ပိုးမွှားဗေဒ ပညာရှင်( Entomologist )
Johann Christian Fabricius ဆိုသူက ၎င်း မျိုးစိတ်အား 1794 ခုနှစ်တွင် တွေ့ရှိ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
စပါးစေ့ ဘက်ပိုးသည် ဘင်္ဂလားဒေ့(Bangladesh) နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ကူးစက် ပျံ့နှံ့လာသည်ဟု ယူဆသည်။ ဒေသတွင်း နိုင်ငံများဖြစ်သည့် Malaysia, Vietnam, India, China, Myanmar (Burma), Cambodia, Laos and Thailand စသည့်နိုင်ငံများတွင် တွေ့ရသည်။
စပါးအနှံမထွက်မီ အရွက်များနှင့် ပင်စည်များကိုဖျက်ဆီးနိုင်သော်လည်း အထွက်နှုန်း သိသိသာသာ မထိခိုက်နိုင်ပါ။
သို့သော် စပါးနှံများ နို့ရည်တည်ချိန် ကာလတစ်လျှောက်လုံး ဖျက်ဆီး စားသောက်ကြသဖြင့် စပါးစေ့များတွင် ဒါဏ်ရာများဖြစ်ပေါ်စေသည်။အထွက်နှုန်းကိုလည်း ထိခိုက်စေနိုင်သည်။ တခါတရံ ပဲမျိုးနွယ်ဝင်အပင်များ၏(Leguminosae)အသီးနှင့် အစေ့များတွင်လည်း
ကျရောက် ဖျက်ဆီးနိုင်သည်။
၎င်း ဖျက်ပိုးကျရောက်မှုကြောင့် စပါးအထွက်နှုန်း၁၀ ရာခိုင်နှုန်း အထက် လျော့နည်းနိုင်သည်။
အရွယ်ရောက်အကောင်ကြီး အဆင့်တွင် နှိမ်နင်းမှုပြုပါက ထိရောက်မှုရှိသည်။ တမာပိုးသတ်ဆေး အသုံးပြု၍ ကြိုတင်ကာကွယ်ထားနိုင်သည်။
မီးရောင်ထောင်ချောက်များကို စိုက်ခင်းပတ်လည် စီမံထားပေးခြင်း နည်းဖြင့်လည်း နှိမ်နင်းနိုင်သည်။ ကျရောက်ဖျက်ဆီးမှု များပါက ဓာတုဆေးများအသုံးပြု၍ နှိမ်နင်းနိုင်သည်။
Credit – Nyan Myint
The post စပါးစေ့ ဘက်ပိုး appeared first on Myanmar Farmers' Portal.