ျမန္မာအမည္ – မုန္ညင္းထုပ္
အဂၤလိပ္အမည္္ – CHINESE CABBAGE
႐ုကၡေဗဒအမည္ – Bassica chinensis
မ်ဳိးရင္းအမည္ – CRUCIFERAE
မူရင္းေဒသ
တ႐ုတ္ျပည္ေျမာက္ပိုင္း၊ ရွန္ေတာင္ေဒသသည္ မူရင္းေဒသဟု ယူဆရသည္။
စိုက္ပ်ဳိးသည့္ေဒသ
ကမၻာအႏွံ႔အျပားတြင္ စိုက္ပ်ဳိးသည္။ အမ်ားဆံုးစုိက္ပ်ဳိးေသာ ေဒသမွာ တ႐ုတ္၊ ဂ်ပန္ႏွင့္ အာရွေတာင္ပိုင္းျဖစ္သည္။ ျမန္မာျပည္တြင္ ေဒသမေရြး စိုက္ပ်ဳိးႏုိင္ေသာ္လည္း ရွမ္းျပည္နယ္ တြင္ သင့္ေတာ္ ေသာ ရာသီဥတုရွိျခင္းေၾကာင့္ အစုိက္မ်ားသည္။
အမ်ဳိးအစား
မုန္ညင္းထုပ္သည္ ေဂၚဖီမ်ဳိးရင္းထဲပါ၀င္ၿပီး၊ ေအးေသာရာသီဥတုကုိ ႀကိဳက္ႏွစ္သက္သည္။ ပံုသ႑ာန္ အားျဖင့္ မုန္ညင္းထုပ္ အရွည္မ်ဳိးႏွင့္ အပုမ်ဳိးရွိသည္။ သက္တမ္းအားျဖင့္ သက္ရင့္မ်ဳိး၊ သက္လတ္မ်ဳိးႏွင့္ သက္ႀကီးမ်ဳိးဟူ၍ (၃) မ်ဳိးခြဲျခားႏုိင္သည္။
ေျမႏွင့္ ရာသီဥတု
ေျမအမ်ဳိးမ်ဳိးတြင္ စုိက္ပ်ဳိးႏုိင္ေသာ္လည္း ေျမဆီၾသဇာ ျပည့္စံုရန္ အေရးႀကီးသည္။ ေျမည့ံတြင္ ေနာက္ ေခ်း၊ ေျမေဆြး၊ မ်ားမ်ားထည့္ေပးရန္ လုိသည္။ အထူးသျဖင့္ ေရမ၀ပ္ေသာ ေျမျဖစ္ရမည့္အျပင္ ေျခာက္ေသြ႕ လြယ္ေသာ ေျမလည္း မဟုတ္ရေပ။ ေျမ၏ အခ်ဥ္ဓာတ္ကို အေတာ္အတန္ခံႏိုင္ရည္ရွိၿပိး pH (၅.၃) မွ (၆.၅) အထိ စိုက္ပ်ဳိးႏိုင္သည္။ ကယ္လ္ဆီယမ္ နည္းေသာ ေျမတြင္ အူတုိင္ပုပ္တတ္သည္။ ထုိ္႔ေၾကာင့္ မုိးမ်ားေသာ ေဒသမ်ားတြင္ မုိးေရျဖင့္ ကယ္လ္ဆီယမ္မ်ား ဆံုး႐ံႈးတတ္ျခင္းေၾကာင့္၊ ၄င္းဓာတ္ပါေသာ ဓာတ္ေျမၾသဇာမ်ား (အ႐ုိးမႈန္႔ gypsum) ကုိ ထည့္ေပးရန္ လုိသည္။ မုိးမ်ားေသာ ရာသီတြင္ ေရာဂါအလြန္ က်ေရာက္ေသာေ ၾကာင့္ မိုးနည္းေသာအခ်ိန္ကို ေရြးစုိက္ရမည္။ မုန္ညင္းထုပ္သည္ အေအးႀကိဳက္ေသာ သီးႏွံျဖစ္ ၍ အေအးဓာတ္ကို အေတာ္အတန္ခံႏုိင္ရည္ရွိသည္။ တစ္ႏွစ္ပတ္လံုး မုိးေရခ်ိန္ သင့္တင့္စြာ ရြာသြန္းေသာ ေဒသတို႔တြင္ မုန္ညင္း ထုပ္ကို တစ္ႏွစ္ပတ္လံုး စိုက္ပ်ဳိးႏိုင္သည္။ အသင့္ေတာ္ဆံုးအပူခ်ိန္မွာ (၁၅-၂၀) ဒီဂရီစင္တီဂရိတ္ ျဖစ္ပါသည္။
မ်ဳိးေစ့ႏႈန္းထား
တစ္ဧကလွ်င္ (၁၀၀-၂၀၀) ဂရမ္
ေျမၾသဇာႏႈန္းထား
တစ္ဧကအတြက္
ႏြားေခ်း – ၁၀-၁၅ တန္
ယူရီးယား – ၂၂၄ ေပါင္
တီစူပါ – ၁၁၂ ေပါင္
ပိုတက္ရွ္ – ၅၆ ေပါင္
ႏြားေခ်း၊ တီစူပါ၊ ပိုတက္ရ္ွႏွင့္ ယူရီးယား၊ (၁၁၂) ေပါင္တုိ႔ကုိ မစိုက္ပ်ဳိးမီေျမတြင္ ထည့္သြင္းၿပီး က်န္ ယူရီးယား (၁၁၂) ေပါင္ကို (၂) ႀကိမ္ခြဲထည့္ေပးသင့္သည္။
စိုက္ပ်ဳိးျခင္း
မုန္ညင္းထုပ္ကို ပ်ဳိးမေထာင္ဘဲ မ်ဳိးေစ့မွ တုိက္႐ုိက္စိုက္ပ်ဳိးျခင္းက ပိုေကာင္းသည္။ ေအာက္ပါ ေဖာ္ျပထားေသာ အပင္အကြာအေ၀းဆံုသည့္ေနရာတြင္ မ်ဳိးေစ့ (၁၀) ေစ့ခန္႔ခ်၍ ေျမႏွင့္ ပါးပါးဖံုးၿပီး စိုက္ရမည္။ သက္လ်င္မ်ဳိးတြင္ အတန္းအကြာအေ၀း (၂) ေပ၊ အပင္အကြာအေ၀း (၁၁/၂) ေပ၊ သက္ႀကီးမ်ဳိး အတန္းအကြာ အေ၀း (၂၁/၂) ေပ၊ အပင္အကြာအေ၀း (၁.၈) ေပ၊ သက္လတ္မ်ဳိး၏ အပင္အကြာအေ၀းမွာ သက္ႀကီးသက္ လတ္ၾကားတြင္ ျဖစ္သည္။ ရာသီဥတုပူျပင္းလွ်င္ အေစ့ခ်ထားေသာ ေနရာကုိ ေကာက္႐ုိးႏွင့္ ပါးပါးအုပ္ထားရ မည္။ အပင္ေပါက္လာမွ ဖယ္ရွားေပးရမည္။ မ်ဳိးေစ့ကုိ မစိုက္ပ်ဳိးမီ အာဂ႐ိုေဆးမႈန္႔ျဖင့္ လူးေပးပါ။
အပင္ျပဳစုျခင္း
အပင္ေလးမ်ား အရြက္ (၃) ရြက္ခန္႔ရွိေသာအခ်ိန္တြင္ ပထမအႀကိမ္ အပင္မႈန္းေပးရမည္။ စိုက္က်င္းတစ္က်င္းလွ်င္ (၃-၄) ပင္ခ်န္၍ မႈန္းပါ။ အရြက္ (၈) ရြက္ ထြက္လာေသာအခါ ဒုတိယ အႀကိမ္ (၂) ပင္ခ်န္၍ မႈန္းပါ။ အရြက္ (၈) ရြက္ရွိလာေသာအခ်ိန္တြင္ အေကာင္းဆံုးအပင္တစ္ပင္ကို ခ်န္၍ တတိယအႀကိမ္ မႈန္းပါ။ စိုက္ၿပီး (၂၅) ရက္အၾကာတြင္ ေပါင္းလုိက္ေျမဆြေပးပါ။ မုန္ညင္းထုပ္အျမစ္သည္ ေျမအေပၚပိုင္းတြင္ သာ ရွိေသာေၾကာင့္ အျမစ္မ်ားမထိခိုက္ေစရန္ သတိျပဳပါ။ အျမစ္ထိခိုက္က ေျမေဆာင္ေရာဂါ၀င္ေရာက္ရန္ လြယ္ကူျခင္းေၾကာင့္ျဖစ္သည္။ အတတ္ႏိုင္ဆံုး ေပါင္းလုိက္ ေျမဆြျခင္းကို အႀကိမ္နည္းနည္းႏွင့္ ႏိုင္ႏိုင္နင္းနင္း ေဆာင္ရြက္ရန္လုိသည္။ အပင္ေျခရင္းကို ေျမတင္ေပးရာ၌ အပင္၏ ေအာက္အရြက္ႀကီးမ်ား ေျမႀကီးႏွင့္ မပိမိေစရန္ ဂ႐ုျပဳပါ။
ေရသြင္းျခင္း
မုန္ညင္းထုပ္သည္ အစုိဓာတ္အၿမဲရွိေနသည္ကုိ ႀကိဳက္ႏွစ္သက္ေသာ္လည္း ေရ၀ပ္ျခင္းကို ေၾကာက္သည္။ အထူးသျဖင့္ အပင္စတင္ထုပ္လာေသာအခ်ိန္တြင္ ေရပိုလုိအပ္သည္။ အပင္သည္ ထုပ္လာၿပီး ဆက္လက္ႀကီးထြားမႈမရွိလွ်င္ ႏုိက္ထ႐ိုဂ်င္ ဓာတ္ေျမၾသဇာ ထည့္ေပးရန္ လိုသည္။ အပင္ပတ္လည္တြင္ ယူရီးယားေျမၾသဇာ ခ်ေပးပါ။
ပိုးမႊားေရာဂါမ်ား
စိန္ကြက္ဖလံ ပင္စည္ပုပ္ေရာဂါမ်ား က်ေလ့ရွိပါသည္။
ရိတ္သိမ္းျခင္း
မုန္ညင္းထုပ္သည္ က်စ္၍မာလာလွ်င္ စတင္ရိတ္သိမ္းရမည္။ ၾကာျမင့္စြာ စိုက္ခင္းတြင္ ဆက္လက္ထားရွိက အထုပ္ကြဲလာျခင္း၊ ပုပ္သြားျခင္း ျဖစ္ေစသည္။ အထုပ္၏ အျပင္ဘက္ဆံုး အေရာင္ပ်က္ေန ေသာ အရြက္မ်ားကုိ ခြာပစ္ရမည္။ မုန္ညင္းထုပ္ အကာအကြယ္ရေစရန္အတြက္ ေအာက္အရြက္ (၃) ရြက္ခ်န္ ထား၍ ဆက္ခူးရမည္။
အထြက္ႏႈန္း
တစ္ဧကလွ်င္ (၅၀၀၀ – ၇၀၀၀) ပိႆာ ထြက္သည္။
မ်ဳိးေစ့ ထုတ္လုပ္ျခင္း
ေဂၚဖီထုပ္ကဲ့သို႔ ျဖစ္သည္။ သို႔ရာတြင္ အထုပ္ကုိ ခြဲေပးရန္ မလုိေခ်။ ေျမျပန္႔ေဒသတြင္ မ်ဳိးေစ့ထုတ္ လုပ္ႏိုင္ေသာ္လည္း အပူခ်ိန္ (၅) ဒီဂရီစင္တီဂရိတ္ေအာက္ က်ဆင္းသြားမွသာ ပြင့္တံထြက္လာႏုိင္ပါသည္။
စိုက္ပ်ိဳးေရးဦးစီးဌာန
Unicode ျဖင့္ဖတ္ရန္
မုန်ညင်းထုပ် စိုက်ပျိုးနည်း
=====================
မြန်မာအမည် – မုန်ညင်းထုပ်
အင်္ဂလိပ်အမည် – CHINESE CABBAGE
ရုက္ခဗေဒအမည် – Bassica chinensis
မျိုးရင်းအမည် – CRUCIFERAE
မူရင်းဒေသ
တရုတ်ပြည်မြောက်ပိုင်း၊ ရှန်တောင်ဒေသသည် မူရင်းဒေသဟု ယူဆရသည်။
စိုက်ပျိုးသည့်ဒေသ
ကမ္ဘာအနှံ့အပြားတွင် စိုက်ပျိုးသည်။ အများဆုံးစိုက်ပျိုးသော ဒေသမှာ တရုတ်၊ ဂျပန်နှင့် အာရှတောင်ပိုင်းဖြစ်သည်။ မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း ရှမ်းပြည်နယ် တွင် သင့်တော် သော ရာသီဥတုရှိခြင်းကြောင့် အစိုက်များသည်။
အမျိုးအစား
မုန်ညင်းထုပ်သည် ဂေါ်ဖီမျိုးရင်းထဲပါဝင်ပြီး၊ အေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ပုံသဏ္ဍာန် အားဖြင့် မုန်ညင်းထုပ် အရှည်မျိုးနှင့် အပုမျိုးရှိသည်။ သက်တမ်းအားဖြင့် သက်ရင့်မျိုး၊ သက်လတ်မျိုးနှင့် သက်ကြီးမျိုးဟူ၍ (၃) မျိုးခွဲခြားနိုင်သည်။
မြေနှင့် ရာသီဥတု
မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း မြေဆီသြဇာ ပြည့်စုံရန် အရေးကြီးသည်။ မြေညံ့တွင် နောက် ချေး၊ မြေဆွေး၊ များများထည့်ပေးရန် လိုသည်။ အထူးသဖြင့် ရေမဝပ်သော မြေဖြစ်ရမည့်အပြင် ခြောက်သွေ့ လွယ်သော မြေလည်း မဟုတ်ရပေ။ မြေ၏ အချဉ်ဓာတ်ကို အတော်အတန်ခံနိုင်ရည်ရှိပြိး pH (၅.၃) မှ (၆.၅) အထိ စိုက်ပျိုးနိုင်သည်။ ကယ်လ်ဆီယမ် နည်းသော မြေတွင် အူတိုင်ပုပ်တတ်သည်။ ထို့်ကြောင့် မိုးများသော ဒေသများတွင် မိုးရေဖြင့် ကယ်လ်ဆီယမ်များ ဆုံးရှုံးတတ်ခြင်းကြောင့်၊ ၎င်းဓာတ်ပါသော ဓာတ်မြေသြဇာများ (အရိုးမှုန့် gypsum) ကို ထည့်ပေးရန် လိုသည်။ မိုးများသော ရာသီတွင် ရောဂါအလွန် ကျရောက်သောေ ကြာင့် မိုးနည်းသောအချိန်ကို ရွေးစိုက်ရမည်။ မုန်ညင်းထုပ်သည် အအေးကြိုက်သော သီးနှံဖြစ် ၍ အအေးဓာတ်ကို အတော်အတန်ခံနိုင်ရည်ရှိသည်။ တစ်နှစ်ပတ်လုံး မိုးရေချိန် သင့်တင့်စွာ ရွာသွန်းသော ဒေသတို့တွင် မုန်ညင်း ထုပ်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ အသင့်တော်ဆုံးအပူချိန်မှာ (၁၅-၂၀) ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။
မျိုးစေ့နှုန်းထား
တစ်ဧကလျှင် (၁၀၀-၂၀၀) ဂရမ်
မြေသြဇာနှုန်းထား
တစ်ဧကအတွက်
နွားချေး – ၁၀-၁၅ တန်
ယူရီးယား – ၂၂၄ ပေါင်
တီစူပါ – ၁၁၂ ပေါင်
ပိုတက်ရှ် – ၅၆ ပေါင်
နွားချေး၊ တီစူပါ၊ ပိုတက်ရ်ှနှင့် ယူရီးယား၊ (၁၁၂) ပေါင်တို့ကို မစိုက်ပျိုးမီမြေတွင် ထည့်သွင်းပြီး ကျန် ယူရီးယား (၁၁၂) ပေါင်ကို (၂) ကြိမ်ခွဲထည့်ပေးသင့်သည်။
စိုက်ပျိုးခြင်း
မုန်ညင်းထုပ်ကို ပျိုးမထောင်ဘဲ မျိုးစေ့မှ တိုက်ရိုက်စိုက်ပျိုးခြင်းက ပိုကောင်းသည်။ အောက်ပါ ဖော်ပြထားသော အပင်အကွာအဝေးဆုံသည့်နေရာတွင် မျိုးစေ့ (၁၀) စေ့ခန့်ချ၍ မြေနှင့် ပါးပါးဖုံးပြီး စိုက်ရမည်။ သက်လျင်မျိုးတွင် အတန်းအကွာအဝေး (၂) ပေ၊ အပင်အကွာအဝေး (၁၁/၂) ပေ၊ သက်ကြီးမျိုး အတန်းအကွာ အဝေး (၂၁/၂) ပေ၊ အပင်အကွာအဝေး (၁.၈) ပေ၊ သက်လတ်မျိုး၏ အပင်အကွာအဝေးမှာ သက်ကြီးသက် လတ်ကြားတွင် ဖြစ်သည်။ ရာသီဥတုပူပြင်းလျှင် အစေ့ချထားသော နေရာကို ကောက်ရိုးနှင့် ပါးပါးအုပ်ထားရ မည်။ အပင်ပေါက်လာမှ ဖယ်ရှားပေးရမည်။ မျိုးစေ့ကို မစိုက်ပျိုးမီ အာဂရိုဆေးမှုန့်ဖြင့် လူးပေးပါ။
အပင်ပြုစုခြင်း
အပင်လေးများ အရွက် (၃) ရွက်ခန့်ရှိသောအချိန်တွင် ပထမအကြိမ် အပင်မှုန်းပေးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် (၃-၄) ပင်ချန်၍ မှုန်းပါ။ အရွက် (၈) ရွက် ထွက်လာသောအခါ ဒုတိယ အကြိမ် (၂) ပင်ချန်၍ မှုန်းပါ။ အရွက် (၈) ရွက်ရှိလာသောအချိန်တွင် အကောင်းဆုံးအပင်တစ်ပင်ကို ချန်၍ တတိယအကြိမ် မှုန်းပါ။ စိုက်ပြီး (၂၅) ရက်အကြာတွင် ပေါင်းလိုက်မြေဆွပေးပါ။ မုန်ညင်းထုပ်အမြစ်သည် မြေအပေါ်ပိုင်းတွင် သာ ရှိသောကြောင့် အမြစ်များမထိခိုက်စေရန် သတိပြုပါ။ အမြစ်ထိခိုက်က မြေဆောင်ရောဂါဝင်ရောက်ရန် လွယ်ကူခြင်းကြောင့်ဖြစ်သည်။ အတတ်နိုင်ဆုံး ပေါင်းလိုက် မြေဆွခြင်းကို အကြိမ်နည်းနည်းနှင့် နိုင်နိုင်နင်းနင်း ဆောင်ရွက်ရန်လိုသည်။ အပင်ခြေရင်းကို မြေတင်ပေးရာ၌ အပင်၏ အောက်အရွက်ကြီးများ မြေကြီးနှင့် မပိမိစေရန် ဂရုပြုပါ။
ရေသွင်းခြင်း
မုန်ညင်းထုပ်သည် အစိုဓာတ်အမြဲရှိနေသည်ကို ကြိုက်နှစ်သက်သော်လည်း ရေဝပ်ခြင်းကို ကြောက်သည်။ အထူးသဖြင့် အပင်စတင်ထုပ်လာသောအချိန်တွင် ရေပိုလိုအပ်သည်။ အပင်သည် ထုပ်လာပြီး ဆက်လက်ကြီးထွားမှုမရှိလျှင် နိုက်ထရိုဂျင် ဓာတ်မြေသြဇာ ထည့်ပေးရန် လိုသည်။ အပင်ပတ်လည်တွင် ယူရီးယားမြေသြဇာ ချပေးပါ။
ပိုးမွှားရောဂါများ
စိန်ကွက်ဖလံ ပင်စည်ပုပ်ရောဂါများ ကျလေ့ရှိပါသည်။
ရိတ်သိမ်းခြင်း
မုန်ညင်းထုပ်သည် ကျစ်၍မာလာလျှင် စတင်ရိတ်သိမ်းရမည်။ ကြာမြင့်စွာ စိုက်ခင်းတွင် ဆက်လက်ထားရှိက အထုပ်ကွဲလာခြင်း၊ ပုပ်သွားခြင်း ဖြစ်စေသည်။ အထုပ်၏ အပြင်ဘက်ဆုံး အရောင်ပျက်နေ သော အရွက်များကို ခွာပစ်ရမည်။ မုန်ညင်းထုပ် အကာအကွယ်ရစေရန်အတွက် အောက်အရွက် (၃) ရွက်ချန် ထား၍ ဆက်ခူးရမည်။
အထွက်နှုန်း
တစ်ဧကလျှင် (၅၀၀၀ – ၇၀၀၀) ပိဿာ ထွက်သည်။
မျိုးစေ့ ထုတ်လုပ်ခြင်း
ဂေါ်ဖီထုပ်ကဲ့သို့ ဖြစ်သည်။ သို့ရာတွင် အထုပ်ကို ခွဲပေးရန် မလိုချေ။ မြေပြန့်ဒေသတွင် မျိုးစေ့ထုတ် လုပ်နိုင်သော်လည်း အပူချိန် (၅) ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းသွားမှသာ ပွင့်တံထွက်လာနိုင်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post မုန္ညင္းထုပ္ စုိက္ပ်ဳိးနည္း appeared first on Myanmar Farmers' Portal.