန်းတွေ များစွာ ရှိနေပါပြီ။
လူကြိုက်များပြီး တင့်တယ်တဲ့ နှင်းဆီပန်းကို ပန်းအိုးမှာ ကြာကြာအထားခံချင်ရင်တော့ ပန်းအိုးရေထဲမှာ ဆီးချိုထိန်းချုပ်ဖို့သုံးရတဲ့ အက်စ်ပရင်ဆေးပြား ၂ပြား၊ ၃ပြား ထည့်လိုက်ရင် ၅ရက်၊ တစ်ပတ်လောက် လန်းဆန်းနေပါတယ်။
နောက်နေ့တွေမှာလည်း ငွေအကုန်အကျ သက်သာပြီး အိမ်မှာအလွယ်တကူ ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေကို ဆက်လက်ဖော်ပြပေးပါမယ်။
Pissaya Info
The post နှင်းဆီပန်းအိုးကြာကြာခံအောင် ဘယ်လိုထိုးမလဲ။ appeared first on Myanmar Farmers' Portal.