Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691


$
0
0


ဆောင်ရွက်ရန်







Unicode ဖြင့်ဖတ်ရန်

စပါး မြစ်ဖုနီမတုတ်ရောဂါကျရောက်လျှင် ဆောင်ရွက်သင့်သည့် အချက်များ

========================================

Rice root-knot nematode (Meloidogyne graminicola)

ဆောင်ရွက်ရန်

စပါးရိတ်သိမ်းပြီးချိန်တွင် စပါးပင်အမြစ်များ၊ ရိုးပြတ်များ ပင်ကြွင်းပင်ကျန်များ နှင့် ပေါင်းမြက်များကို မီးရှို့ပစ်ခြင်းဖြင့် မြစ်ဖုအတွင်းအောင်းနေသော နီမတုတ်များကို သေစေပါသည်။

စိုက်ခင်းတွင် ရေပြတ်လပ်သည့်အခါ နီမတုတ်မျိုးပွားမှု၊ ကြီးထွားမှု၊ ပြန့်ပွားမှုတို့ကို အားပေးသောကြောင့် စိုက်ခင်းတွင် ရေအနည်းဆုံးနှစ်လက်မခန့် အမြဲရှိစေရန် ဆောင်ရွက်ပါ။

ပိုတက်ဓါတ်မြေသြဇာ (၂၈) ပေါင်/ ဧကနှုန်း (သို့မဟုတ်) စက်ဖွဲပြာ (၁၀)တင်း/ဧကနှုန်းကို မြေခံအဖြစ် ထည့်ပေးပါ။

စပါးပြီးစပါးဆက်တိုက်စိုက်မည့်အစား နီမတုတ်ဆိုးဝါးစွာကျသော စိုက်ခင်းများကို စပါး နှင့် မျိုးရင်းမတူသော အခြားသီးနှံများနှင့် သီးလှည့်စိုက်ပါ။

နီမတုတ်ကျရောက်ခဲ့သော စိုက်ခင်းတွင် စပါးပြန်လည်စိုက်မည်ဆိုပါက Furadan (ဖျူရာဒန် ၃ဂျီ)ကို ညွှန်းပါနှုန်းအတိုင်း မြေခံအဖြစ် ကြဲပက်ထွန်မွေပြီးမှ စိုက်ပျိုးရန်။

စိုက်ပျိုးရေးဦးစီးဌာန

The post စပါး ⁠မြစ်ဖုနီမတုတ်⁠ရောဂါကျ⁠ရောက်လျှင် ⁠ဆောင်ရွက်သင့်သည့် အချက်များ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>