(၁) ပင်ကြား၊ တန်းကြား ၂၀ ပေစိုက်ပါက တစ်ဧကလျှင် ၁၀၈ ပင် ၀င်ဆန့်ပြီး၊ ပင်ကြား၊ တန်းကြား ၁၀ ပေ စိုက်ပါက တစ်ဧကလျှင် ၄၃၅ ပင် ၀င်ဆန့်ပါသည်။
(၂) ၂၀ ပေ x ၂၀ ပေ တစ်ဧကစိုက်ကွက်မှ တစ်ကြိမ်ခုတ်လျှင် အရွက်စိုအလေးချိန် ၅ တန်နှင့် ထင်းကိုင်း အစိုအလေးချိန် ၂တန် ရရှိနိုင်ပါသည်။
(၃) ၁၀ ပေ x ၁၀ ပေ တစ်ဧက စိုက်ကွက်မှ တစ်ကြိမ်ခုတ်လျှင် အရွက်စိုအလေးချိန် ၁၉ တန်နှင့် ထင်းကိုင်း အစိုအလေးချိန် ၉ တန် ရရှိနိုင်ပါသည်။
(၄) တစ်ဧကအတွက် သစ်စိမ်း ၂တန် ထည့်သွင်းလိုပါက အပင် ၈၆ ပင်လိုအပ်မည်ဖြစ်ပါသည်။
(၅) ၅ နှစ်သားအရွယ် Gliricidia အပင် ၅ ပင်ကို ခုတ်ဖြတ်ပါက အရွက်အစို အလေးချိန် ၂၁၄ ကီလိုဂရမ်နှင့် ထင်းကိုင်းအစိုအလေးချိန် ၁၀၃ ကီလိုဂရမ် ရရှိမည်ဖြစ်ပါသည်။
(၆) အစေ့မှ စိုက်လျှင် ၂၄ လအကြာ၊ ကိုင်းဖြတ်စိုက်လျှင် ၁၈ လအကြာတွင် ကိုင်းစတင် ခုတ်သိမ်းနိုင်ပါသည်။
(၇) တစ်ကြိမ်ကိုင်းခုတ်ပြီးပါက ရေ၊ မြေ၊ ရာသီဥတု အပေါ်မူတည်၍ (၃)လ မှ (၅) လ အကြာတွင် နောက်တစ်ကြိမ်ပြန်လည် ခုတ်နိုင်ပါသည်။
Source – စိုက်ပျိုးရေးသုတေသနဦးစီးဌာန
The post Gliricidia အပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.