Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

သစ်ခွပန်းတွင်ကျ⁠ရောက်⁠သော အင်းဆက်ဖျက်ပိုးများ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ (ယင်⁠ဖြူ၊ ခရု ⁠နှင့် ပက်ကျိ၊ ခူ⁠ကောင်၊ ပုရွက်ဆိတ်)

$
0
0

ယင်ဖြူ

အင်္ဂလိပ်အမည်                        –           Whitefly

သိပ္ပံအမည်                               –           Dialeurodes kirkaldyi (Kotinsky)

မျိုးရင်း                                      –           Aleyrodidae

မျိုးစဉ်                                       –           Hemiptera

ဖျက်ဆီးပုံလက္ခဏာများ

ပန်းဖူးများ၊ ပန်းပွင့်များ နှင့် အသစ်ကြီးထွားလာသော အရွက်၊ ပန်းများကို စားသောက်သည်။

ကာကွယ်နှိမ်နင်းနည်းများ

ကောင်းမွန်စွာ သန့်ရှင်းရေးလုပ်ပါ။  ပေါင်းမြက်များကို အမြစ်ပြတ်နှိမ်နင်းပါ။ သစ်ခွပင်များအား မာလာသီယွန် (Malathion) ဆေးဖြင့် အညွှန်းစာပါအတိုင်း အသုံးပြုပါ။ ယင်ဖြူများ မရှိတော့သည်အထိ (၄) ရက်ခြား တစ်ခါပက်ဖျန်းပါ။

ခရု နှင့် ပက်ကျိ (Snail and Slug)

အရွက်များ၊ ပန်းများနှင့် အမြစ်များတွင် အပေါက်များဖြစ်စေကာ ကြီးထွားနေသော အရွက်၊ ပန်း၊ အမြစ်ထိပ်များကို စားသောက်ဖျက်ဆီးသည်။ ၀ါးစားထားသော ဧရိယာများကို ပန်းဖူးများတွင် တွေ့ရသည်။ ခရုပက်ကျိအကျိအချွဲများကို ကြည့်ခြင်းဖြင့် ၄င်းတို့ရှိမရှိ သိနိုင်သည်။

ကာကွယ်နှိမ်နင်းခြင်း

ပြာများကိုချထားပါ။ သံဗူးဘီယာကို စိုက်ပျိုးဧရိယာတွင် ဖြန့်ချထားကာ နောက်တစ်နေ့တွင် ခရု၊ ပက်ကျိများကို ဖယ်ရှားနိုင်သည်။ သစ်ခွပင်များအား ပုံမှန် ရေလောင်းခြင်းကြောင့် ဘီယာများပြန့်ကျဲသွားနိုင်သဖြင့် ဘီယာကို ပုံမှန်အသုံးပြုရန် လိုအပ်သည်။

ခူကောင် (Caterpillar)

ဖျက်ဆီးပုံလက္ခဏာများ

ခူကောင်များသည် အစားကြီးသော အကောင်များဖြစ်ကြကာ ပန်းပွင့်များ နှင့် အရွက်များကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်သည်။

ကာကွယ်နှိမ်နင်းခြင်း

ရွက်ကြွေများနှင့် အမှိုက်သရိုက်များကို ရှင်းလင်းပါ။ ခူကောင်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးပါ။ ဘက်စလပ်သူရင်ဂျနစ်စစ် (Bacillus thuringiensis) ကို အညွှန်းစာပါအတိုင်းပက်ဖျန်းပါ။

ပုရွက်ဆိတ် (Ant)

ဖျက်ဆီးပုံလက္ခဏာများ

ပုရွက်ဆိတ်သည်တိုက်ရိုက်အားဖြင့်အနည်းငယ်သာ ပျက်စီးစေသည်။ ပျက်စီးမှုလက္ခဏာ တစ်ခုခုရှိခြင်းသည် ပျားရည်ချိုးထုတ်ပေးသော စုပ်စားပိုးများကြောင့် ဖြစ်သည်။

ကာကွယ်နှိမ်နင်းခြင်း

ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် သစ်ခွအိုးအပေါက်များမှ လောင်းချပါ။ ပုရွက်ဆိတ်များရှိပါက ပိုးစေးနှဲ၊ အကြေးပိုး နှင့် မွှားများ ကျရောက်တတ်သည်။

ပိုးဟပ် နှင့် နှံကောင် (Cockroach and Grasshopper)

ဖျက်ဆီးပုံလက္ခဏာများ

ပန်းဖူးများ၊ ပန်းပွင့်များ နှင့် အသစ်ကြီးထွားလာသော အရွက်၊ ပန်းများကို စားသောက်သည်။

ကာကွယ်နှိမ်နင်းခြင်း

ပိုးဟပ်တားဆေး

ဘော်ရစ်အက်ဆစ် အနှစ်၊ သကြား နှင့် ဂျုံမှုန့်တို့ကို ရေနှင့် ရောကာ ချောင်ကျို ချောင်ကြားအတွင်း ရောက်အောင် ဖျန်းပါ။ ဆီဗင် (Sevin) ပိုးသတ်ဆေးအရည်ကို ရေတစ်ဂါလံလျှင် လက်ဖက်စားတစ်ဇွန်းဖြင့်ဖျော်စပ်ကာအိုးထဲသို့ ပက်ဖျန်းပါ။

နှံကောင်တားဆေး

အုတ်နီခဲ၊ ဖိနပ်တို့ဖြင့် ဖိညှပ်သတ်ပစ်ပါ။ တင်လဲရည်ထည့်ထားသော ဖန်ခွက်ထဲ တစ်ဝက်တစ်ပျက် နှစ်ကာ နောက်တစ်နေ့တွင် သတ်ပစ်ပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post သစ်ခွပန်းတွင်ကျ⁠ရောက်⁠သော အင်းဆက်ဖျက်ပိုးများ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ (ယင်⁠ဖြူ၊ ခရု ⁠နှင့် ပက်ကျိ၊ ခူ⁠ကောင်၊ ပုရွက်ဆိတ်) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>