မက်မွန်စိမ်းပျ
အင်္ဂလိပ်အမည် – Green Peach Aphid
သိပ္ပံအမည် – Myzus persicae (Sulzer,1776)
မျိုးရင်း – Aphididae
မျိုးစဉ် – Hemiptera
ဖျက်ဆီးပုံလက္ခဏာ
အကောင်ငယ်များနှင့် အရွယ်ရောက်ကောင်များ နူးညံ့သော အညွန့်များနှင့် ပန်းပွင့်များနှင့် ပွင့်ဖူးများပေါ်တွင် အစုလိုက် အပြုံလိုက်တွေ့ရပြီး သစ်ရည်ကို စုပ်ယူသည်။
နူးညံ့သော အညွန့်ဖူးများ၊ ပွင့်ဖူးများ အရွယ်မတိုင်မီ ကြွေကျသွားကြပြီး ပန်းပွင့်များ အရောင်လွင့်နေသည်။
ဖျက်ပိုး၏ ၀ိသေသလက္ခဏာ
စိမ်းဝါရောင် (သို့မဟုတ်) အနီရောင် ပျပိုးများသည် သစ်ရည်ကို စုပ်ယူသည်။
ကာကွယ်နှမ်နင်းခြင်း
နီကိုတင်းဆာလ်ဖိတ် (Nicotine sulphate) စားပွဲဇွန်းတစ်ဝက်နှင့် ဆပ်ပြာမှုန့် စားပွဲဇွန်း (၂) ဇွန်း ကို ရေတစ်ဂါလံတွင် ရောစပ်ပက်ဖျန်းပါ။
ကျူးလစ်ပင်စည်ဖူးပျပိုး
အင်္ဂလိပ်အမည် – Tulip Bulb Aphid
သိပ္ပံအမည် – Dysaphis tulipae (Boyer de Fonscolombe, 1841)
မျိုးရင်း – Aphididae
မျိုးစဉ် – Hemiptera
ဖျက်ဆီးပုံလက္ခဏာများ
အပင်ငယ်များ မသန်စွမ်းဖြစ်ကြကာ အပင်များသည် ယေဘုယျအားဖြင့် ကြည့်မကောင်းဘဲ ရွဲ့ စောင်းနေသည်။
အကောင်ငယ်များနှင့် အကောင်ကြီးများသည် အရွက်များမှ သစ်ရည်ကို စုပ်ယူသည်။
အရွက်များ ၀ါဖျော့ရောင် ဖြစ်သွားကြသည်။
အရွက်များ ကောက်ကွေးသွားကြသည်။
အရွက်များစတင်ညှိုးကျသွားသည်။
ဖျက်ပိုး၏ ၀ိသေသလက္ခဏာများ
ဖယောင်းပုံပန်းရှိကာ မီးခိုးရောင်ရှိသည်။
ပင်စည်ဖူးအလွှာအောက်တွင် အစုလိုက်တွေ့ရသည်။
ကာကွယ်နှိမ်းနင်းနည်း
ရေတစ်လီတာလျှင် ဒိုင်မီသိုအိတ် ၄၀ အီးစီ (Dimethoate 40 EC) (၂) မီလီလီတာ (သို့မဟုတ်) မာလာသီယွန် ၅၀ အီးစီ (Malathion 50 EC) (၂)မီလီလီတာနှုန်း ရောစပ်ပက်ဖျန်းပါ။
ရွက်စားခူကောင်
အင်္ဂလိပ်အမည် – Tulip Bulb Aphid
သိပ္ပံအမည် – Dysaphis tulipae (Boyer de Fonscolombe, 1841)
မျိုးရင်း – Aphididae
မျိုးစဉ် – Hemiptera
ဖျက်ဆီးပုံလက္ခဏာများ
လောက်ကောင်များသည် အရွက်များကို စားသောက်ဖျက်ဆီးသည်။
ဖျက်ပိုး၏ ၀ိသေသလက္ခဏာ
အနက်ရောင်ခူကောင်ဖြစ်ကာ ဖြူနီရောင်အစက်များပါရှိသည်။
အကောင်ကြီးများသည် အညိုရောင်ရှိပြီး အ၀ါရောင်နှင့် အနီရောင် အမှတ်အသားများပါသည်။
ကာကွယ်နှိမ်နင်းခြင်း
ခူကောင်များကို လက်ဖြင့် ကောက်ယူဖျက်ဆီးပါ။
နွေထယ်ရေးထိုးပါ။
တမာစေ့ခွံ ၅% ကို ပက်ဖျန်းပါ။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post လီလီပန်းတွင် ကျရောက်တတ်သော မက်မွန်စိမ်းပျ၊ ကျူးလစ်ပင်စည်ဖူးပျပိုး၊ ရွက်စားခူကောင် ကျရောက်ပုံနှင့် ကာကွယ်နှိမ်နင်းနည်း appeared first on Myanmar Farmers' Portal.