Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

လီလီပန်းတွင် ကျ⁠ရောက်တတ်⁠သော သရစ်ပိုး၊ ⁠နှင်းပန်းပင်စည်ဖူးမွှား ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း

$
0
0

လီလီပန်း သရစ်ပိုး

အင်္ဂလိပ်အမည် – Lily Thrip

သိပ္ပံအမည် – Liothrips vaneeki Priesner,1920

မျိုးရင်း – Thripidae

မျိုးစဉ် – Thysanoptera

ဖျက်ဆီးပုံလက္ခဏာများ

  • အပြင်ဖက်အကြေးခွံများ၏ အခြေတွင် သံချေးရောင် နေလောင်အစက်များ ဖြစ်စေသည်။
  • အပင်များပုသွားသည်။
  • ပန်းပွင့်များတွင် ဆဲလ်များသေသွားကြပြီး ပုံသဏ္ဍာန်မမှန်ဖြစ်သွားကြသည်။

ဖျက်ပိုး၏ ၀ိသေသလက္ခဏာ

အရောင်အားဖြင့် အ၀ါရောင်မှ အနက်ရောင် ရှိသည်။

ကာကွယ်နှိမ်နင်းခြင်း

  • ပွင့်ဖူးမထွက်ခင် ရေတစ်လီတာလျှင် မာလာသီယွန် ၅၀ အီးစီ (Malathion 50EC) (၁)မီလီလီတာ (သို့မဟုတ်) ကာဘာရိုင်းလ် ၅၀ ဒဗလျူပီ (Carbaryl 50 WP) (၂)ဂရမ်နှုန်း ရောစပ်ပက်ဖျန်းပါ။
  • ဖျက်ဆီးခံထားရသော ပင်စည်ဖူးများကို မီသိုင်းလ်ဘရိုမိုဒ် (Methyl bromide) ဖြင့် အဆိပ်ငွေ့မှိုင်းတိုက်ပါ။
  • တစ်ဧကလျှင် ကာဘိုဖျူရမ် (Carbofuran) ၁.၆ – ၄ ကီလိုဂရမ်နှုန်း မြေကြီးတွင် ကျဲပက်ပါ။

နှင်းပန်းပင်စည်ဖူးမွှား

အင်္ဂလိပ်အမည် – Lily Bulb Mite

သိပ္ပံအမည် – Rhizoglyphus echinopus (Fumouze & Robin,1868)

မျိုးရင်း – Acaridae

မျိုးစဉ် – Sacroptiformes

ဖျက်ဆီးပုံလက္ခဏာများ

  • ပွင့်ဖူးများနှင့် အမြစ်များကို စားသောက်ဖျက်ဆီးသည်။
  • အကြေးဖတ်များကို ဖျက်ဆီးပြီး ပင်စည်တွင်း ၀င်ရောက်သည်။
  • ဖျက်ဆီးခံရသော အရွက်များနှင့် ပင်စည်များ အ၀ါရောင်ဖြစ်လာသည်။

ဖျက်ပိုး၏ ၀ိသေသလက္ခဏာ

  • အရွယ်အစားအရမ်းသေးငယ်ပြီး ရိုးရိုးမျက်စိဖြင့် မြင်နိုင်သည်။
  • ဖြူဝါရောင်ရှိသည်။
  • ပန်းရောင်သန်းပြီး ပုတီးလုံးနှင့်တူကာ အရောင်တောက်ပပြီး နှေးကွေးစွာရွေ့လျားသော မွှားဖြစ်သည်။

ကာကွယ်နှိမ်နင်းနည်း

  • မြေဆွေးကို အသုံးပြုပါ။
  • ပင်စည်ဖူးများကို အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ဖြင့် မိနစ် (၃၀)ကြာ (သို့မဟုတ်) အပူချိန် (၈၀၀) ဒီဂရီစင်တီဂရိတ်ဖြင့် မိနစ် (၂၀) ကြာ ရေနွေးငွေ့ဖြင့် ပိုးသန့်ပါ။
  • စပါးနှင့် သီးလှည့်စိုက်ပြီး မြေကြီးကို နေလှမ်းကာ ထယ်ထိုးပြီး အကြာကြီးရေလွှမ်းထားပါ။
  • ပင်စည်ဖူးများကို ဓာတုဆေး (သို့) ရေနွေးဖြင့် ဆေးစီရင်ပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post လီလီပန်းတွင် ကျ⁠ရောက်တတ်⁠သော သရစ်ပိုး၊ ⁠နှင်းပန်းပင်စည်ဖူးမွှား ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>