နိဒါန္း
ေစာင္းလ်ားသီးသည္ အရည္ရႊမ္းၿပီး အမ်ားအားျဖင့္ ပူေႏြးစြတ္စိုေသာ ေဒသမ်ားတြင္ အမ်ားဆံုး ေပါက္ေရာက္ေလ့ရွိသည္။ မွည့္ေနေသာ ေစာင္းလ်ားသီးသည္ အသီးအရြယ္အစားအားျဖင့္ ၃ – ၄ လက္မခန္႔ ရွည္လ်ားၿပီး ေစာင္းလ်ားသီးဟု အမည္တြင္သည္အတိုင္း အသီးေပၚတြင္ ေစာင္း ငါးခုပါ၀င္သည္ကို ေတြ႔ျမင္ႏိုင္သည္။ ေစာင္းလ်ားသီးသည္ ကယ္လိုရီပါ၀င္မႈနည္းသည့္အျပင္ သၾကားပါ၀င္မႈလည္း နည္းသည္။
စိုက္ပ်ိဳးႏိုင္ေသာ ေဒသမ်ား
ေစာင္းလ်ားသီးကို ပူေႏြးစြတ္စိုေသာေဒသတို႔တြင္ ပိုမို ျဖစ္ထြန္း ႏိုင္သည္။ အပင္ခံႏိုင္ရည္မွာ မျမင့္မားေသာ္လည္း ႏွင္းဒဏ္ ႏွင့္ အပူခ်ိန္ဒဏ္တို႔ကိုထိုက္သင့္သေလာက္ ခုခံႏိုင္စြမ္းေတာ့ ျမင့္မားသည္။
ေစာင္းလ်ားသီးပင္မ်ားသည္ ေနရာေဒသမေရြးေျမအမ်ိဳးအစားမေရြး စိုက္ပ်ိဳး ျဖစ္ထြန္းပါသည္။ အထူးသျဖင့္ ေျမၾသဇာေကာင္းမြန္ေသာ ႏုန္းေျမမ်ားတြင္ အပင္ပိုမို ျဖစ္ထြန္းႏိုင္ပါသည္။
အပူခ်ိန္
ေႏြရာသီတြင္ အပင္မွာ ႀကီးထြားမႈ ျမန္ဆန္တတ္သည္။ အပူပိုင္းေဒသမ်ားတြင္ တစ္ႏွစ္ပတ္လံုး သီးတတ္သည္။ ေနေရာင္ျခည္ အျပည့္အ၀ရမွသာလွ်င္ အပြင့္ ႏွင့္အသီးတင္ႏိုင္သည္။
အပြင့္ပြင့္ျခင္းႏွင့္ အသီးတင္ျခင္း
တစ္ႏွစ္ပတ္လံုး အပြင့္ပြင့္ေသာ အပင္မ်ိဳးစားျဖစ္သည္။ ေႏြရာသီတြင္ အပူခ်ိန္ ႏွင့္ စိုထိုင္းဆ တို႔သည္ မွ်တစြာ ရွိေနမည္ဆိုလွ်င္ အသီးမ်ားစြာ တင္သည္။ အပင္သည္ အသီးတစ္ႀကိမ္ တင္ရံုမွ်ႏွင့္ အသီးအထြက္ႏႈန္းမွာေတာ့ တူညီႏိုင္မည္ မဟုတ္ပါ။ မ်ိဳးမ်ားသည္ အိုးျဖင့္ စိုက္ပ်ိဳးပါက အသီးတင္ရန္ ခက္ခဲသည္။ အိုးႏွင့္ စိုက္ပ်ိဳးေသာ အပင္တို႔အတြက္ေနေရာင္ျခည္ လံုေလာက္စြာ ရရွိရန္ လိုအပ္ေပသည္။ ထို႔အျပင္ အစိုဓာတ္ရရွိေစရန္ ေရကို မၾကာခဏေ လာင္းေပးပါ။ ေျခာက္ေသြ႔ေသာ ေျမသည္ အပင္ကုိမထိခိုက္ ေစေသာ္လည္းလံုး၀ ေျခာက္ေသြ႔ေနေသာ ေျမသည္ အပင္ကို ထိခိုက္ေစႏိုင္သည္။
ေျမၾသဇာ သံုးစြဲနည္း
အပင္ႀကီးထြားစဥ္ တစ္ေလ်ာက္ အပင္အတြက္ လိုအပ္ေသာ ေျမၾသဇာ ပံုမွန္္ထည့္ေပးရန္ လိုအပ္သည္။ ေအာ္ဂဲနစ္ ေျမၾသဇာကို ေရြးခ်ယ္အသံုးျပဳၿပီး အပင္ထံသို႔ လစဥ္ ပံုမွန္ထည့္ေပးပါ။ တစ္ခါတစ္ရံ ေဆာင္းရာသီတြင္ ေစာင္းလ်ားပင္သည္ သံဓာတ္ခ်ိဳ႔တဲ့ေသာ လကၡဏာျဖစ္သည့္ ရြက္ေၾကာၾကားတြင္ အ၀ါေရာင္ ေျပာင္းေနတတ္သည္ ကို ေတြ႔ရသည္။ ထိုအခါ သံဓာတ္ ပါေသာ ရြက္ဖ်န္းအားေဆးကို ေရြးခ်ယ္ အသံုးျပဳေပးပါ။
အင္းစက္ပိုးမႊားမ်ား
ေစာင္းလ်ားပင္တြင္ အင္းစက္ပိုးမႊားမ်ား က်ေရာက္မႈနည္းေသာ္လည္း တစ္ခါတစ္ရံ အပင္တြင္ ပိုးေစးႏွဲ မ်ား က်သည္ကိုေတြ႔ရသည္။ ထို႔အျပင္ မႊားပင့္ကူမ်ားလည္း က်ေရာက္တတ္သည္။ သို႔ေသာ္လည္း ေစာင္းလ်ားသီးကိုေတာ့ ေရာဂါႏွင့္ ပိုးမႊားမ်ား က်ေရာက္မႈ အလြန္နည္းပါးသည္။
စိုက္ပ်ိဳးေရးဦးစီးဌာန
Unicode ျဖင့္ဖတ္ရန္
စောင်းလျားပင် စိုက်ပျိုးနည်း
============
နိဒါန်း
စောင်းလျားသီးသည် အရည်ရွှမ်းပြီး အများအားဖြင့် ပူနွေးစွတ်စိုသော ဒေသများတွင် အများဆုံး ပေါက်ရောက်လေ့ရှိသည်။ မှည့်နေသော စောင်းလျားသီးသည် အသီးအရွယ်အစားအားဖြင့် ၃ – ၄ လက်မခန့် ရှည်လျားပြီး စောင်းလျားသီးဟု အမည်တွင်သည်အတိုင်း အသီးပေါ်တွင် စောင်း ငါးခုပါဝင်သည်ကို တွေ့မြင်နိုင်သည်။ စောင်းလျားသီးသည် ကယ်လိုရီပါဝင်မှုနည်းသည့်အပြင် သကြားပါဝင်မှုလည်း နည်းသည်။
စိုက်ပျိုးနိုင်သော ဒေသများ
စောင်းလျားသီးကို ပူနွေးစွတ်စိုသောဒေသတို့တွင် ပိုမို ဖြစ်ထွန်း နိုင်သည်။ အပင်ခံနိုင်ရည်မှာ မမြင့်မားသော်လည်း နှင်းဒဏ် နှင့် အပူချိန်ဒဏ်တို့ကိုထိုက်သင့်သလောက် ခုခံနိုင်စွမ်းတော့ မြင့်မားသည်။
စောင်းလျားသီးပင်များသည် နေရာဒေသမရွေးမြေအမျိုးအစားမရွေး စိုက်ပျိုး ဖြစ်ထွန်းပါသည်။ အထူးသဖြင့် မြေသြဇာကောင်းမွန်သော နုန်းမြေများတွင် အပင်ပိုမို ဖြစ်ထွန်းနိုင်ပါသည်။
အပူချိန်
နွေရာသီတွင် အပင်မှာ ကြီးထွားမှု မြန်ဆန်တတ်သည်။ အပူပိုင်းဒေသများတွင် တစ်နှစ်ပတ်လုံး သီးတတ်သည်။ နေရောင်ခြည် အပြည့်အဝရမှသာလျှင် အပွင့် နှင့်အသီးတင်နိုင်သည်။
အပွင့်ပွင့်ခြင်းနှင့် အသီးတင်ခြင်း
တစ်နှစ်ပတ်လုံး အပွင့်ပွင့်သော အပင်မျိုးစားဖြစ်သည်။ နွေရာသီတွင် အပူချိန် နှင့် စိုထိုင်းဆ တို့သည် မျှတစွာ ရှိနေမည်ဆိုလျှင် အသီးများစွာ တင်သည်။ အပင်သည် အသီးတစ်ကြိမ် တင်ရုံမျှနှင့် အသီးအထွက်နှုန်းမှာတော့ တူညီနိုင်မည် မဟုတ်ပါ။ မျိုးများသည် အိုးဖြင့် စိုက်ပျိုးပါက အသီးတင်ရန် ခက်ခဲသည်။ အိုးနှင့် စိုက်ပျိုးသော အပင်တို့အတွက်နေရောင်ခြည် လုံလောက်စွာ ရရှိရန် လိုအပ်ပေသည်။ ထို့အပြင် အစိုဓာတ်ရရှိစေရန် ရေကို မကြာခဏေ လာင်းပေးပါ။ ခြောက်သွေ့သော မြေသည် အပင်ကိုမထိခိုက် စေသော်လည်းလုံး၀ ခြောက်သွေ့နေသော မြေသည် အပင်ကို ထိခိုက်စေနိုင်သည်။
မြေသြဇာ သုံးစွဲနည်း
အပင်ကြီးထွားစဉ် တစ်လျောက် အပင်အတွက် လိုအပ်သော မြေသြဇာ ပုံမှန်ထည့်ပေးရန် လိုအပ်သည်။ အော်ဂဲနစ် မြေသြဇာကို ရွေးချယ်အသုံးပြုပြီး အပင်ထံသို့ လစဉ် ပုံမှန်ထည့်ပေးပါ။ တစ်ခါတစ်ရံ ဆောင်းရာသီတွင် စောင်းလျားပင်သည် သံဓာတ်ချို့တဲ့သော လက္ခဏာဖြစ်သည့် ရွက်ကြောကြားတွင် အဝါရောင် ပြောင်းနေတတ်သည် ကို တွေ့ရသည်။ ထိုအခါ သံဓာတ် ပါသော ရွက်ဖျန်းအားဆေးကို ရွေးချယ် အသုံးပြုပေးပါ။
အင်းစက်ပိုးမွှားများ
စောင်းလျားပင်တွင် အင်းစက်ပိုးမွှားများ ကျရောက်မှုနည်းသော်လည်း တစ်ခါတစ်ရံ အပင်တွင် ပိုးစေးနှဲ များ ကျသည်ကိုတွေ့ရသည်။ ထို့အပြင် မွှားပင့်ကူများလည်း ကျရောက်တတ်သည်။ သို့သော်လည်း စောင်းလျားသီးကိုတော့ ရောဂါနှင့် ပိုးမွှားများ ကျရောက်မှု အလွန်နည်းပါးသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ေစာင္းလ်ားပင္ စိုက္ပ်ိဳးနည္း appeared first on Myanmar Farmers' Portal.