မြန်မာအမည် – ပဲပုပ်
အင်္ဂလိပ်အမည် – SOY BEAN
သိပ္ပံအမည် – Glycine max
ရာသီဥတု
ပူဆွေးပြီး နေ့တာတိုရာသီကြိုက်သည်။ နေ့စဉ်ပျမ်းမျှအပူချိန် (၃၀)ဒီဂရီစင်တီဂရိတ်ရရှိပါက၊ ကောင်းစွာဖြစ်ထွန်းသည်။ မိုးရေချိန် (၂၄) မှ (၆၀) လက်မအတွင်းရရှိသည်။
ယခုအခါမျိုးမွေးမြူရေးလုပ်ငန်းကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့သဖြင့် နေရာဒေသအနှံ့၊စိုက်ပျိုးလျက်ရှိသည်။ နေ့တာ (၁၂)နာရီနှင့် (၁၆) နာရီကြားရရှိနိုင်ပါက ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ (၉၀၀၀)ထိ စိုက်ပျိုးနိုင်သည်။
မြေအမျိုးအစား
ရေစီးရေကောင်းသော အစိုဓါတ်ထိန်နိုင်သည့် မြေဖြစ်ပါက သဲနုန်းမြေမှ မြေစေးအထိစိုက်ပျိုးနိုင်သည်။ မြေချဉ်ငံဓာတ် ပီအိပ်(ခ်ျ)၊ ၅.၆ မှ ၇ အတွင်းရှိသောမြေသည် အကောင်းဆုံးဖြစ်သည်။ ပီအိပ်ခ်ျ ၅.၅ထက်နည်းပါက ထုံးထည့်၍မြေပြုပြင်ပေးရသည်။
မြေပြုပြင်ခြင်း
ထယ်နက်နက်တစ်စပ်၊ ထွန်(၂)စပ်မှ (၃)စပ်မွှေပြီး ထယ်ခဲကြေအောင်ဆောင်ရွက်မှ ထယ်ရေးကောင်းရရှိသည်။ထယ်ရေးမညီပဲ ထယ်စာခဲကြီးများရှိပါက မျိုးစေ့အနက်တိမ်လွန်းမှု၊ နက်လွန်းမှုတို့ကြောင့် အပင်ပေါက်ညံ့သည်။
စိုက်သင့်သည့်မျိုး
ဒေသအထွက်ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်သည်။ မျိုးစေ့အပင်ပေါက်စမ်းသပ်ပြီးမှစိုက်ရသည်။ ပင်ကြားတန်းကြား အကွာအဝေးပေါ် မူတည်၍ တစ်ဧကမျိုးစေ့ (၁၂)ပြည်မှ တစ်တင်းခန့်သုံးရသည်။ (၈၅) ရာခိုင်နှုန်းအထက် အပင်ပေါက်နှုန်းရှိမှမျိုးစေ့အဖြင့်သုံးရမည်။ သက်လျင်မျိုး (၇၅ မှ ၈၄)ရက်၊ သက်လက်မျိုး (၈၅ မှ ၉၄)ရက်၊ သက်ကြီးမျိုး (၉၅ မှ ၁၀၀)ရက်ရှိသည်။ ပဲပုပ်သည်နေ့တာတုန့်ပြန်မှုများ သဖြင့် မိမိဒေသ၊ ရေမြေရာသီဥတုနှင့် ကိုက်ညီသောအထွက်ကောင်းမျိုးကို ရွေးချယ်စိုက်ရမည်။
စိုက်ပျိုးသင့်သည့်အချိန်
ဒေသ ကာလ စိုက်ချိန် ရိတ်သိမ်းချိန်
ရှမ်းပြည်နယ် မိုးကြို ဇန်-ဖေ ဧပြီ-မေ
မိုးဦး မေ-ဇွန် သြ-စက်
မိုးလယ် သြ-စက် နို-ဖေ
မြန်မာနိုင်ငံ မိုးဦး မေ-ဇွန် သြ-စက်
(အလယ်ပိုင်း) မိုးလယ် သြ-စက် နို-ဖေ
မိုးနှောင်း အောက်-နို ဇန်-ဖေ
မြန်မာနိုင်ငံ မိုးနှောင်း စက်-အောက် ဒီ-ဇန်
(အောက်ပိုင်း)
သဘာဝမြေသြဇာ
မြေပြုပြင်မထွန်ယက်မီတစ်ဧက၊ နွားချေးလှည်း (၆) စီးထည့်ပါ။ အီးအမ်ဘိုကာရှီအပါအ၀င် သဘာဝမြေဆွေးများတွဲဖက် အသုံးပြုနိုင် သည်။
ဓာတ်မြေသြဇာ
နောက်ဆုံးထယ်ရေးပြုပြင်ချိန်တွင်၊တစ်ဧက ယူရီးယား (၂၈)ပေါင်၊ တီစူပါ (၅၆)ပေါင်မှ (၈၄)ပေါင်၊ ပိုတက်ရှ်(၅၆)ပေါင်၊ ကျောက်မှုန့် မြေသြဇာ (၁၀၀)ပေါင်၊ ဇီဖာမြေသြဇာ (၃)ပေါင်ထည့်ရမည်။ မျိုးစေ့တစ်တင်းကို ရေအနည်းငယ်ဆွတ်၍ အမိုးနီယမ်မိုလီဘီဒိတ် (၃၆၀) ဂရမ်ဖြင့် လူးနယ်ပြီးစိုက်သင့်သည်။
ရေတစ်ဂါလံလျှင် ယူရီးယားထမင်းစားဇွန်း (၄)ဇွန်းခွဲနငန်းရော၍ တစ်ဧက (၂၀ မှ ၂၅) ဂါလံအထိ ပန်းမပွင့်မီ (၂) ပတ်သားမှစ၍ တစ်ပတ်ခြားတစ်ကြိမ်၊သီးတောင့်စုံချိန်တိုင်အောင် ပက်ဖျန်းပေးရသည်။
ပဲမြစ်ဖုဇီဝမြေသြဇာ
တစ်ဧက၊ လတ်ဆက်သည့် ပဲမြစ်ဖုဇီဝမြေသြဇာအနည်းဆုံး တစ်ထုပ်သုံးရသည်။ ပဲမြစ်ဖုမြေသြဇာနှင့် မျိုးစေ့ကိုအအေးခံထားသည့် ထမင်းရေကျဲကျဲ ငှက်ပျောဖူး(၁)ပုလင်းခန့်ဖြင့် သေချာစွာလူးနယ်ရမည်။ ထို့နောက်ရရှိသောမျိုးစေ့များကိုအရိပ်အောက်တွင် အခြောက်ခံ ပြီးမှစိုက်ရမည်။ စိုက်ပြီးလျှင်ပြီးခြင်း မျိုးစေ့များကို ကြမ်းရိုက်ဖုံးရမည်။
ရွက်ဖျန်းမြေသြဇာ
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ထုတ်လုပ်သည့် ဇီဝစူပါရွက်ဖျန်းမြေသြဇာရေကို တစ်ဧက၊ တစ်ပုလင်းမဖြစ်မနေသုံးရမည်။ ပုလင်းအဖုံး တစ်ခွက်ကိုရေတစ်ဂါလံနှင့် ရော၍ပတ်ဖျန်းနိုင်သည်။
ပင်ကြား၊ တန်းကြား အကွာအဝေး
စိုက်ချိန် | အပင်ပုံစံ | ပင်ကြား (လက်မ) | တန်းကြား (လက်မ) | အပင်ဦးရေ |
မိုးရာသီ | ကိုင်းဖြာမျိုး၊ | ၃၀ | ၂.၅ မှ ၃ | (၇) သောသ်းမှ (၁) သိန်း |
မိုးရာသီ | တစ်ပင်တိုင်မျိုး | ၂၀ | ၂.၅ မှ ၃ | (၁) သိန်းမှ (၁.၃) သိန်း |
ခြောက်သွေ့ရာသီ | ကိုင်းဖြာမျိုး၊ | ၂၀ | ၂.၅ မှ ၃ | (၁) သိန်းမှ (၁.၃) သိန်း |
ခြောက်သွေ့ရာသီ | ကိုင်းဖြာမျိုး၊ | ၁၀ | ၂.၅ မှ ၃ | (၂) သိန်းမှ (၂.၆) သိန်း |
ပဲပုပ်တွင် မျိုးစေ့ဆောင် မှိုရောဂါများစွာရှိသဖြင့်၊ မစိုက်မီ မှိုသတ်ဆေး၊ ပဲမြစ်ဖုဇီဝမြေသြဇာတို့ဖြင့် လူးနယ်စိုက်ရမည်။
သီးထပ်စိုက်ပျိုးခြင်း
ပဲပုပ်ကို အောက်ဖော်ပြပါအတိုင်း သီးထပ်သီးနှံပုံစံများဖြင့် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဆည်ရေ သောက်ဒေသတွင် စပါးအခြေခံပြီး သီးထပ်စိုက်ပျိုးရာတွင် ဖေဖော်ဝါရီလမှ မေလအထိ နွေစပါး၊ ဇွန်လမှ စက်တင်ဘာလအတွင် မိုးစပါး၊ နိုဝင်ဘာလတွင် ပဲပုပ်သီးထပ် စိုက်ပျိုးနိုင်သည်။
နွေစပါး | မိုးစပါး | ပဲပုပ် |
ဖေဖော်ဝါရီ – မေ | ဇွန် – စက်တင်ဘာ | နိုဝင်ဘာ – ဇန်န၀ါရီ |
မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးကောင်းသောက်ဒေသတွင် မိုးဦး (ဇွန် – ဇူလိုင်လ) များတွင် မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်းစသည့် ယာယီသီးနှံများ စိုက်ပျိုးပြီး သြဂုတ်၊ စက်တင်ဘာလတွင် သက်လျင်စပါး၊ စိုက်ပျိုးကာ နိုဝင်ဘာလတွင် ပဲပုပ်တစ်သီးထပ်မံ စိုက်ပျိုးနိုင်သည်။
မိုးဦးမတ်ပဲ ပဲတီစိမ်း – နှမ်း | စပါးသက်လျင် | ပဲပုပ် |
ဇွန် – ဇူလိုင် | သြဂုတ် | နိုဝင်ဘာ |
မြန်မာနိုင်ငံအောက်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင် မြစ်ရေကျချိန် ကိုင်းကျွန်းမြေများတွင် လယ်မြေများတွင် လယ်သီးထပ်အဖြစ် စိုက်နိုင် သကဲ့သို့ သီးနှံပုံစံအမျိုးမျိုးတွင် ပဲပုပ်ကို ထည့်သွင်းစိုက်ပျိုးနိုင်သည်။
ဇွန် | ဇူလိုင် | သြ | စက် | အောက် | နို | ဒီ | ဇန် | ဖေ | မတ် |
ဟင်းသီးဟင်းရွက် | ကိုင်း/ကျွန်း | ပဲပုပ် | ရေသွင်းနှမ်း | ||||||
ရေမြှုပ်ချိန် | ပဲပုပ် | ရေသွင်းပြောင်း | |||||||
ပဲပုပ် | ရေသွင်းဟင်းသီးဟင်းရွက် | ||||||||
ပဲပုပ် | ရေသွင်းနွေစပါး | ||||||||
ပဲပုပ် | မြေတွင်းကျန်အစိုဓါတ်ဖြင့်မတ်ပဲ | ||||||||
ပဲပုပ် |
မြန်မာနိုင်ငံအောက်ပိုင်း လယ်မြေများတွင် လယ်သီးထပ်အဖြစ် စိုက်ပျိုးနိုင်သည်။
သီးညှပ်စိုက်ပျိုးခြင်း
ပဲပုပ်ကို ၀ါ၊ပြောင်းဖူး၊ နှံစားပြောင်း၊ ပဲစင်းငုံ စသည့်သီးနှံများဖြင့် သီးညှပ်စိုက်ပျိုးရာတွင် ၀ါ၊ ပြောင်းဖူး၊ နှံစားပြောင်းတို့ကို (၃)ပေ တန်းကြားစိုက်၍ အလယ်တွင်ပဲပုပ်တစ်တန်းစိုက်ပါ။ ပဲစင်းငုံ (၂)တန်းကို (၆)ပေခြားပြီး ကြားတွင် ပဲပုပ်(၃)တန်းကို တစ်တန်းနှင့် တစ်တန်း တစ်ပေခွဲခြားစိုက်ပါ။
လယ်မြေတွင်စိုက်ပျိုးခြင်း
(ထယ်ရေးမဲ့ စိုက်စနစ်)
နိုဝင်ဘာလလယ်ထက် စိုက်ချိန်နောက်မကျပါက ထယ်ရေးမဲ့စိုက်သည်။ ရိုးပြတ်ငုတ်အခြေတွင်၊ ပေါက်ပြား၊ လက်ထိုးတူးရွင်း (Jet type pamter) တို့ကို သုံး၍ စိုက်ကျင်းပြုလုပ်ကာ မျိုးစေ့ချစိုက်ရသည်။ စိုက်ကျင်းကို မြေဆွေး၊ ဖွဲပြာတို့ဖုံးအုပ်ပေးထားသည်။
(ရေလိုက်ကြဲစနစ်)
သက်ကြီးစပါးစိုက်လယ်များတွင် အောင်ရေထုတ်ပြီး၊ စပါးမရိတ်သိမ်းမီ မြေအစိုဓာတ် ဗျိုင်းနင်းခံနိုင်ချိန်တွင် ကြဲပတ်စိုက်ပျိုးသည်။ဤသို့ ကြဲပတ်စိုက်ပျိုးရာတွင်အစေ့သေးမျိုးများကို စိုက်ပျိုးသင့်သည်။
(ခုတ်ဖုန်းစိုက်စနစ်)
သက်လျင်၊ သက်လက်စပါး စိုက်သည့်လယ်မြေများတွင် အောင်ရေထုတ်ပြီး မြေအစိုဓါတ် လူနင်းခံနိုင်ချန်တွင် ကြဲပက်စိုက်ရသည်။ စပါးစိုက်ပြီးပါက ရိုးပြတ်များကို ဓါးဖြင့်ခုတ်၍ မြေတွင်ဖုံးအုပ်ပေးရသည်။
(ထွန်ခင်းစိုက်စနစ်)
သက်လျင်စပါး စိုက်ခင်းများတွင် အစိုဓါတ်အပြည့်အ၀ရှိပါက၊ထယ်ထိုး၊ ထွန်မွှေပြီး၊ စိုက်ထယ်ရေးကောင်းအောင် ပြုလုပ်၍ကြဲပတ်၍ ဖြစ်စေ စိုက်ကြောင်းဆွဲ၍ဖြစ်စေ စိုက်ပျိုးနိုင်သည်။
ရှမ်းပြည်နယ်တွင် မိုးဦးသီးနှံ၊ မိုးဦးသီးနှံအဖြစ်လည်းကောင်း၊ အခြားသီးနှံများနှင့်သီးထပ်အဖြင့်လည်းကောင်း စိုက်ပျိုးနိုင်သည်။
ပေါင်းမြက်နှိမ်နင်းခြင်း
စိုက်ပြီးတစ်လမှ (၄၅)ရက်ကြား မဖြစ်မနေပေါင်းရှင်းရမည်။
ရေသွင်းခြင်း
မိုးကြိုနှင့် နွေစိုက်ခင်းများတွင် ပန်းပွင့်ချိန် (၁)ကြိမ်၊ သီးတောင့်ပြည့်ချိန် (၁)ချိန် စုစုပေါင်း ရေ(၂)ကြိမ်သွင်းရမည်။ မိုးစိုက်ဖြစ်ပါကလည်း စိုက်ပြီးမိုးပြတ်ချိန်ကြာလျှင်ဖြစ်စေ၊ စောစောမိုးကုန်သွားလျှင်ဖြစ်စေ၊ အပင်သက်တမ်းတစ်လလျှောက်ရေသွင်းရမည်။
ပိုးမွှားရောဂါနှင့် ကာကွယ်ကုသနည်း
ပဲပုပ်တွင် ဖျက်ဆီးမှုများစေသည် ပိုးမွှားမှာ ပင်စည်ထိုးယင်ကောင် (Bean stem fly)၊ သီးစုပ်ဂျပိုး (Green stink bug) စက်ပြောက် သီးလုံးပေါက်ပိုးတို့ဖြစ်သည်။ အဓိကအပင်ရောဂါမှာ မျိုးစေ့ဆောင်မှုရောဂါဖြစ်သည်။ ပိုးမွှားရောဂါကျရောက်မှု နည်းပါးရန် အလေ့ကျပင် များကို ရှင်းလင်းဖယ်ရှားပါ။ ပင်စည်ထိုးယင်ကောင်ကာကွယ်ရန်၊ ပဲပုပ်ပျိုးစေ့တစ်တင်းလျှင် လာဆဒ်(၂၅၀)စီစီနှုန်းနှင့် လူးနယ်စိုက်ပါ။
သီးစုပ်ဂျပိုးကျရောက်ပါက၊ ပင်လုံးပြန့် ပိုးသက်ဆေးဖျန်းပါ။ စက်ပြောက်သီးလုံးပေါက်ပိုးကျပါက အင်ဒိုဆာလဖန်နှင့် တမာပိုးသတ်ဆေး တို့ကို ပက်ဖျန်းပါ။ သံချေးမှိုရောဂါကျလျှင် အထွက်အများဆုံးထိခိုက်၍ မင်ကိုဇော့ဆေး၊ ဒက်ကိုနိုင်ဆေး၊ အင်ဗေးစသည့်မှိုသတ်ဆေးများ ပက်ဖျန်းပါ။ သီးနှံအကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးပါ။
ရိတ်သိမ်းနယ်လှေ့မျိုးသိုလှောင်ခြင်း
သီးထောင့်များ အ၀ါရောင်ပြောင်း၍ (၉၅)ရာခိုင်နှုန်း ရင့်မှည့်ပြီး အစေ့တွင် အစိုဓာတ် (၁၃ မှ ၁၄) ရာခိုင်နှုန်း ရှိလျှင် စတင်ရိတ်သိမ်းပါ။ ရိတ်သိမ်းချိန်စောပါက လုံးပိန်၊လုံးညှပ်နှင့် အစိမ်းရောင်အစေ့များရရှိပြီး အထွက်နှင့် အရည်အသွေးကျသည်။ ရိတ်သိမ်းပြီးအပင်များကို တလင်းတွင် (၃ မှ ၄)ရက်ခန့်နေလှမ်းပြီး၊ တုတ်နှင့်ဖြစ်စေ၊ ချွေစက်ဖြင့်ဖြစ်စေ၊ အစေ့ချွေ၍ဖြစ်စေ၊ အစေ့ချွေရသည်။
ဤသို့ဆောင်ရွက်ရာတွင်မျိုးစေ့အပေါ်ယံ အခွံကွဲအက်မသွားစေရန် ဂရုပြုရမည်။ မျိုးအဖြစ်သိုလှောင်မည်ဆိုပါက အစေ့တွင်း အစိုဓာတ် (၉ မှ ၁၀) ရာခိုင်နှုန်းအထိ ရောက်အောင် ဆက်လက်နေလှမ်းပြီးမှ သိုလှောင်ရပါမည်။
The post ပဲပုပ်စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.