ျမန္မာျပည္အနွံ႔တြင္ ေတြ႕ရျပီး ေၾကာ္ခ်က္စားသံုးနိုင္သည္။ ဟင္းရည္အျဖစ္လည္း ဖန္တီး စား သံုးနိုင္သည္။ ဆူးပုပ္ကေလးမ်ိဳးနွင့္ ဆူးပုပ္ၾကီးမ်ိဳးဟူ၍ နွစ္မ်ိဳးခြဲျခားထားသည္။ဆူးပုပ္ၾကီး မ်ိဳး ထက္ အရြယ္အစားေရာ အပင္အရြယ္အစားပါ ေသးငယ္သည္။ အရြက္အန႔ံမွာလည္း ဆူးပုပ္ ကေလးသည္ မေကြး၊ ေက်ာက္ပန္းေတာင္း ကဲ့သို႔ ေျမလတ္ေဒသမ်ားတြင္ အစိုက္မ်ားသည္။ ထိုေဒသမ်ားတြင္ ဆူးပုပ္ၾကီးထက္ ဆူးပုပ္ကေလးကို ပို၍ အသံုးမ်ားသည္။
ဆူးပုပ္ၾကီးမ်ိဳးသည္ ဆူးပုပ္ကေလးမ်ိဳးထက္ အပင္အရြယ္အစားနွင့္ အရြက္အရြယ္အစားပိုၾကီး သည္။ အရြက္အနံမွာလည္း ဆူးပုပ္ကေလးထက္ပို၍ ျပင္းသည္။ ပဲၾကီးဟင္းခ်ိဳခ်က္ရာတြင္ ဆူးပုပ္ၾကီးကို အမ်ားဆံုးထည့္ ခ်က္သည္။ ဆူးပုပ္ၾကီးမ်ိဳး (၃) မ်ိဳးရွိပါသည္။ ဆူးက်ဲမ်ိဳး၊ ဆူးလတ္မ်ိဳး ဆူးစိပ္မ်ိဳး ဟူ၍ ျဖစ္သည္။
၁။ ေရေျမရာသီဥတု
ဆူးပုပ္သည္ ျမန္မာျပည္အနွံအျပား ေတာင္ေပၚေျမျပန္႔မေရြး ျဖစ္ထြန္းသျဖင့္ ရာသီဥတု မေရြးေသာ အပင္ျဖစ္သည္။ ဆူးပုပ္သည္ ေရဝပ္သည့္ စိမ့္စြဲေျမမ်ိဳးကို မနွစ္သက္ပါ။ ေျမေစး၊ စနယ္ေျမေစးကိုလည္း မနွစ္သက္ပါ။ ေျမေအာက္ပိုင္းတြင္ ဂဝံေျမ၊ သဲေျမ၊ ေက်ာက္စရစ္ အနည္းခံေသာေျမေပၚတြင္ အေပၚေျမသားထူက ေကာင္းပါသည္။ ေရနုတ္အားေကာင္းေသာ ေျမမ်ိဳးျဖစ္ရပါမည္။
၂။ စိုက္ခင္း ေျမျပဳျပင္ျခင္း
စိုက္ခင္းျပဳလုပ္မည့္ ေျမေနရာသည္ေျမရိုင္း ျဖစ္ပါက မိုးမက်မွီ သစ္ငုတ္တူးျခင္း၊ သစ္ငုတ္မ်ားေျပာင္ေအာင္ ေကာက္ျခင္းမ်ား ျပဳလုပ္ရပါမည္။ မိုးက်ျပီးလွ်င္ ထယ္တစ္လႊာဝင္ျပီး ထြန္ေမႊ၍ေျမကိုျပန္ညွိ ထားရမည္။ စိုက္ေျမာင္းမ်ားကိုေပ(၄၀) အရွည္ေျမာင္းမ်ား ဆြဲေလ့ရွိသည္။ စိုက္ေျမာင္းမ်ားကို ေတာင္နွင့္ေျမာက္ ဆြဲေလ့ရွိသည္။
၃။ စိုက္ပ်ိဳးျခင္း
ေျမာင္းဆြဲေဖာ္ထားေသာ စိုက္ေျမာင္းမ်ားတြင္ အနက္ (၈) လက္မခန္႔နွင့္ အက်ယ္ (၄-၆) လက္မခန္႔ က်င္းကေလးမ်ား တူးရမည္။ က်င္းတစ္ခုနွင့္ တစ္ခကိုု (၆) ေပစီ ျခား၍ တူးရမည္။ ေျမထုတ္စီးပင္ ျဖစ္ပါက က်င္းထဲတြင္ (၄) လက္မခန္႔ ျမဳပ္၍စိုက္ပ်ိဳးရပါသည္။ စိုက္ရာတြင္ အပင္ကိုေထာင္မတ္ေအာင္ စိုက္ျပီးေျမျပန္ ဖံုးေပးရမည္။ အပင္ေျခေရမဝပ္ေစရန္ (၆) လက္မခန့္ အျမင့္ထိေျမပံု၍ ဖိသိပ္ေပးရမည္။
၄။ ေျမၾသဇာ ေက်ြးျခင္း
စိုက္ျပီး ၁၁ ရက္ခန္႔တြင္ ေပ ၄၀ အရွည္ေျမာင္း တစ္ေျမာင္းကို ႏြားေခ်း (၁) ေတာင္းမွ (၅-၆) ေတာင္းအထိ ထည့္သည္ ႏြားေခ်းေျမၾသဇာထည့္ျပီး ေရဝေအာင္ ေလာင္းေပးရသည္။
နိုဝင္ဘာ၊ ဒီဇင္ဘာလခန္႕တြင္ အပင္မ်ားကို ႏြားေခ်းေျမၾသဇာ ထပ္ေက်ြးရသည္။ ေပ ၄၀ ေျမာင္း တစ္ေျမာင္းကို တင္းေတာင္းျဖင့္ ႏြားေခ်း ၆ ေတာင္းခန္႔ ေကြ်းရသည္။ ႏြားေခ်းေကြ်းတိုင္းေဘာင္ ခတ္ျပီး ျမက္မ်ားကိုရွပ္၍ ေဘာင္တြင္ ျမွဳပ္ေပးရသည္။
၅။ အပင္ျပဳစုျခင္း
ေျမထုပ္စီးပင္ စိုက္ျပီး (၆) လ အၾကာတြင္ အပင္မွ အတက္ၾကီးမ်ား ထြက္လာမည္။ ယင္း အတက္ၾကီးမ်ား တစ္ေပခန့္ျမင့္လာလွ်င္ ျဖတ္ေပးရမည္။ ထိုအတက္မ်ားသည္ အရြက္နုထြက္ လာ မည့္ ကိုင္းတက္မ်ားျဖစ္သည္။ ထိုအတက္မ်ားမွ အညႊန္႔သစ္မ်ား လိုက္လာလွ်င္ေအာက္ ဆံုးအရြက္ တစ္လက္ကို ခ်န္၍ခူးယူစားသံုးနိုင္သည္။ ေအာက္ဆံုးတစ္လက္ ခ်န္၍ စိုက္ပ်ိဳးရျ ခင္းမွာ အညႊန္႔သစ္ ထပ္မံ ထြက္ရွိေစရန္ ျဖစ္သည္။ ကိုင္းမ်ားစြာ ခ်ိဳင္ျခင္းကို မနွစ္သက္ပါ။ ကိုင္းခ်ိဳင္မ်ားပါက ေသသည္ထိ ျဖစ္တတ္သည္။ သို႔ရာတြင္ ကိုင္းေျခာက္မ်ား၊ နာေနေသာ အကိုင္းမ်ားကို ျဖတ္ေတာက္ ဖယ္ရွားေပးသင့္သည္။
၆။ မ်ိဳးပြားနည္း
မ်ိဳးပြားျခင္းျဖင့္ ေျမထုပ္စီးျခင္းကို ၾသဂုတ္လ၊ စက္တင္ဘာလအတြင္းတြင္ျပဳလုပ္ၾကသည္။ ေနာက္တစ္လခန္႔တြင္ ေျမထုပ္စီးကိုင္းကို ျဖတ္ျပီး စိုက္ခင္းတြင္စိုက္ၾကသည္။ ေျမထုပ္စီးရန္ အသက္တစ္နွစ္သားခန္႔ရွိျပီး လက္သန္းလံုးမွ လက္ညိႈးလံုးခန္႔ ရွိ၍ စိမ္းစိုေနေသာ အကိုင္းကို ေျမထုပ္စီးရန္ေရြးရသည္။
၇။ ခူးဆြတ္ျခင္းနွင့္အထြက္
ေျမထုပ္စီးပင္ စိုက္ျပီး (၆) လ ခန္႔ရွိလွ်င္ ကိုင္းမၾကီးမ်ားမွ ထြက္လာေသာ အညႊန္႔မ်ားကိုေအာက္ ဆံုး အခက္တစ္ခု ခ်န္ခူးရမည္။ အညႊန္႔သစ္ ထြက္နိုင္ရန္အတြက္ အရြက္တစ္လက္ခ်န္ရန္ အေရးၾကီးပါသည္။ အညႊန္႔ခူးျခင္းကို တစ္ရက္ခူး (၃) ရက္ အနားေပးျခင္းျဖင့္ေဆာင္ရြက္ နိုင္သည္။
ဆူးပုပ္ပင္သည္ အပင္သက္ (၂၅) နွစ္ခန္႔တြင္ အပင္အိုျပီး အထြက္နည္းလာတတ္သျဖင့္ အပင္သစ္မ်ား လဲလွယ္စိုက္ပ်ိဳးပါက ပိုမိုေကာင္းမြန္ပါသည္။စိုက္ျပီးအပင္စတင္ ခူးခ်ိန္ တြင္ တစ္ဧက တစ္ၾကိမ္ခူးရာတြင္ တစ္စီးလွ်င္ (၂-၃) ညႊန္႔ပါ အစီးေပါင္း (၄၀၀-၅၀၀) ခန္႔ ရသည္။ ေဖေဖာ္ဝါရီလမွ ဇြန္လအတြင္းခူးရာတြင္ တစ္ၾကိမ္ခူးရာတြင္ (၁၀၀၀-၁၅၀၀) အထိ ထြက္သည္။ ဇူလိုင္လနွင့္ ၾသဂုတ္လတြင္ ျပန္နားျပီး စက္တင္ဘာလအတြင္း တစ္ဧက တစ္ၾကိမ္ခူးရာတြင္ အစီး (၁၀၀၀-၁၅၀၀) ထြက္သည္။
ဒုတိယနွစ္တြင္ တစ္ဧက တစ္ၾကိမ္ခူးလွ်င္ အစီး (၂၀၀၀-၃၀၀၀) အထိ ထြက္နိုင္သည္။ တတိယနွစ္မွ ေနာက္ပိုင္းတြင္ တစ္ဧက တစ္ၾကိမ္ခူးလွ်င္ အစည္း (၅၀၀၀) ခန္႔အထိ ထြက္နိုင္သည္။
ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးနည္း
Unicode ျဖင့္ဖတ္ရန္
ဆူးပုပ်ပင်စိုက်ပျိုးနည်း
=============
မြန်မာပြည်အနှံ့တွင် တွေ့ရပြီး ကြော်ချက်စားသုံးနိုင်သည်။ ဟင်းရည်အဖြစ်လည်း ဖန်တီး စား သုံးနိုင်သည်။ ဆူးပုပ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဟူ၍ နှစ်မျိုးခွဲခြားထားသည်။ဆူးပုပ်ကြီး မျိုး ထက် အရွယ်အစားရော အပင်အရွယ်အစားပါ သေးငယ်သည်။ အရွက်အနံ့မှာလည်း ဆူးပုပ် ကလေးသည် မကွေး၊ ကျောက်ပန်းတောင်း ကဲ့သို့ မြေလတ်ဒေသများတွင် အစိုက်များသည်။ ထိုဒေသများတွင် ဆူးပုပ်ကြီးထက် ဆူးပုပ်ကလေးကို ပို၍ အသုံးများသည်။
ဆူးပုပ်ကြီးမျိုးသည် ဆူးပုပ်ကလေးမျိုးထက် အပင်အရွယ်အစားနှင့် အရွက်အရွယ်အစားပိုကြီး သည်။ အရွက်အနံမှာလည်း ဆူးပုပ်ကလေးထက်ပို၍ ပြင်းသည်။ ပဲကြီးဟင်းချိုချက်ရာတွင် ဆူးပုပ်ကြီးကို အများဆုံးထည့် ချက်သည်။ ဆူးပုပ်ကြီးမျိုး (၃) မျိုးရှိပါသည်။ ဆူးကျဲမျိုး၊ ဆူးလတ်မျိုး ဆူးစိပ်မျိုး ဟူ၍ ဖြစ်သည်။
၁။ ရေမြေရာသီဥတု
ဆူးပုပ်သည် မြန်မာပြည်အနှံအပြား တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတု မရွေးသော အပင်ဖြစ်သည်။ ဆူးပုပ်သည် ရေဝပ်သည့် စိမ့်စွဲမြေမျိုးကို မနှစ်သက်ပါ။ မြေစေး၊ စနယ်မြေစေးကိုလည်း မနှစ်သက်ပါ။ မြေအောက်ပိုင်းတွင် ဂဝံမြေ၊ သဲမြေ၊ ကျောက်စရစ် အနည်းခံသောမြေပေါ်တွင် အပေါ်မြေသားထူက ကောင်းပါသည်။ ရေနုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။
၂။ စိုက်ခင်း မြေပြုပြင်ခြင်း
စိုက်ခင်းပြုလုပ်မည့် မြေနေရာသည်မြေရိုင်း ဖြစ်ပါက မိုးမကျမှီ သစ်ငုတ်တူးခြင်း၊ သစ်ငုတ်များပြောင်အောင် ကောက်ခြင်းများ ပြုလုပ်ရပါမည်။ မိုးကျပြီးလျှင် ထယ်တစ်လွှာဝင်ပြီး ထွန်မွှေ၍မြေကိုပြန်ညှိ ထားရမည်။ စိုက်မြောင်းများကိုပေ(၄၀) အရှည်မြောင်းများ ဆွဲလေ့ရှိသည်။ စိုက်မြောင်းများကို တောင်နှင့်မြောက် ဆွဲလေ့ရှိသည်။
၃။ စိုက်ပျိုးခြင်း
မြောင်းဆွဲဖော်ထားသော စိုက်မြောင်းများတွင် အနက် (၈) လက်မခန့်နှင့် အကျယ် (၄-၆) လက်မခန့် ကျင်းကလေးများ တူးရမည်။ ကျင်းတစ်ခုနှင့် တစ်ခကို (၆) ပေစီ ခြား၍ တူးရမည်။ မြေထုတ်စီးပင် ဖြစ်ပါက ကျင်းထဲတွင် (၄) လက်မခန့် မြုပ်၍စိုက်ပျိုးရပါသည်။ စိုက်ရာတွင် အပင်ကိုထောင်မတ်အောင် စိုက်ပြီးမြေပြန် ဖုံးပေးရမည်။ အပင်ခြေရေမဝပ်စေရန် (၆) လက်မခန့် အမြင့်ထိမြေပုံ၍ ဖိသိပ်ပေးရမည်။
၄။ မြေသြဇာ ကျွေးခြင်း
စိုက်ပြီး ၁၁ ရက်ခန့်တွင် ပေ ၄၀ အရှည်မြောင်း တစ်မြောင်းကို နွားချေး (၁) တောင်းမှ (၅-၆) တောင်းအထိ ထည့်သည် နွားချေးမြေသြဇာထည့်ပြီး ရေဝအောင် လောင်းပေးရသည်။
နိုဝင်ဘာ၊ ဒီဇင်ဘာလခန့်တွင် အပင်များကို နွားချေးမြေသြဇာ ထပ်ကျွေးရသည်။ ပေ ၄၀ မြောင်း တစ်မြောင်းကို တင်းတောင်းဖြင့် နွားချေး ၆ တောင်းခန့် ကျွေးရသည်။ နွားချေးကျွေးတိုင်းဘောင် ခတ်ပြီး မြက်များကိုရှပ်၍ ဘောင်တွင် မြှုပ်ပေးရသည်။
၅။ အပင်ပြုစုခြင်း
မြေထုပ်စီးပင် စိုက်ပြီး (၆) လ အကြာတွင် အပင်မှ အတက်ကြီးများ ထွက်လာမည်။ ယင်း အတက်ကြီးများ တစ်ပေခန့်မြင့်လာလျှင် ဖြတ်ပေးရမည်။ ထိုအတက်များသည် အရွက်နုထွက် လာ မည့် ကိုင်းတက်များဖြစ်သည်။ ထိုအတက်များမှ အညွှန့်သစ်များ လိုက်လာလျှင်အောက် ဆုံးအရွက် တစ်လက်ကို ချန်၍ခူးယူစားသုံးနိုင်သည်။ အောက်ဆုံးတစ်လက် ချန်၍ စိုက်ပျိုးရြ ခင်းမှာ အညွှန့်သစ် ထပ်မံ ထွက်ရှိစေရန် ဖြစ်သည်။ ကိုင်းများစွာ ချိုင်ခြင်းကို မနှစ်သက်ပါ။ ကိုင်းချိုင်များပါက သေသည်ထိ ဖြစ်တတ်သည်။ သို့ရာတွင် ကိုင်းခြောက်များ၊ နာနေသော အကိုင်းများကို ဖြတ်တောက် ဖယ်ရှားပေးသင့်သည်။
၆။ မျိုးပွားနည်း
မျိုးပွားခြင်းဖြင့် မြေထုပ်စီးခြင်းကို သြဂုတ်လ၊ စက်တင်ဘာလအတွင်းတွင်ပြုလုပ်ကြသည်။ နောက်တစ်လခန့်တွင် မြေထုပ်စီးကိုင်းကို ဖြတ်ပြီး စိုက်ခင်းတွင်စိုက်ကြသည်။ မြေထုပ်စီးရန် အသက်တစ်နှစ်သားခန့်ရှိပြီး လက်သန်းလုံးမှ လက်ညှိုးလုံးခန့် ရှိ၍ စိမ်းစိုနေသော အကိုင်းကို မြေထုပ်စီးရန်ရွေးရသည်။
၇။ ခူးဆွတ်ခြင်းနှင့်အထွက်
မြေထုပ်စီးပင် စိုက်ပြီး (၆) လ ခန့်ရှိလျှင် ကိုင်းမကြီးများမှ ထွက်လာသော အညွှန့်များကိုအောက် ဆုံး အခက်တစ်ခု ချန်ခူးရမည်။ အညွှန့်သစ် ထွက်နိုင်ရန်အတွက် အရွက်တစ်လက်ချန်ရန် အရေးကြီးပါသည်။ အညွှန့်ခူးခြင်းကို တစ်ရက်ခူး (၃) ရက် အနားပေးခြင်းဖြင့်ဆောင်ရွက် နိုင်သည်။
ဆူးပုပ်ပင်သည် အပင်သက် (၂၅) နှစ်ခန့်တွင် အပင်အိုပြီး အထွက်နည်းလာတတ်သဖြင့် အပင်သစ်များ လဲလှယ်စိုက်ပျိုးပါက ပိုမိုကောင်းမွန်ပါသည်။စိုက်ပြီးအပင်စတင် ခူးချိန် တွင် တစ်ဧက တစ်ကြိမ်ခူးရာတွင် တစ်စီးလျှင် (၂-၃) ညွှန့်ပါ အစီးပေါင်း (၄၀၀-၅၀၀) ခန့် ရသည်။ ဖေဖော်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ကြိမ်ခူးရာတွင် (၁၀၀၀-၁၅၀၀) အထိ ထွက်သည်။ ဇူလိုင်လနှင့် သြဂုတ်လတွင် ပြန်နားပြီး စက်တင်ဘာလအတွင်း တစ်ဧက တစ်ကြိမ်ခူးရာတွင် အစီး (၁၀၀၀-၁၅၀၀) ထွက်သည်။
ဒုတိယနှစ်တွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစီး (၂၀၀၀-၃၀၀၀) အထိ ထွက်နိုင်သည်။ တတိယနှစ်မှ နောက်ပိုင်းတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်း (၅၀၀၀) ခန့်အထိ ထွက်နိုင်သည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း
The post ဆူးပုပ္ပင္စိုက္ပ်ိဳးနည္း appeared first on Myanmar Farmers' Portal.