Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

SRI နည်း၏ အကျိုး⁠ကျေးဇူးများ

$
0
0

၁။ အသုံးပြုနေသော မျိုးစေ့လိုအပ်ချက် (တစ်ဧကနို့ဆီဗူး ၁၀ လုံးခန့်) နည်းသဖြင့် မျိုးဖိုးကုန်ကျစရိတ် သက်သာသည်။

၂။ စိုက်ခင်းအား အခြောက်ခံစနစ်ကို ကျင့်သုံးသည့်အတွက် ရေအသုံး ပြုမှုလျော့နည်းလာသည်။

၃။ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးကို အသုံးမပြုသည့်အတွက် ယင်းတို့၏ အသုံးစရိတ် လျော့ချနိုင်သည်။

၎။ မြေလွှာကို အလှည့်ကျ အခြောက်ခံပေးသည့် ပိုးမွှားနှင့် ရောဂါကျရောက်မှုလျော့ချနိုင်သည်။

၅။ အော်ဂဲနစ်စိုက်ပျိုးရေး၏ ရလဒ်အဖြစ် အရသာရှိ၍ ကျန်းမာရေးကို အထောက်အကူဖြစ်သော ဆန်ကို ရရှိသည်။

၆။ ပင်ပွားထွက်ရှိမှု အလွန်များပြားခြင်း၊ အနှံအခက်များ ပိုမိုရှည်လျားခြင်းနှင့် အစေ့အလေးချိန်တိုးသည့်အတွက် အထွက်များပြား စွာရရှိနိုင်သည်။

၇။ မူလမျိုးစေ့အနည်းငယ်မှ မျိုးစေ့အရေအတွက် များပြားစွာရရှိနိုင်သည်။

၈။ ကိုယ်ပိုင်မျိုးစေ့များကို ထုတ်ယူနိုင်သည်။

၉။ စပါးမျိုးတူလျင် မိရိုးဖလာစိုက်ပျိုးနည်းထက် အပင်သက်တမ်း (၁၀)ရက် ခန့်လျော့နည်းသည်။

၁၀။ ဇီဝဖြစ်စဉ် များပြားစွာ ဖြစ်ပေါ်သည့်အတွက် မြေဆီသြဇာတိုးတက် ဖြစ်ထွန်းသည်။

၁၁။ စပါးစေ့အရွယ်အစားတူလျှင် အလေးချိန် ပိုမိုသည်။ စပါးခွံ၊ ဖွဲ့ကြမ်း ပါဝင်မှုရာခိုင်နှုန်းနည်းပြီး စပါးအကျိုးအကြေ လျော့နည်းသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post SRI နည်း၏ အကျိုး⁠ကျေးဇူးများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>