၁။ နွေရာသီတွင် အေးသော အရောင်များ ဖြစ်ကြသည့် အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင် ပန်းပွင့်များ ပွင့်စေသော အပင်များကို စိုက်သင့်သည်။
၂။ မိုးရာသီ၊ ဆောင်းရာသီတွင် ပူသော အရောင်များ ဖြစ်ကြသည့် အနီရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင် တို့ကို ပွင့်စေသော အပင်များကို စိုက်သင့်သည်။
၃။ ခြံစည်းရိုးပင် အဖြစ် ချုံပင် အမျိုးအစားများကို စိုက်ပျိုး၍ ပုံသွင်းသင့်သည်။
၎။ ဒုတိယ ခြံစည်ရိုးအဖြစ် သစ်ပင်လတ်များကို စိုက်ပျိုးသင့်သည်။
၅။ တတိယခြံစည်းရိုးနှင့် လေကာပင်များအဖြစ် သစ်ပင်ကြီးများကို စိုက်ပျိုးသင့်သည်။
၆။ ပန်းဥယျာဉ်၏ အချက်အချာ နေရာများတွင် နိမ့်သောအပင်များကို စိုက်သင့်သည်။
၇။ အနားယူ ခုံတန်းလျားများ အနီးတွင် သစ်ပင်လတ်များ၊ အရိပ်ပေးနိုင်သည့် သစ်ပင်ကြီးများကို စိုက်သင့်သည်။
၈။ လူသွားလမ်းဘေး တစ်ဖက် တစ်ချက်၌ချုံပင်များ စိုက်သင့်သည်။
၉။ လူသွားလမ်းကျယ်ဘေး တစ်ဖက်တစ်ချက်၌ ချုံပင်များ တစ်တန်းစီ၊ သစ်ပင်လတ်များ တစ် တန်းစီ စိုက်သင့်သည်။
၁၀။ အပင်တိုင်းတွင် အမည်၊ အင်္ဂလိပ်အမည်၊ ရုက္ခဗေဒအမည် နှင့် မျိုးရင်းတို့ကို ကမ္ပည်း ထိုးထားသင့်သည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ပန်းဥယျာဉ်အပင် စိုက်ပျိုးရေး အခြေခံ သဘောတရားများ appeared first on Myanmar Farmers' Portal.