ဆည်ရေသောက်ဒေသများတွင် သုံးသီးစား သီးနှံ စိုက်ပျိုးပါက မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံ တို့အတွက် စိုက်ပျိုးမည့်သီးနှံ နှင့် စိုက်ပျိုးမည့် အချိန်ကာလအား ကြိုတင်ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါသည်။
သုံးသီးစိုက် သီးနှံပုံစံ
မိုးရာသီ ဆောင်းရာသီ နွေရာသီ
မိုးစပါး ကုလားပဲ နွေစပါး
မိုးစပါး မတ်ပဲ နွေနှမ်း
မိုးစပါး ကုလားပဲ ပဲတီစိမ်း
မိုးကြိုနှမ်း စပါး ကုလားပဲ/ နေကြာ
ပဲတီစိမ်း စပါး ကုလားပဲ/ နေကြာ
နှစ်သီးစိုက်သီးနှံပုံစံ
မိုးစပါး – ချည်မျှင်ရှည်ဝါ
မိုးစပါး – ဆီထွက်သီးနှံ
မိုးစပါး – ပဲမျိုးစုံ
ယာမြေဒေသတွင် စိုက်ပျိုးနိုင်သော သီးနှံပုံစံ
ပဲစဉ်းငုံ + မိုးမြေပဲ
မိုးနှမ်း + ပဲစဉ်းငုံ
မိုးပဲတီစိမ်း + ပဲစဉ်းငုံ
(ဇီး၊ သရက်၊ သနပ်ခါး၊ လဲမှို့) + ပဲမျိုးစုံ
နှစ်ရှည် (သနပ်ခါး၊ လျှော်ဖြူ၊ လဲမှို့) + ပဲတီစိမ်း/ မိုးနှမ်း
မိုးကောင်းသောက်ဒေသတွင် စိုက်ပျိုးနိုင်သော သီးနှံပုံစံ
မိုးစပါး – (ကုလားပဲ + နေကြာ)
မိုးစပါး – (မြေပဲ + ပြောင်း)
မိုးစပါး – နှမ်း
မိုးစပါး – မတ်ပဲ
သီးထပ် စိုက်ပျိုးခြင်းဆိုသည်မှာ တစ်နှစ်အတွင်းမြေတစ်ကွက်တည်းတွင် ပထမသီးနှံ ရိတ်သိမ်းပြီးနောက် သီးနှံ တစ်ခု ထပ်မံ စိုက်ပျိုးခြင်းကို ဆိုပါသည်။
သီးညှပ်စိုက်ပျိုးခြင်းဆိုသည်မှာ တစ်နှစ်အတွင်း မြေတစ်ကွက်တည်းတွင် သီးနှံ နှစ်မျိုးကို တစ်ပြိုင်တည်း ရောနှော စိုက်ပျိုးခြင်း ဖြစ်ပါသည်။
သီးထပ်သီးနှံများ ရွေးချယ်ရာတွင် ဂရုပြုရမည့် အချက်များ
(က) ရေလိုအပ်ချက်နည်းသော သီးနှံ ဖြစ်ရန်
(ခ) သက်တမ်းတိုသော သီးနှံမျိုးကွဲများ ဖြစ်ရန်
(ဂ) တစ်ဧကအကျိုးအမြတ်များပြီး တွက်ချေကိုက်သော သီးနှံဖြစ်ရန်။
စိုက်ပျိုးရေးဦးစီးဌာန
The post သီးနှံစိုက်ပျိုးစနစ် နှင့် သီးနှံပုံစံ appeared first on Myanmar Farmers' Portal.