Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါးကို အစိုတမန်း⁠ပြင်⁠ပေါ်တွင် တိုက်ရိုက်အ⁠စေ့ချစိုက်ပျိုး⁠ခြင်း

$
0
0

ကြဲပက်စိုက်ပျိုးခြင်း

  • ထယ်ရေးကောင်းစွာပြင်ထားသော မြေတွင် ပေါင်းမြက်ကင်းစင်အောင် ကောက်ပါ။
  • တစ်ဧက မျိုးစေ့အခြောက် (၂ – ၃) တင်းနှုန်းညီညာစွာ ကြဲပါ။
  • မျိုးစေ့ကြဲပြီး ပြန်ဖုံးပါ။

ရွှေ့ပြောင်းစိုက်ပျိုးခြင်း

  • တမန်းညက်အောင် ပြင်ထားသော မြေတွင် မြက်ပြောင်စင်အောင် ကောက်ပါ။
  • ရေစပ်စပ်ထား၍ ယူရီးယား ၅၆ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက် ၂၈ ပေါင်၊ ကျောက်မှုန့် ၁၀၀ ပေါင်ကို ညီညာစွာကြဲပါ။
  • တမန်းပြင်မျက်နှာပြင်ညီညာစေရန် ကြမ်းတုံးဖြင့်ညှိပါ။
  • ပျိုးခေါင်းပြုတ်၊ ပျိုးခါးကျိုးများကို ဖယ်ပြီး စိုက်ပါ။
  • ပျိုးပင်တမန်းထဲတွင် ၁.၅ လက်မထက်ပိုမနက်စေရန် ဂရုပြုပါ။
  • လက်ဆ (၃) ပင်ခန့်သာ သုံးပါ။
  • ကောက်စိုက်ရာတွင် ကောက်ပင်ဦးရေ ပြည့်အောင် စိုက်ပါ။
  • သက်လျင်စပါးမျိုးများတွင် ကောက်ပင်တစ်သိန်း ခုနှစ်သောင်းကျော်၊
  • သက်လတ်စပါးမျိုးများတွင် ကောက်ပင်တစ်သိန်းသုံးသောင်းကျော်၊
  • ဒေသစပါးမျိုးများတွင် ကောက်ပင်တစ်သိန်းခန့်ပြည့်အောင်စိုက်ပါ။
  • မြေညံ့သော အကွက်တွင် အပင်ဦးရေများများရအောင်စိုက်ပါ။
  • အပင်အရပ်ရှည်သော စပါးမျိုးကို စိပ်စိပ်မစိုက်ပါ နှင့် အပင်ယိုင်လဲတတ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

The post စပါးကို အစိုတမန်း⁠ပြင်⁠ပေါ်တွင် တိုက်ရိုက်အ⁠စေ့ချစိုက်ပျိုး⁠ခြင်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>