၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် Winrock International ၏ နည်းပညာပိုင်း ပံ့ပိုးမှုဖြင့် မိုင်းပွန်၊ ရပ်စောက်၊ ကျောက်တစ်လုံးကြီး၊ အင်တော၊ ပင်းတယ နှင့် မိုးနဲမြို့ နယ်များတွင် ဖွဲ့စည်းခဲ့သော ပဲပုပ်မျိုးစေ့ထုတ်လုပ်သူ အဖွဲ့များသည် မျိုးရိုးဗီဇကောင်းမွန်၍ မျိုးရောမပါသော မျိုးသန့် မျိုးစေ့ များကို မြန်မာနိုင်ငံမျိုးစေ့ဥပဒေနှင့် အညီ စတင်ထုတ်လုပ်လျက်ရှိပါသည်။
ပဲပုပ်မျိုးစေ့ ထုတ်လုပ်သူအဖွဲ့များသည် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ထုတ်လုပ်ထားသော ရေဆင်း – ၁၄၊ ရေဆင်း – ၁၂၊ ရေဆင်း – ၁၁ နှင့် ရေဆင်း- ၆ ဆင့်ပွား မျိုးစေ့များကို ၀ယ်ယူပြီး တိကျသော နည်းပညာ လမ်းညွှန်မှုများ နှင့် အညီ ၄င်းတို့၏ ခြံများတွင် ထပ်ဆင့်ပွားများ ထားပါသည်။
ဒေသမျိုးများကိုလည်း တိကျသော နည်းပညာ လမ်းညွှန်မှုများနှင့်အညီ ၄င်းမျိုးစေ့ ထုတ်လုပ်သူ အဖွဲ့ များမှ ထုတ်လုပ်ထားပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
unicode ဖြင့်ဖတ်ရန်
ပဲပုပ်မျိုးသစ်များ
============
၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် Winrock International ၏ နည်းပညာပိုင်း ပံံ့ပိုးမှုဖြင့် မိုင်းပွန်၊ ရပ်စောက်၊ ကျောက်တစ်လုံးကြီး၊ အင်တော၊ ပင်းတယ နှင့် မိုးနဲမြို့နယ်များတွင် ဖွဲ့စည်းခဲ့သော ပဲပုပ်မျိုးစေ့ထုတ်လုပ်သူ အဖွဲ့များသည် မျိုးရိုးဗီဇကောင်းမွန်၍ မျိုးရောမပါသော မျိုးသန့် မျိုးစေ့ များကို မြန်မာနိုင်ငံမျိုးစေ့ဥပဒေနှင့် အညီ စတင်ထုတ်လုပ်လျက်ရှိပါသည်။
ပဲပုပ်မျိုးစေ့ ထုတ်လုပ်သူအဖွဲ့များသည် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ထုတ်လုပ်ထားသော ရေဆင်း – ၁၄၊ ရေဆင်း – ၁၂၊ ရေဆင်း – ၁၁ နှင့် ရေဆင်း- ၆ ဆင့်ပွား မျိုးစေ့များကို ဝယ်ယူပြီး တိကျသော နည်းပညာ လမ်းညွှန်မှုများ နှင့် အညီ ၎င်းတို့၏ ခြံများတွင် ထပ်ဆင့်ပွားများ ထားပါသည်။
ဒေသမျိုးများကိုလည်း တိကျသော နည်းပညာ လမ်းညွှန်မှုများနှင့်အညီ ၎င်းမျိုးစေ့ ထုတ်လုပ်သူ အဖွဲ့ များမှ ထုတ်လုပ်ထားပါသည်။
ရေဆင်း – ၁၄ ၊ ရေဆင်း – ၁၂၊ ရေဆင်း – ၁၁ နှင့် ရေဆင်း – ၆ မျိုးများကို ဝယ်ယူလိုပါက မိမိတို့နှင့် နီးစပ်ရာ မျိုးစေ့ထုတ်လုပ်သူအဖွဲ့များ၏ ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ် ယူနိုင်ပါသည်။
The post ပဲပုပ္မ်ိဳးသစ္မ်ား appeared first on Myanmar Farmers' Portal.