Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

နိုကို စိုက်ပျိုးနည်း

$
0
0

မြန်မာအမည် – နိုကို

အင်္ဂလိပ်အမည် – KNOL –KHOL OR KNOL – RABI

ရုက္ခဗေဒအမည် – BRASSICA OLERACEA LINN

မျိုးရင်း – CRUCIFERAE

မူရင်းဒေသ

နိုကိုအမည်သည် ဂျာမန်ဘာသာအရ Cabbage-Turnip ဟု အဓိပ္ပါယ်ပေါ်သည်။ မူရင်းဒေသမှ ဥရောပ တိုက်အနောက်ပိုင်း တိုင်းပြည် များ ဖြစ်နိုင်ပါ သည်။ နိုကိုဥကို အသုံးမများချေ။

အမျိုးအစား

ကျော်ကြားသောမျိုးမှာ White Vienna သက်လျင်မျိုးအ၀ိုင်းနှင့်၊ အစိမ်းရင့်ရောင်ဖြော့၊ အသားညက်ပြီး၊ အရွက်အလတ်တန်းစားဖြစ်သည်။ Purple Vienna သည် (၇ – ၁၀) ရက်ပိုမို၍ အသက်ကြီး သည်။ ဥအပြင်အရောင်မှာ ခရမ်းရောင်၊ အတွင်းသားသည် အစိမ်းနု ရောင် ဖြစ်ပါသည်။ နိုကိုသည် အအေးကြိုက် အပင်မျိုးဖြစ်ပါသည်။ အာဟာရဓါတ်ပါဝင်မှုမှာ (၁၀၀) ပရမ်တွင်

အစိုဓာတ် – ၉၂.၇ ဂရမ်

ပရိုတင်းဓာတ် – ၁.၁ ဂရမ်

အဆီဓာတ် – ၀.၂ ဂရမ်

သတ္တုဓာတ် – ၀.၇ ဂရမ်

အမျှင်ဓာတ် – ၁.၅ ဂရမ်

အခြားကာဘိုဟိုက်ဒရိတ် – ၃.၈ ဂရမ်

ကယ်လိုရီ – ၂၅ ဂရမ်

ကယ်လ်ဆီယမ် – ၂၀ မီလီဂရမ်

မဂ္ဂနီစီယမ် – ၁၈ မီလီဂရမ်

အောက်ဇဲလစ်အက်ဆစ် – ၁၀မီလီဂရမ်

မီးစုံးဓာတ် – ၃၅ မီလီဂရမ်

သံဓာတ် – ၀.၄ မီလီဂရမ်

ဆိုဒီယမ် – ၁၁၂ မီလီဂရမ်

ပိုတက်ဆီယံ – ၃၇ မီလီဂရမ်

ကြေးဓာတ် – ၀.၀၉ မီလီဂရမ်

ကန့်ဓာတ် – ၁၄၃ မီလီဂရမ်

ဗီတာမင်-အေ – ၃၆ အိုင်ယူ

သိုင်ယာမင်ဓာတ် – ၀.၀၅ မီလီဂရမ်

ရိုဘိုဖလေဗင်ဓာတ် – ၀.၁၂ မီလီဂရမ်

နီကိုတင်နစ်အက်စစ် – ၀.၅ မီလီဂရမ်

နီကိုတင်နစ်အက်စစ် – ၀.၅ မီလီဂရမ်

ဗီတာမင်-စီ – ၈၅ မီလီဂရမ်

စိုက်ပျိုးသည့်ဒေသ

အအေးကြိုက်သီးနှံ ဖြစ်သဖြင့် ရှမ်းပြည်နယ်တွင် အများအပြား စိုက်ပျိုးပါသည်။ ဆောင်းရာသီတွင် မန္တလေးအစရှိသောမြို့ကြီးများတွင် လည်း အနည်းအကျဉ်းစိုက်ပျိုးပါသည်။

မြေအမျိုးအစား

သဲမြေနှင့် အလွန်စေးသော မြေမှအပ ကျန်မြေအမျိုးအစားတို့တွင် ပြုပြင်၍ စိုက်ပျိုးနိုင်ပါသည်။ ပီအိပ် (၆ – ၆.၅) မြေမျိုးကို ပို၍ နှစ် သက်ပါသည်။

ရာသီဥတု

နိုကိုဥကောင်းစွာ ဖြစ်ထွန်းနိုင်ရန် အပူချိန် (၆၅)ဒီဂရီမှ (၇၅) ဒီဂရီ ဖာရင်ဟိုက်ရှိရန် လိုအပ်ပါသည်။

စိုက်ပျိုးချိန်

မြေပြန့်ဒေသတွင် အောက်တိုဘာလ – နိုဝင်ဘာ၊ တောင်ပေါ်ဒေသတွင် မေ၊ ဇွန် နှင့်အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် စိုက်ပျိုးသည်။

မျိုးစေ့နှုန်း

တစ်ဧကအတွက် မျိုးစေ့ (၁၀ – ၁၃) အောင်စ လိုအပ်ပါသည်။

ပျိုးထောင်ခြင်း

အနံ (၂ ၁/၂)ပေ၊ အလျှား (၁၀)ပေ ရှိသောမြေဘောင် (၅)ဘောင်ကို ပြုပြင်ပြီး ၊ ဘောင်ပေါ်တွင် ကောင်းစွာ ဆွေးမြေ့ကို ပါးပါးဖြန့် ပေးထားရမည်။ ထို့နောက် မျိုးစေ့ (၁၀) အောင်စကို ညီညာစွာ ၂ လက်မ ခြား၍ မျိုးစေ့ချပေးရမည်။ တဖန် ၄င်းမျိုးစေ့ပေါ်တွင် မြေသားနှင့် သဲအနည်းငယ် ရောထားသော မြေဖြင့် ဖုံးအုပ်ထားရမည်။ (၁) လက်မမှ (၁ ၁/၂)လက်မရှည်ရှိကောက်ရိုးပြတ်များ၊ ပါးလွှာစွာ အုပ်ပြီး ရေပန်းခရားပေါက်သေးသေးဖြင့် ရေဖြန်းပေးရမည်။ လိုအပ်လျှင် သတင်းစာ စက္ကူဖြင့် (၂) ရက်ခန့် အုပ်ပေးရမည်။ (၃ – ၄) ရက်ခန့်ကြာလျှင် အညှောင့်ပေါက်လာသည်။

စိုက်ခင်းပြုပြင်ခြင်း

စိုက်ခင်းမြေကို တလခန့်ကြို၍ ပြုပြင်ထားရမည်။ နွားချေး၊ မြေဆွေးကို (၃)တန်ခန့် ထည့်ပေးရပါမည်။ ထို့နောက် ထယ်တစပ် ထွန် (၂) စပ် ၀င်ရပါမည်။

ဓာတ်မြေသြဇာကျွေးခြင်း

သဘာဝမြေသြဇာအပြင်၊ ဓာတ်မြေသြဇာကိုလည်း မြေပြုပြင်စဉ်အချိန်၌ တဧကလျှင် ယူရီးယား၊ (၁၁၂)ပေါင်၊ တီစူပါ (၁၆၀) ပေါင်၊ မြူရိတ်အော့ဖ်ပိုတက် (၅၆)ပေါင်ထည့်ပေးရပါမည်။ စိုက်ပျိုးပြီး တလခွဲခန့်တွင် ယူရီးယား (၁၁၂) ပေါင်ကို စိုက်ခင်းတွင် ထည့်ပေးရပါမည်။

ရွှေ့ပြောင်းစိုက်ပျိုးခြင်း

ပျိုးသက် (၃၀ – ၄၀) ရက်အတွင် ပြောင်းရွှေ့ ၍ စိုက်ပျိုးရပါမည်။ တပင်နှင့် တပင် (၆ – ၈)လက်မ၊ တတန်း နှင့် တတန်း (၁၀ – ၁၂) လက်မခန့်ထား၍ စိုက်ပျိုးသင့်ပါသည်။ ပေါင်းမြက်နှုတ်ခြင်း၊ မြေဆွခြင်းကို (၁၅) ရက်ခြား၍ ဆောင်ရွက်ပေးသင့်ပါသည်။ ရွှေ့ ပြောင်း စိုက်ပျိုးခြင်းကို ညနေပိုင်းတွင် ပြုလုပ်သင့်သည်။

ဆွတ်ခူးခြင်း

မြေပေါ်ရှိ ပင်စည်ဥကြီး၏ အရွယ်သည် အချင်း (၂ – ၃) လက်မရှိလျင် အပင်နှုတ်ပြီး ရေဆေး၍ ရောင်းချရပါသည်။

အထွက်

တဧကလျှင် ပျမ်းမျှ (၁၀ -၁၂) တန်ခန့် ထွက်ပါသည်။

ထားသိုခြင်း

အမှန်အားဖြင့်နိုကိုကို၊ ကြာရှည်ထားသို၍ ရောင်းချလေ့မရှိပါ။ သို့သော် စိုက်ခင်းနှင့် ဝေးလံသော ဈေးကွက်သို့ ပို့ဆောင်ရာတွင် လည်းကောင်း၊ စားသုံးသူများဝယ်ယူမှုဖြင့် ရုတ်တရက် မကုန်သေးသော ရက်ပိုင်းတွင်ထားသိုရန် အကောင်းဆုံး အနေအထားမှာ စိုထိုင်းဆ (၉၀ – ၉၅%)၊ အပူချိန် (၃၂) ဒီဂရီဖာရင်ဖိုက် ဖြစ်ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post နိုကို စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>