Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠ဇော်မွှားပန်းတွင် ကျ⁠ရောက်တတ်⁠သော ⁠ရောဂါများအား ကာကွယ်⁠နှိမ်နင်းနည်း

$
0
0

ဖျူစေရီယမ်ပင်ညှိုးရောဂါ

အပင်ငယ်များတွင် ပထမဆုံးလက္ခဏာမှာ အရွက်များ နှင့် ပင်စည်ငယ်များ ညှိုးနွမ်းခြင်းနှင့် အတူ ပုံမှန်အရွက်များထက် အရောင်မှိန်ကာ မီးခိုးရောင် သန်းသွားသည်။

နောင်တွင် အကျိုးဆက်အားဖြင့်အပင်တစ်ပင်လုံးပြိုလဲကျသွားသည်။

ပိုမိုအသက်ရင့်သော အပင်များတွင် ရောဂါကျပါက သဏ္ဍာန်တူသော ရောဂါ လက္ခဏာများကို ပြသသော်လည်း အရွက်များတွင် အစိမ်းရောင်ပျက်ပြီးနောက် မသိသာသော ခရမ်းနီရောင် ဖြစ်လာကြသည်။

ရောဂါကျပင်စည်များ၏ ရေကြောတစ်ရှူးများတွင် ညိုရင့်ရောင် စွန်းထင်းလာသည်။

အရွက်ရောက်အပင်များတွင် ၄င်းတို့မသေမီ လပေါင်းများစွာကြာကြာ ညှိုးနွမ်းသော ရောဂါလက္ခဏာများကို တွေ့ရပြီး အကျိုးဆက်အားဖြင့် ကောက်ရိုးရောင် ဖြစ်သွားကြသည်။

ကာကွယ်နှိမ်နင်းခြင်း

ရောဂါကျအပင်များကို ရောဂါစကျသည်ဟု သတိပြုမိသည်နှင့် ချက်ချင်းဖယ်ရှားပါ။ အမြစ် စနစ်တစ်ခုလုံး နှင့် ပတ်ပတ်လည်က မြေများကို တူးဖယ်ပစ်ပြီး ဂရုစိုက် စွန့်ပစ်ပါ။

အထူ ၀.၁ မီလီမီတာ ရှိ ကြည်လင်ပြီး အလင်းဖောက်နိုင်သော ပိုလီအီသလင်း ပလတ်စတစ်ကို ရက်သုံးဆယ် ကြာအုပ်ကာ မြေကြီးကို နေလှမ်းပါ။

အော်လ်တာနေးရီးယား ရွက်စက်ပြောက်ရောဂါ

ရောဂါလက္ခဏာ

အဓိက ရောဂါလက္ခဏာမှာ အဆစ်တစ်ဝိုက် နှင့် အရွက်အခြေများတွင်ခြောက်သွေ့ခြင်း သို့မဟုတ် ပုပ်ခြင်းကို အကွင်းလိုက်တွေ့ ရသည်။ အရွက်များရှိ ရွက်စက်ပြောက်များ ပြာမှုန့်ဖြူရောင် ရှိသည်.။

အိုမင်းသော အစက်အပြောက်များ၏ ဗဟိုတွင် ညိုရင့်ရောင် မှ အနက်ရောက်ရှိသော မှိုကြီးထွားမှုကို တွေ့ရသည်။

အရွက်များ တွန့်ရှုံ့ လိမ်တွန့် ကာ ရွက်ထိပ်များသေသွားကြသည်။

ဝိုင်းပတ်ထားသော ဧရိယာတစ်ဝိုက်တွင် အကိုင်းများ အဖျားမှစ သေကာအနက်ရောင် မှိုမျှင်စုများသည် သစ်ပုပ်နာများပေါ်တွင် ဖြစ်ပေါ်လာကြသည်။

ကာကွယ်နှိမ်နင်းခြင်း

ရောဂါကျရောက်မှုလျော့နည်းစေရန် လေ၀င်လေထွက်ကောင်းအောင် ပြုလုပ်ပါ။

ရောဂါကင်းသော ပျိုးပင်များကို စိုက်ပျိုးပါ။

ကိုင်းဖြတ်များအား ရေတစ်လီတာလျှင် ဘက်ဆယ်လပ်စ်ဆပ်ဘ်တီးလစ်စ် ၂ ဂရမ်နှုန်း ရောစပ်ထားသော ဖျော်ရည်တွင် နှစ်ပါ။

ဘက်တီးရီးယားပင်ညှိုးရောဂါ

ရောဂါလက္ခဏာများ

အခြေတကျဖြစ်နေသော အပင်များ၏ အပေါ်ပိုင်းများ အရောင်ဖျော့ကာညှိုးသွားသည်။ ပင်စည်များတွင် ရှည်မျောမျော အရောင်ပျက်အစင်းများ ဖွံ့ဖြိုးလာကာ ထပ်ခြမ်းကွဲသွားခြင်းသည် ဤရောဂါ၏ ၀ိသေလက္ခဏာဖြစ်သည်။

အမြစ်များသည် တစ်စိတ်တစ်ပိုင်း ပုပ်သွားကြကာ အရောက်ပျက်သွားကြပြီး ကွေးကောက် သွားရမည့် အစား ဖြောင့်တန်းသွားသွားကြသည်။

အရွက်များတွန့်လိမ်သွားကြသည်။ အမြစ်များသည် ယေဘုယျအားဖြင့်  တစ်ဖက်တွင် မရှိဖြစ်နေကာ အရောင်ပျက်မြဲ ပျက်နေကြသည်။ ပင်ဖြတ်များ၏ အောင်ခြေတွင် အပေါ်သို့ တိုးချဲ့သွားခြင်းနှင့်အတူ ရှည်မျောမျော အညိုရောင် ဧရိယာကိုတွေ့ရသည်။

ကာကွယ်နှိမ်နင်းခြင်း

ကျန်းမာသန်စွမ်းသော အပင်များ၏ အပေါ်ပိုင်းမှ ကိုင်းဖြတ်များကို အသုံးပြုပါ။

ရောဂါကျ အပင်အကြွင်းအကျန်များကို ကောက်ယူမီးရှို့ပစ်ပါ။ အပေါ်မှ ရေလောင်းခြင်း နှင့် ရေဖျန်းခြင်းကို ရှောင်ကြဉ်ပါ။

ရောဂါကင်းသော မျိုးကို အသုံးပြုပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

 

The post ⁠ဇော်မွှားပန်းတွင် ကျ⁠ရောက်တတ်⁠သော ⁠ရောဂါများအား ကာကွယ်⁠နှိမ်နင်းနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>