Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠နို့စိမ်းမှို စိုက်ပျိုးနည်း

$
0
0

မှိုစိုက်ထုပ်များကို လေ၀င်လေထွက် ရရှိ၍ တိုက်ရိုက်နေရောင်ခြည် မကျရောက်သော နေရာတွင် စိုက်ပျိုးရပါမည်။

စိုက်ခန်း၏ အပူချိန်သည် (၃၀ – ၃၅) ဒီဂရီ စင်တီဂရိတ်ရှိ၍ စိုထိုင်းစ (၈၀ – ၉၀)% ရှိရန် လိုအပ်ပါသည်။ အစိုဓာတ်မဆုံးရှုံးစေရန် စိုက်ခင်းပတ်လည်တွင် ဂုန်နီဖျင်ကာရံပြီး မျက်နှာကျက်ပြုလုပ်ပေးပါက ပိုကောင်းသည်။

မှိုစိုက်ထုပ်များကို စင်ပေါ်တွင် မျက်နှာပြင်ဖွင့်ထောင်၍ စိုက်ပျိုးနိုင်သလို ပလပ်စတစ်အိပ်ခွာ၍ မြေကျင်းထဲတွင် မြှုပ်၍လည်း စိုက်ပျိုးနိုင်ပါသည်။
အထူးလုပ်ဆောင်ချက်အနေဖြင့် စိုက်ထုပ်မျက်နှာပြင်တွင် သဲနှင့် မြေဆွေး (သို့) ကောက်ရိုးဆွေး နှင့်မြေဆွေး (သို့) တီမြေဆွေးကို (၁ – ၂) လက်မဖုံး၍ ရေအနည်းငယ်ပေးကာ စိုက်ပျိုးရပါမည်။

မှိုထုပ်များကို တိုက်ရိုက်ရေလောင်းပေးရန် မလိုဘဲ စိုက်ခန်း၏ စိုထိုင်းစမြှင့်မားအောင် ဖန်တီးပေးရန် လိုပါသည်။

စိုက်ခန်းအတွင်းရောက်ပြီး (၂) ပတ်ခန့်အကြာ မှိုသန္ဓေခဲ စတင်ထွက်ပြီး နောက်ထပ်(၁၀) ရက်ခန့် အကြာတွင် မှိုဆွတ်ခူးနိုင်ပါသည်။

ပထမအကြိမ်ဆွတ်ခူးပြီးလျှင် အပေါ်ယံမြေဆွေးကို အနည်းငယ်ဖွ၍ မြေဆွေးထပ်မံဖြည့်ပြီး ရေအနည်းငယ် ပေးရပါမည်။
ဤနည်းအားဖြင့် ဒုတိယ၊ တတိယအကြိမ် မှိုဆွတ်ခူးနိုင်ပါသည်။

သိုလှောင်သိမ်းဆည်းနည်း

အပူချိန် (၀) ဒီဂရီစင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင် သိုလှောင်ပါက ( ၂ – ၃) ပတ်အထိ ထားနိုင်ပါသည်။
အေး၍ စိုစွတ်သော နေရာတွင် ထားမည်ဆိုပါက (၄) ရက်ခန့် အထိ ထားနိုင်ပါသည်။

စားသုံးနည်း

သက်သက်လွတ်ကြော်ချက်၍ လည်းကောင်း၊ အသားနှင့် ပေါင်း၍ လည်းကောင်း၊ ဟင်းသီး၊ ဟင်းရွက်တို့ဖြင့် ကြော်ချက်၍ လည်းကောင်း စားသုံးနိုင်ပါသည်။

Source -စိုက်ပျိုးနည်းပညာ

The post ⁠နို့စိမ်းမှို စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>