Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

မတ္ပဲသီးႏွံအထြက္တိုးႏႈန္း ေဆာင္ရြက္ရမည့္လုပ္ငန္းစဥ္မ်ား

$
0
0

နိဒါန္း

မတ္ပဲသည္ ျမန္မာႏိုင္ငံ၏ အေရးႀကီးသည့္ ေဆာင္းသီးႏွံတစ္ခုျဖစ္ပါသည္။ မတ္ပဲကို ေအာက္ျမန္မာျပည္တြင္ စပါးရိတ္သိမ္းၿပီး သီးထပ္ သီးႏွံအျဖစ္လည္းေကာင္း၊ ျမစ္ေရက်ခ်ိန္တြင္ ကိုင္းကၽြန္းမ်ားတြင္လည္းေကာင္း၊ စိုက္ပ်ိဳးၾကသည္။ အထက္ျမန္မာျပည္  ေဒသမ်ားျဖစ္ သည့္ စစ္ကိုင္းတြင္ မိုးသီးႏွံအျဖစ္ စိုက္ပ်ိဳးၾကပါသည္။ မတ္ပဲစိုက္ဧရိယာ၏ (၉၀%) ကို ေအာက္ျမန္မာျပည္တြင္ စိုက္ပ်ိဳးၾကပါသည္။ အမ်ားဆံုးစိုက္ပ်ိဳးသည့္ ေဒသမ်ားမွာ ဧရာ၀တီတိုင္း ႏွင့္ ပဲခူးတိုင္းတို႔ျဖစ္ပါသည္။ မတ္ပဲကို ျပည္တြင္းစားသံုးရန္ႏွင့္ အဓိကျပည္ပတင္ပို႔   ေရာင္းခ်ရန္ စိုက္ပ်ိဳးပါသည္။ မတ္ပဲသည္ ႏိုင္ငံတကာ၀ယ္လိုအားမ်ားသည့္ သီးႏွံျဖစ္ပါသည္။ ျမန္မာႏိုင္ငံမွ မတ္ပဲ ၂၀၁၂-၂၀၁၃ ခုႏွစ္ စိုက္ပ်ိဳးမႈမ်ားမွာ ၂၇၃၇၂၁၃ ထိ စိုက္ပ်ိဳးႏိုင္ခဲ့ပါသည္။

ရာသီဥတုလိုအပ္ခ်က္

မတ္ပဲသည္ ပူေႏြး၍ေျခာက္ေသြ႕ေသာရာသီဥတုကို ႀကိဳက္ႏွစ္သက္သည္။ အပူခ်ိန္ျမင့္ မားျခင္းကို ခံႏိုင္ရည္ ရွိပါသည္။ အမ်ားအားျဖင့္   ေနေရာင္ျခည္ေကာင္းစြာရရွိ၍ အပူခ်ိန္ (၂၅ ဒီဂရီ မွ ၃၅ ဒီဂရီစင္တီဂရိတ္) အၾကား ရွိသည့္ ေဒသမ်ားတြင္ စိုက္ပ်ိဳးၾကသည္။ ေရငတ္ ဒဏ္ခံႏိုင္ရည္ရွိ၍ တစ္ႏွစ္ပွ်မ္းမွ်မိုးေရခ်ိန္ ၃၆ လက္မ ေအာက္ရြာသြန္းသည့္ ေဒသမ်ားတြင္ ျဖစ္ထြန္းပါသည္။ မိုးမ်ားေသာေဒသမ်ားတြင္ မူ ေဆာင္းသီးႏွံအျဖစ္ စိုက္ပ်ိဳးၾကသည္။ ပင္လယ္ေရမ်က္ႏွာျပင္ထက္အျမင့္ (၆၀၀၀) ေပအထိ စိုက္ပ်ိဳးႏိုင္ပါသည္။ မတ္ပဲအမ်ားစု သည္ ေန႔တာတိုပင္ျဖစ္ၾကပါသည္။ ပန္းပြင့္ျခင္းသည္ ေန႔တာႏွင့္ အပူခ်ိန္ႏွစ္မ်ိဳးလံုး တုန္႔ျပန္မႈရွိ ၾကပါသည္။ ပန္းပြင့္ခ်ိန္မိုးရြာျခင္းသည္ အထြက္ႏႈန္းကို ထိခိုက္ေစပါသည္။

  • ၀တ္မႈန္ကူးျခင္း

စိုက္ပ်ိဳးၿပီး (၄) ပတ္မွ (၆) ပတ္အၾကာတြင္ ပန္းစတင္ပြင့္ပါသည္။ မပြင့္မီညေနဘက္တြင္ အငံုအဆင့္ ႏွင့္ပင္ ၀တ္မႈန္ရင့္၍ ၀တ္မႈန္ကူးၿပီး မ်ိဳးေအာင္သည္။ လံုး၀ပင္တည္း ၀တ္မႈန္ကူးျ ခင္းျဖစ္၍ သဘာ၀အတိုင္း လံုး၀ပင္ျခား၀တ္မႈန္မကူးေပ။ မပြင့္အာပဲ မ်ိဳးတည္ေသာ ပန္းပြင့္ (၄၂)% ရွိသည္။

  • အပူခ်ိန္

ပံုမွန္ပွ်မ္းမွ်အနိမ့္ဆံုး (၇.၈) ဒီဂရီစင္တီဂရိတ္ႏွင့္ အျမင့္ဆံုး (၂၇.၈) ဒီဂရိတ္စင္တီဂရိတ္ အတြင္းတြင္ ျဖစ္ထြန္းပါသည္။ သို႔ေသာ္ အပင္   ေပါက္ခ်ိန္တြင္ (၁၈) ဒီဂရီစင္တီဂရိတ္ ထက္မနိမ့္သင့္ေပ။ အပင္သက္တမ္းတစ္ေလွ်ာက္ (၂၀-၃၀) ဒီဂရီစင္တီဂရိတ္တြင္ အေကာင္း ဆံုး   ျဖစ္ပါသည္။ မိုးေရခ်ိန္၊ အပူခ်ိန္မ်ားအရ ျမန္မာႏိုင္ငံေျမျပန္႔ႏွင့္ ေအာက္ပိုင္းေဒသအားလံုး တြင္ မတ္ပဲကို မိုးေႏွာင္းႏွင့္ ေဆာင္းဦးတြင္သာ စိုက္ပ်ိဳးၿပီး ေဆာင္းေႏွာင္း၊ ေႏြဦးတြင္ ရိတ္သိမ္းရန္ အသင့္ဆံုးျဖစ္ပါသည္။

ျမန္မာျပည္တြင္ ေရဆင္း (၄) မ်ိဳးကဲ့သို႔မ်ိဳးမ်ားသည္ လင္းတာတံု႔ျပန္မႈမရွိသျဖင့္ ပန္းပြင့္ခ်ိန္ႏွင့္ ရိတ္သိမ္းခ်ိန္တြင္ အပူခ်ိန္ျမင့္လြန္းျခင္းႏွင့္ မိုးမ်ားလြန္းျခင္းမရွိပါက တစ္ႏွစ္ပတ္လံုး စိုက္ပ်ိဳးႏိုင္သည္။

၄။ ေျမအမ်ိဳးအစား

မတ္ပဲစိုက္ပ်ိဳးမည့္ေျမသည္ ေျမသားႏု၍ ေရမ၀ပ္ေသာေျမကို ေရြးခ်ယ္သင့္သည္။ စနယ္ေျမေစးမ်ိဳးကို ႀကိဳက္ႏွစ္သက္၍ အသင့္ေတာ္ဆံုး အထြက္ႏႈန္းရရွိႏိုင္သည္။ ေျမနီသို႔မဟုတ္ သဲသမေျမ၊ လယ္ေျမကဲ့သို႔ ေျမအမ်ိဳးအစားတြင္ စိုက္ပ်ိဳးႏိုင္သည္။ မတ္ပဲကို စပါးၿပီး လယ္ေျမ   ႏွင့္ ျမစ္ေရက်ၿပီး ႏုန္းသမေျမတို႔တြင္ အမ်ားဆံုး စိုက္ပ်ိဳးၾကသည္။ အသင့္ေတာ္ဆံုး ေျမအခ်ဥ္ငံဓါတ္မွာ pH ၅.၈ မွ ၆.၅ ျဖစ္ပါသည္။   ေျမအခ်ဥ္အငံဓါတ္ ၅.၅ ထက္ေလ်ာ့နည္းပါက အပင္ျဖစ္ထြန္းမႈ အားနည္းပါသည္။ ဆားေပါက္ေျမႏွင့္ ထံုးဓါတ္ကဲသည့္ ေျမတို႔တြင္ မစိုက္ပ်ိဳးသင့္ပါ။

၅။ စိုက္ပ်ိဳးလွ်က္ရွိေသာမ်ိဳးမ်ား

ေတာင္သူအမ်ားဆံုး စိုက္ပ်ိဳးလွ်က္ရွိေသာမ်ိဳးမ်ားသည္ စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွ ထုတ္ေ၀ေထာက္ခံထားသည့္ မ်ိဳးေကာင္းမ်ိဳးသန္႔ မ်ားႏွင့္ ေဒသအထြက္ေကာင္းမ်ိဳးမ်ားကို စိုက္ပ်ိဳးၾကသည္။ အဆိုပါမ်ိဳးမ်ား၏ အရည္အေသြးမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

အမည္ အသက္ရက္ အေစ့၁၀၀အေလးခ်ိန္ အထြက္ႏႈန္း တင္း/ဧက အေစ့ အေရာင္ စိုက္ပ်ိဳးရန္သင့္ေတာ္သည့္ေဒသမ်ား
ေရဆင္း – ၂ ၇၀-၇၅ ၄.၅-၅ ၂၅-၃၀ နက္ ပဲခူးေရွ႕၊ပဲခူးေနာက္၊မေကြး၊ မႏၱေလး၊ရခိုင္၊ ရန္ကုန္၊ရွမ္းေတာ င္ ၊ဧရာ၀တီ၊(မိုးေႏွာင္း)
ေရဆင္း – ၄ ၆၀-၆၅ ၄.၅ ၂၀-၂၅ နက္ မေကြး၊ ရခိုင္၊ ဧရာ၀တီ
ပုလဲထြန္း ၉၀-၉၅ ၅.၅-၅.၇ ၂၈-၃၀ နက္ ဧရာ၀တီ
ေရဆင္း – ၆ ၉၀-96 ၅.၅-၅.၉ ၃၀-၄၀ နက္ေျပာင္ မႏၱေလး (မိုးေႏွာင္း)
မင္းလွလံုးႀကီး၊ မိုးညိဳလံုးႀကီး၊ ဟသၤာတလံုးႀကီး၊ မင္းလွထြန္း ၈၃ ၅.၀၉ ၁၅-Sep နက္ (မြဲ) ရန္ကုန္၊ မေကြး၊ ဧရာ၀တီ၊ ပဲခူးအေနာက္ (မိုးေႏွာင္း)

မတ္ပဲတစ္ဧက တင္း (၂၀) ရရွိရန္ မတ္ပဲေစ့ေပါင္း တစ္ဧကသိန္း(၁၃၀) ေက်ာ္ ရရွိရန္လိုအပ္သျဖင့္ တစ္တင္းတြင္ အေစ့ေပါင္း (၆) သိန္း ခြဲေက်ာ္ခန္႔ရွိရမည္ ျဖစ္ပါသည္။ ထိုသို႔ရရွိရန္ တစ္ဧက ရိတ္သိမ္းပင္ေပါင္း (၁၃၀၀၀၀) ရွိရန္ တစ္ပင္ပါသီးေတာင့္ (၂၀) ရရွိရန္ တစ္ေတာင့္လွ်င္ ေအာင့္ေစ့ (၅) ေစ့မွ (၆) ေစ့ရွိၿပီး အေစ့ (၁၀၀) အေလးခ်ိန္ (၄-၅) ဂရမ္ရွိရန္ လိုအပ္ပါသည္။ အပင္ (၃၀၀၀၀)ခန္႔   ေလ်ာ့ပါက တစ္ဧက(၅) တင္းခန္႔ ေလ်ာ့နည္းႏိုင္ပါသည္။

မစိုက္ပ်ိဳးမီ အပင္ေပါက္ႏႈန္းအား စမ္းသပ္ၿပီး အပင္ေပါက္ရာခိုင္ႏႈန္း (၉၀) ရွိေသာ မ်ိဳးကို အသံုးျပဳရန္ လိုအပ္ပါသည္။ အတန္းလိုက္ စိုက္ခင္းတြင္ တစ္ဧကပွ်မ္းမွ် (၆-၈) ျပည္ႏႈန္းအား လည္းေကာင္း၊ ၾကဲပက္သည့္ စိုက္ခင္းတြင္ တစ္ဧကပွ်မ္းမွ် (၁၂) ျပည္ႏႈန္းသံုးစြဲပါ။ မိမိေဒသအတြင္း အပင္ငယ္စဥ္ ပ်က္စီးဆံုးရံႈးႏိုင္ေသာ ပမာဏအား ထည့္သြင္းစဥ္းစား၍ တစ္ဧက ရိတ္သိမ္းပင္ (၁၃၀၀၀၀) ရရွိရန္ လိုအပ္သျဖင့္ အပင္ေပါက္စံုရန္ လိုအပ္ပါသည္။ အပင္ေပါက္စံုရန္အတြက္ အစိုဓါတ္မီရန္ စိုက္ခ်ိန္မွန္ဖို႔လိုအပ္ပါသည္။

၇။ မတ္ပဲသီးႏွံပံုစံ

မတ္ပဲသီးႏွံအား စစ္ကိုင္းတိုင္းတြင္ မိုးရာသီတြင္လည္း စိုက္ပ်ိဳးၾကၿပီး က်န္တိုင္းႏွင့္ ျပည္နယ္မ်ားတြင္ ေဆာင္းရာသီ စပါးအၿပီး သီးထပ္ အျဖစ္ိစုိက္ပ်ိဳးၾကသည္။ စပါးၿပီး သီးထပ္စိုက္ပ်ိဳးမည္ျဖစ္ပါက မိုးစပါးအား ေအာက္တိုဘာလကုန္ရိတ္ႏိုင္သည့္ သတ္လတ္စပါးမ်ိဳးကို စိုက္ရမည္။ စပါးရိတ္သည့္အခါ ေအာက္ေျချပတ္ရိတ္၍ ေျခနင္းခံႏိုင္ေသာေျမအေျခအေနတြင္ စိုက္ပ်ိဳးရန္သင့္ေတာ္ေသာ အေျခအေန   ျဖစ္ပါသည္။ ေျမကို လက္ျဖင့္ ဆုပ္ၾကည့္လွ်င္ ေျမလံုးမကြဲေသာ အေျခအေနသည္ အစိုဓါတ္ အေနေတာ္ ျဖစ္ပါသည္။

၈။ စိုက္ပ်ိဳးနည္းစနစ္

မတ္ပဲကို အမ်ားအားျဖင့္ စပါးသီးထပ္(သို႔) ေရလိုက္ၾကဲပက္စိုက္ပ်ိုးျခင္း၊ အတန္းလိုက္စိုက္ပ်ိဳးျခင္းတို႔ျဖင့္ စိုက္ပ်ိဳးေလ့ရွိသည္။ အတန္း လိုက္ စိုက္ပ်ိဳးျခင္းသည္ အထြက္ႏႈန္းပိုမိုေကာင္းမြန္ေစပါသည္။ မတ္ပဲကို အစိုဓါတ္ႏွင့္ ေစာေစာအပင္ေပါက္ေစရန္ ေရလိုက္ၾကဲစနစ္၊ ဓားခုတ္ဖံုးစနစ္၊ ထြန္ေရးျဖင့္ စိုက္ေသာစနစ္(ထြန္ပဲစနစ္) တို႔ျဖင့္ စိုက္ပ်ိဳးေလ့ရွိပါသည္။

၉။ မတ္ပဲစိုက္ဧကမ်ား

မတ္ပဲစိုက္ဧကမ်ား ႏွစ္စဥ္တိုးတက္လွ်က္ ရွိပါသည္။ ႏွစ္အလိုက္မတ္ပဲစိုက္ဧကမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။

စဥ္ ခုႏွစ္ စိုက္ဧက
၁။ ၂၀၁၀ – ၂၀၁၁ ၂၆၀၆၆၄၂
၂။ ၂၀၁၁ – ၂၀၁၂ ၂၆၉၃၉၀၆.
၃။ ၂၀၁၂ – ၂၀၁၃ ၂၇၃၇၂၁၃
၄။ ၂၀၁၃ – ၂၀၁၄(ရည္မွန္း) ၂၆၁၂၃၄၈

၁၀။ မတ္ပဲစားသံုးမႈႏွင့္ ျပည္ပေစ်းကြက္အေျခအေန

မတ္ပဲကို ျပည္တြင္းတြင္ ပဲပင္ေပါက္၊ ပဲဟင္း၊ ပရာေႀကာ္၊ ပါပရာ၊ တိုရွည္၊ ပဲမုန္႔တို႔ ျပဳလုပ္၍ စားသံုးၾကေသာ္လည္း အမ်ားအားျဖင့္   ျပည္ပေစ်းကြက္သို႔ တင္ပို႔ေရာင္းခ်မႈအတြက္ စိုက္ပ်ိဳးထုတ္လုပ္ျခင္း ျဖစ္ပါသည္။ မတ္ပဲျပည္ပသို႔ တင္ပို႔ေရာင္းခ်မႈအေျခအေနမွာ   ေအာက္ပါအတိုင္း ျဖစ္ပါသည္။

စိုက္ပ်ိဳးျခင္း ၀၁ ရက္                        – မတ္ပဲမ်ိဳးေစ့မ်ားကို နာရီ၀က္ခန္႔ေရစိမ္ၿပီး ပဲျမစ္ဖုဇီ၀ေျမၾသဇာ တစ္ထုပ္ႏွင့္ အပင္အစိပ္အက်ဲ ညီေအာင္ မ်ိဳးေစ့ကို ၾကဲၿပီးၿပီးခ်င္း ၾကမ္းျဖင့္ ႏွစ္ျပန္အုပ္ေပးပါက အစိုဓါတ္လံုေလာက္စြာရရွိ၍ အပင္ေပါက္ညီညာၿပီး လိုအပ္ေသာ အပင္ဦးေရရရွိႏိုင္ပါသည္။ အတန္းလိုက္စိုက္မည္ဆိုပါက စိုက္ေၾကာင္းေပး၊မ်ိဳးေစ့ခ်ၿပီးၾကမ္းျပန္အုပ္ေပး ရပါမည္။ၾကဲပက္မည္ဆိုပါက ညေနပိုင္းတြင္ ၾကဲပက္ရန္သင့္ေတာ္ၿပီးလက္ဆညီေအာင္ၾကဲပက္ရန္လိုအပ္ပါသည္။

– အပင္ညွိဳးေသႏွင့္ အျခားေရာဂါမ်ား မက်ေရာက္ေအာင္ မ်ိဳးေစ့ကို မိႈသတ္ေဆးတစ္မ်ိဳးမ်ိဳးျဖင့္ လူးနယ္၍ စိုက္ပ်ိဳးပါ။

– အပင္ေပါက္ညီညာ၍ အပင္ေပါက္ေကာင္းရန္ ထယ္ေရးအတြင္း မ်ိဳးေစ့အတိမ္အနက္ (၁-၂) လက္အတြင္း ရေအာင္စိုက္ပါ။

– အပင္စေပါက္သည္။

စိုက္ပ်ိဳးျခင္း ၀၄ ရက္                        – အပင္ေပါက္စံုသည္။

၁၀ ရက္                                      -အပင္ငယ္စဥ္ ေလွး၊ က်ိဳင္း၊ ပ်၊ မႊားပင့္ကူနီ၊ ပင္စည္ထိုးယင္တို႔ ကာကြယ္ရန္ပင္လံုးျပန္႔ သတိၱရွိေသာ   ေဆးတစ္မ်ိဳးမ်ိဳးကို တစ္ဧကလွ်င္ သတ္မွတ္ႏႈန္း ဖ်န္းပါ။

၁၅ ရက္                                      – ညွိဳးေသေရာဂါကာကြယ္ရန္ မႈိသတ္ေဆးတစ္မ်ိဳးမ်ိဳးျဖင့္ ဖ်န္းပါ။

စိုက္ပ်ိဳးျခင္း ၁၅-၂၅ ရက္                   – ပဲပင္မ်ား ႀကီးထြားသန္မာျဖစ္ထြန္းရန္ N,P,K ႏွင့္ အနည္းလိုအာဟာရဓါတ္မ်ား ပါ၀င္ေသာ ရြက္ဖ်န္းေျမၾသဇာမ်ားတြင္ ႏိုက္ထရိုဂ်င္ အခ်ိဳးမ်ားသည့္ သင့္ေတာ္ေသာရြက္ဖ်န္းေျမၾသဇာ တစ္မ်ိဳးမ်ိဳးကို (၁၅) ရက္ျခား၍  ႏွစ္ႀကိမ္ပက္ ဖ်န္းပါ။

-ေပါင္းျမက္ကင္းစင္ေအာင္ ေဆာင္ရြက္ပါ။

-သီးကိုင္းဖူးေလးမ်ား စတင္ႏိုးၾကားလာသည္။ ထိုအခ်ိန္တြင္ အစိုဓါတ္မပ်က္ေစရန္၊ အာဟာရဓာတ္ မခ်ိဳ႕တဲံရန္၊ ပိုးမႊားေရာဂါ မက်ေရာက္ရန္ ဂရုျပဳရမည္။

စိုက္ပ်ိဳးျခင္း ၃၀-၃၅ ရက္                 – ၃၅ ရက္ခန္႔တြင္ ကိုင္းဖ်ားပန္းဖူးကေလးမ်ား ျဖစ္ေပၚသည္။ ပန္းဖူးေပၚၿပီး တစ္ပတ္အၾကာ ပန္းစ ပြင့္သည္။ ၄၅ ရက္သားမွ ၆၀ ရက္အတြင္း ပန္းၿဖိဳင္ၿဖိဳင္ပြင့္၍ ပြင့္အားေကာင္း အသီးေတာင့္မ်ားရန္ N,P,K အခ်ိဳးပါေသာ ရြက္ဖ်န္း   ေျမၾသဇာမ်ားတြင္ ေဖာ့စဖရပ္ႏွင့္ ပိုတက္ဆီယမ္ ရာခိုင္ႏႈန္းမ်ားေသာ သီးပြင့္ရြက္ဖ်န္းေျမၾသဇာကို (၁၅) ရက္ျခားႏွစ္ႀကိမ္ဖ်န္းပါ။ (သို႔) ေရတစ္ဂါလံတြင္ ယူရီးယား (၄.၅) ဇြန္းႏွင့္ လက္ခ်ားတစ္ဇြန္းေရာ၍ တစ္ဧကလွ်င္ ဂါလံ (၂၀) ဖ်န္းပါ။

စိုက္ပ်ိဳးျခင္း ၃၅-၆၀ ရက္                   – ရြက္ေဖာက္၊ ေလွး၊ က်ိဳင္း၊ ရြက္စားငေျမွာင္ေတာင္၊ ပင္စည္ထိုးယင္၊ ပ်ပိုး၊ သရစ္၊ ထြာေကာင္စိမ္း၊ ရြက္စံုစားခူ၀ါ၊ ပြင့္ေထြး ရြက္ကပ္သီးလံုးေဖာက္ပိုးစသည္ႏွင့္ ယင္ျဖဴေၾကာင့္ ျဖစ္ေသာ အ၀ါေရာင္မိုဇိတ္ဗိုင္းရပ္စ္ေရာဂါမ်ား မက်ေရာက္   ေစရန္ (၁၅) ရက္သားမွ (၆၀) ရက္သားအထိ (၁၅) ရက္တစ္ႀကိမ္ ပင္လံုးျပန္႕ ပိုးသတ္ေဆး တစ္မ်ိဳးမ်ိဳးကို အလွည့္က် ပက္ဖ်န္းပါ။

-သီးႏွံသက္တမ္းတေလွ်ာက္လံုး ပင္ညွိဳးေရာဂါ၊ ဖားဥမႈိ ေရာဂါ၊ သံေခ်းေရာဂါ၊ ဆာကိုစပိုးရား ရြက္ေျခာက္ေရာဂါ၊ မွည့္ေပ်ာက္စြန္းေရာဂါ၊ ဗိုင္းရပ္စ္မိုဇိတ္ေရာဂါ၊ စသည့္ေရာဂါမ်ားက်ေရာက္တတ္၍ မႈိသတ္ေဆးမ်ားမွ ေရာဂါႏွင့္ သင့္ေတာ္သည့္ ေဆးတစ္မ်ိဳးမ်ိဳးကို (၁၅) ရက္ တစ္ႀကိမ္ လွည့္က်(၄) ႀကိမ္ ဖ်န္းပါ။

စိုက္ပ်ိဳးျခင္း ၆၀-၇၀ ရက္                   – ေစ့အဆံတည္ခ်ိန္ျဖစ္၍ သီးလံုးေဖာက္ပိုးႏွင့္ ထိပ္ပုပ္ေရာဂါကို ဂရုျပဳပါ။ ပန္းပြင့္သေႏၶေအာင္ၿပီး ပဲေတာင့္ကေလးမ်ား ျဖစ္ေပၚလာသည္။ တျဖည္းျဖည္းပဲေတာင့္အတြင္းပဲေစ့ေလးမ်ား ျဖစ္ေပၚသည္။ ပဲေစ့ေလးမ်ား  ျပည့္တင္းႀကီးထြား ခ်ိန္ ျဖစ္၍ တစ္ပင္လံုး ခ်က္လုပ္ေသာ  အစာ၏ (၆၀)% ကိုအေစ့ေအာင္ျမင္ရန္ အသံုးခ်ရ၍ အစာအလိုအပ္ဆံုး ျဖစ္သည္။ ထိုအခ်ိန္တြင္ အစာခ်က္ႏႈန္းရန္ အရြက္မ်ား စိမ္းစိုက်န္းမာေနရန္ အေရးႀကီးသည္။ အာဟာရႏွင့္ အစိုဓါတ္မပ်က္ရန္ အေရးႀကီးပါသည္။

ရိတ္သိမ္းျခင္း ၇၅-၁၀၀ ရက္               – မတ္ပဲမ်ိဳးႏွင့္ ပတ္၀န္းက်င္ရာသီဥတု ထိန္းသိမ္းေစာင့္ ေရွာက္မႈအေပၚ မူတည္၍ (၇၅-၁၀၀) ရက္အတြင္း ရင့္မွည့္ေလ့ရွိၾကသည္။ အရြက္မ်ား ၀ါေျခာက္ၿပီး အေတာင့္မ်ား၏ (၇၅-၈၅)% အနက္ေရာင္သို႔ ေျပာင္း၍ ေျခာက္ေသြ႕ခ်ိန္ တြင္ ရိတ္သိမ္းပါ။ ရိတ္သိမ္းၿပီး ႏွစ္ေနသံုးေနလွမ္း၍ ေခၽြေလွ႔သန္႕စင္ပါ။ ေနလွမ္းၿပီး အစိုဓါတ္ (၈-၉)% ရွိခ်ိန္တြင္ သိုေလွာင္ပါ။

စဥ္ ခုႏွစ္ တင္ပို႔သည့္ပမာဏ (၀၀၀) မ/တန္ တန္ဖိုး U$ သန္းေပါင္း
၁။ ၂၀၁၀-၂၀၁၁ ၄၆၃.၉၁၃ ၄၅၈.၁၉၁
၂။ ၂၀၁၁-၂၀၁၂ ၅၉၉.၅၃၂ ၄၇၂.၆၃၂
၃။ ၂၀၁၂-၂၀၁၃ ၆၅၈ ၃၈၂.၃၉၇

၁၁။ နိဂံုး

မတ္ပဲသည္ ျပည္တြင္းတြင္ အသင့္အတင့္ေသာ စားသံုးၿပီး  ျပည္ပ(အဓိကအားျဖင့္အိႏၵိယ) သို႔ တင္ပို႔ေရာင္းခ်လွ်က္ရွိၿပီး  ႏိုင္ငံျခားေငြ အမ်ားဆံုး ရွာေဖြေပးေသာ ပဲသီးႏွံတစ္ခုျဖစ္ပါသည္။ မတ္ပဲအထြက္တိုးေအာင္ စိုက္ပ်ိဳးလာႏိုင္တာႏွင့္အမွ် ေတာင္သူမ်ား၀င္ေငြတိုးတက္ ၍ လူေနမႈအဆင့္ျမင့္မားလာႏိုင္မည္ ျဖစ္ေၾကာင္း ေဖာ္ျပအပ္ပါသည္။

မတ္ပဲသီးႏွံ တစ္ဧကတင္း (၂၀) ထြက္ရွိေရးေဆာင္ရြက္ရမည့္လုပ္ငန္းအဆင့္ဆင့္

ရက္စြဲ                                                            အေၾကာင္းအရာ

ႀကိဳတင္ျပင္ဆင္ျခင္း                – တစ္ဧကႏြားေခ်းသဘာ၀ေျမၾသဇာ ၁၀၀-၁၅၀ တင္းေနရာႏွံ႔ေအာင္ခ်ပါ။

(ေျမယာျပဳျပင္ျခင္း)                – ႏြားထယ္(သို႔) ထြန္စက္ႀကီးျဖင့္ ထယ္တစ္စပ္ (သို႔) ႏွစ္စပ္ထိုးပါ။

-ထယ္စာခဲေခါင္းေဖးေအာင္ နွစ္ေနသံုးေနလွမ္းၿပီးေနာက္ ေျမခံေျမၾသဇာယူရီးယား ၈ ျပည္၊ တီစူပါ ၂၄ ျပည္၊ ပိုတက္ ၁၂ ျပည္၊ ဂ်စ္ပဆမ္ ၂၀ ျပည္ကို ေရာေမႊ ၾကဲပက္ပါ။ ထို႔ေနာက္ ထြန္ေရးသင့္တင့္စြာ ညက္ေအာင္ထြန္ႏွစ္စပ္ေမႊေပးပါ။

-ေျမေကာင္းေျမမြေသာေဒသမ်ားတြင္ စပါးရိုးျပတ္တိုေအာင္ ရိတ္၍ ပထမ ဦးစြာ  မတ္ပဲမ်ိဳးေစ့ႀကဲပက္ၿပီး ကြန္ေဒါင္းထြန္ (Rotavator) ႏွင့္ ႏွစ္စပ္ေမာင္း၍ ၾကမ္းတုန္းရိုက္ၿပီး စိုက္ပ်ိဳးရပါမည္။

– ေျမေစးေျမမာေသာ စိုက္ခင္းမ်ားတြင္ ပထမဦးစြာ ႏြားထယ္ (သို႔) ထြန္စက္ ႀကီးျဖင့္ ထယ္တစ္စပ္ေမာင္း၍ ထြန္တစ္စပ္ ေျခၿပီး မ်ိဳးေစ့ၾကဲပက္ကာ ႏြားထြန္ (သို႔) ကြန္ေဒါင္းထြန္ (Rotavator) ျဖင့္ တစ္စပ္ထြန္ေမႊ၍ ၾကမ္းတုန္းရိုက္ စိုက္ပ်ိဳးရပါမည္။ ထယ္ထိုးျခင္း၊ ထြန္ေမႊျခင္းမ်ားကို ေျမ၏အေျခအေနေပၚမူတည္၍ လိုအပ္သလို ေဆာင္ရြက္ရပါမည္။

မ်ိဳးစုေဆာင္းျခင္း           မ်ိဳးအျဖစ္ ေ၇ဆင္းစိုက္ပ်ိဳးေရးသုေတသနမွ ေထာက္ခံထုတ္ေ၀ထားသည့္ ေရဆင္း(၂)၊ ေရဆင္း(၄)၊ ေရဆင္း(၆) ၊ ပုလဲထြန္း စသည့္မ်ိဳးေကာင္းမ်ိဳးသန္႔မ်ား (သို႔) မိမိေဒသတြင္ စိုက္ပ်ိဳးျဖစ္ထြန္းေနေသာ မ်ိဳးမ်ားရွိပါက မ်ိဳးသန္႔အျဖစ္ေဆာင္ရြက္၍ မ်ိဳးအျဖစ္ စိုက္ပ်ိဳးႏိုင္ေရးကို ေဆာင္ရြက္ေပးရန္ လိုအပ္ပါသည္။

-တစ္ဧကရိတ္သိမ္းအပင္ (၁၃၀၀၀၀) ရရွိရန္ အတန္းလိုက္စိုက္ပါက တန္းၾကား )၁၂)လက္မ ပင္ၾကား (၄) လက္မ ထားၿပီး မ်ိဳးေစ့ႏႈန္း (၆-၈) ျပည္ႏႈန္းသံုးပါ။ ၾကဲပက္ပါက မ်ိဳးေစ့(၁၂) ျပည္ႏႈန္း သံုးပါ။

Source by – စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

မတၸဲသီးႏြံအၾထကၱိဳးႏႈႏ္း ေဆာင္ျရက္ရမၫ့္လုပ္ငႏ္းစၪၼ္ား

နိဒါန်း

မတ်ပဲသည် မြန်မာနိုင်ငံ၏ အရေးကြီးသည့် ဆောင်းသီးနှံတစ်ခုဖြစ်ပါသည်။ မတ်ပဲကို အောက်မြန်မာပြည်တွင် စပါးရိတ်သိမ်းပြီး သီးထပ် သီးနှံအဖြစ်လည်းကောင်း၊ မြစ်ရေကျချိန်တွင် ကိုင်းကျွန်းများတွင်လည်းကောင်း၊ စိုက်ပျိုးကြသည်။ အထက်မြန်မာပြည် ဒေသများဖြစ် သည့် စစ်ကိုင်းတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ မတ်ပဲစိုက်ဧရိယာ၏ (၉၀%) ကို အောက်မြန်မာပြည်တွင် စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသည့် ဒေသများမှာ ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းတို့ဖြစ်ပါသည်။ မတ်ပဲကို ပြည်တွင်းစားသုံးရန်နှင့် အဓိကပြည်ပတင်ပို့ ရောင်းချရန် စိုက်ပျိုးပါသည်။ မတ်ပဲသည် နိုင်ငံတကာဝယ်လိုအားများသည့် သီးနှံဖြစ်ပါသည်။ မြန်မာနိုင်ငံမှ မတ်ပဲ ၂၀၁၂-၂၀၁၃ ခုနှစ် စိုက်ပျိုးမှုများမှာ ၂၇၃၇၂၁၃ ထိ စိုက်ပျိုးနိုင်ခဲ့ပါသည်။

ရာသီဥတုလိုအပ်ချက်

မတ်ပဲသည် ပူနွေး၍ခြောက်သွေ့သောရာသီဥတုကို ကြိုက်နှစ်သက်သည်။ အပူချိန်မြင့် မားခြင်းကို ခံနိုင်ရည် ရှိပါသည်။ အများအားဖြင့် နေရောင်ခြည်ကောင်းစွာရရှိ၍ အပူချိန် (၂၅ ဒီဂရီ မှ ၃၅ ဒီဂရီစင်တီဂရိတ်) အကြား ရှိသည့် ဒေသများတွင် စိုက်ပျိုးကြသည်။ ရေငတ် ဒဏ်ခံနိုင်ရည်ရှိ၍ တစ်နှစ်ပျှမ်းမျှမိုးရေချိန် ၃၆ လက်မ အောက်ရွာသွန်းသည့် ဒေသများတွင် ဖြစ်ထွန်းပါသည်။ မိုးများသောဒေသများတွင် မူ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြသည်။ ပင်လယ်ရေမျက်နှာပြင်ထက်အမြင့် (၆၀၀၀) ပေအထိ စိုက်ပျိုးနိုင်ပါသည်။ မတ်ပဲအများစု သည် နေ့တာတိုပင်ဖြစ်ကြပါသည်။ ပန်းပွင့်ခြင်းသည် နေ့တာနှင့် အပူချိန်နှစ်မျိုးလုံး တုန့်ပြန်မှုရှိ ကြပါသည်။ ပန်းပွင့်ချိန်မိုးရွာခြင်းသည် အထွက်နှုန်းကို ထိခိုက်စေပါသည်။

ဝတ်မှုန်ကူးခြင်း

စိုက်ပျိုးပြီး (၄) ပတ်မှ (၆) ပတ်အကြာတွင် ပန်းစတင်ပွင့်ပါသည်။ မပွင့်မီညနေဘက်တွင် အငုံအဆင့် နှင့်ပင် ဝတ်မှုန်ရင့်၍ ဝတ်မှုန်ကူးပြီး မျိုးအောင်သည်။ လုံးဝပင်တည်း ဝတ်မှုန်ကူးြ ခင်းဖြစ်၍ သဘာဝအတိုင်း လုံးဝပင်ခြားဝတ်မှုန်မကူးပေ။ မပွင့်အာပဲ မျိုးတည်သော ပန်းပွင့် (၄၂)% ရှိသည်။

အပူချိန်

ပုံမှန်ပျှမ်းမျှအနိမ့်ဆုံး (၇.၈) ဒီဂရီစင်တီဂရိတ်နှင့် အမြင့်ဆုံး (၂၇.၈) ဒီဂရိတ်စင်တီဂရိတ် အတွင်းတွင် ဖြစ်ထွန်းပါသည်။ သို့သော် အပင် ပေါက်ချိန်တွင် (၁၈) ဒီဂရီစင်တီဂရိတ် ထက်မနိမ့်သင့်ပေ။ အပင်သက်တမ်းတစ်လျှောက် (၂၀-၃၀) ဒီဂရီစင်တီဂရိတ်တွင် အကောင်း ဆုံး ဖြစ်ပါသည်။ မိုးရေချိန်၊ အပူချိန်များအရ မြန်မာနိုင်ငံမြေပြန့်နှင့် အောက်ပိုင်းဒေသအားလုံး တွင် မတ်ပဲကို မိုးနှောင်းနှင့် ဆောင်းဦးတွင်သာ စိုက်ပျိုးပြီး ဆောင်းနှောင်း၊ နွေဦးတွင် ရိတ်သိမ်းရန် အသင့်ဆုံးဖြစ်ပါသည်။

မြန်မာပြည်တွင် ရေဆင်း (၄) မျိုးကဲ့သို့မျိုးများသည် လင်းတာတုံ့ပြန်မှုမရှိသဖြင့် ပန်းပွင့်ချိန်နှင့် ရိတ်သိမ်းချိန်တွင် အပူချိန်မြင့်လွန်းခြင်းနှင့် မိုးများလွန်းခြင်းမရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။

၄။ မြေအမျိုးအစား

မတ်ပဲစိုက်ပျိုးမည့်မြေသည် မြေသားနု၍ ရေမဝပ်သောမြေကို ရွေးချယ်သင့်သည်။ စနယ်မြေစေးမျိုးကို ကြိုက်နှစ်သက်၍ အသင့်တော်ဆုံး အထွက်နှုန်းရရှိနိုင်သည်။ မြေနီသို့မဟုတ် သဲသမမြေ၊ လယ်မြေကဲ့သို့ မြေအမျိုးအစားတွင် စိုက်ပျိုးနိုင်သည်။ မတ်ပဲကို စပါးပြီး လယ်မြေ နှင့် မြစ်ရေကျပြီး နုန်းသမမြေတို့တွင် အများဆုံး စိုက်ပျိုးကြသည်။ အသင့်တော်ဆုံး မြေအချဉ်ငံဓါတ်မှာ pH ၅.၈ မှ ၆.၅ ဖြစ်ပါသည်။ မြေအချဉ်အငံဓါတ် ၅.၅ ထက်လျော့နည်းပါက အပင်ဖြစ်ထွန်းမှု အားနည်းပါသည်။ ဆားပေါက်မြေနှင့် ထုံးဓါတ်ကဲသည့် မြေတို့တွင် မစိုက်ပျိုးသင့်ပါ။

၅။ စိုက်ပျိုးလျှက်ရှိသောမျိုးများ

တောင်သူအများဆုံး စိုက်ပျိုးလျှက်ရှိသောမျိုးများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထောက်ခံထားသည့် မျိုးကောင်းမျိုးသန့် များနှင့် ဒေသအထွက်ကောင်းမျိုးများကို စိုက်ပျိုးကြသည်။ အဆိုပါမျိုးများ၏ အရည်အသွေးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အမည် အသက်ရက် အစေ့၁၀၀အလေးချိန် အထွက်နှုန်း တင်း/ဧက အစေ့ အရောင် စိုက်ပျိုးရန်သင့်တော်သည့်ဒေသများ
ရေဆင်း – ၂ ၇၀-၇၅ ၄.၅-၅ ၂၅-၃၀ နက် ပဲခူးရှေ့၊ပဲခူးနောက်၊မကွေး၊ မန္တလေး၊ရခိုင်၊ ရန်ကုန်၊ရှမ်းတော င် ၊ဧရာဝတီ၊(မိုးနှောင်း)
ရေဆင်း – ၄ ၆၀-၆၅ ၄.၅ ၂၀-၂၅ နက် မကွေး၊ ရခိုင်၊ ဧရာဝတီ
ပုလဲထွန်း ၉၀-၉၅ ၅.၅-၅.၇ ၂၈-၃၀ နက် ဧရာဝတီ
ရေဆင်း – ၆ ၉၀-96 ၅.၅-၅.၉ ၃၀-၄၀ နက်ပြောင် မန္တလေး (မိုးနှောင်း)
မင်းလှလုံးကြီး၊ မိုးညိုလုံးကြီး၊ ဟင်္သာတလုံးကြီး၊ မင်းလှထွန်း ၈၃ ၅.၀၉ ၁၅-Sep နက် (မွဲ) ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ ပဲခူးအနောက် (မိုးနှောင်း)

မတ်ပဲတစ်ဧက တင်း (၂၀) ရရှိရန် မတ်ပဲစေ့ပေါင်း တစ်ဧကသိန်း(၁၃၀) ကျော် ရရှိရန်လိုအပ်သဖြင့် တစ်တင်းတွင် အစေ့ပေါင်း (၆) သိန်း ခွဲကျော်ခန့်ရှိရမည် ဖြစ်ပါသည်။ ထိုသို့ရရှိရန် တစ်ဧက ရိတ်သိမ်းပင်ပေါင်း (၁၃၀၀၀၀) ရှိရန် တစ်ပင်ပါသီးတောင့် (၂၀) ရရှိရန် တစ်တောင့်လျှင် အောင့်စေ့ (၅) စေ့မှ (၆) စေ့ရှိပြီး အစေ့ (၁၀၀) အလေးချိန် (၄-၅) ဂရမ်ရှိရန် လိုအပ်ပါသည်။ အပင် (၃၀၀၀၀)ခန့် လျော့ပါက တစ်ဧက(၅) တင်းခန့် လျော့နည်းနိုင်ပါသည်။

မစိုက်ပျိုးမီ အပင်ပေါက်နှုန်းအား စမ်းသပ်ပြီး အပင်ပေါက်ရာခိုင်နှုန်း (၉၀) ရှိသော မျိုးကို အသုံးပြုရန် လိုအပ်ပါသည်။ အတန်းလိုက် စိုက်ခင်းတွင် တစ်ဧကပျှမ်းမျှ (၆-၈) ပြည်နှုန်းအား လည်းကောင်း၊ ကြဲပက်သည့် စိုက်ခင်းတွင် တစ်ဧကပျှမ်းမျှ (၁၂) ပြည်နှုန်းသုံးစွဲပါ။ မိမိဒေသအတွင်း အပင်ငယ်စဉ် ပျက်စီးဆုံးရှုံးနိုင်သော ပမာဏအား ထည့်သွင်းစဉ်းစား၍ တစ်ဧက ရိတ်သိမ်းပင် (၁၃၀၀၀၀) ရရှိရန် လိုအပ်သဖြင့် အပင်ပေါက်စုံရန် လိုအပ်ပါသည်။ အပင်ပေါက်စုံရန်အတွက် အစိုဓါတ်မီရန် စိုက်ချိန်မှန်ဖို့လိုအပ်ပါသည်။

၇။ မတ်ပဲသီးနှံပုံစံ

မတ်ပဲသီးနှံအား စစ်ကိုင်းတိုင်းတွင် မိုးရာသီတွင်လည်း စိုက်ပျိုးကြပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင် ဆောင်းရာသီ စပါးအပြီး သီးထပ် အဖြစိစိုက်ပျိုးကြသည်။ စပါးပြီး သီးထပ်စိုက်ပျိုးမည်ဖြစ်ပါက မိုးစပါးအား အောက်တိုဘာလကုန်ရိတ်နိုင်သည့် သတ်လတ်စပါးမျိုးကို စိုက်ရမည်။ စပါးရိတ်သည့်အခါ အောက်ခြေပြတ်ရိတ်၍ ခြေနင်းခံနိုင်သောမြေအခြေအနေတွင် စိုက်ပျိုးရန်သင့်တော်သော အခြေအနေ ဖြစ်ပါသည်။ မြေကို လက်ဖြင့် ဆုပ်ကြည့်လျှင် မြေလုံးမကွဲသော အခြေအနေသည် အစိုဓါတ် အနေတော် ဖြစ်ပါသည်။

၈။ စိုက်ပျိုးနည်းစနစ်

မတ်ပဲကို အများအားဖြင့် စပါးသီးထပ်(သို့) ရေလိုက်ကြဲပက်စိုက်ပျိုးခြင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးလေ့ရှိသည်။ အတန်း လိုက် စိုက်ပျိုးခြင်းသည် အထွက်နှုန်းပိုမိုကောင်းမွန်စေပါသည်။ မတ်ပဲကို အစိုဓါတ်နှင့် စောစောအပင်ပေါက်စေရန် ရေလိုက်ကြဲစနစ်၊ ဓားခုတ်ဖုံးစနစ်၊ ထွန်ရေးဖြင့် စိုက်သောစနစ်(ထွန်ပဲစနစ်) တို့ဖြင့် စိုက်ပျိုးလေ့ရှိပါသည်။

၉။ မတ်ပဲစိုက်ဧကများ

မတ်ပဲစိုက်ဧကများ နှစ်စဉ်တိုးတက်လျှက် ရှိပါသည်။ နှစ်အလိုက်မတ်ပဲစိုက်ဧကမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
စဉ် ခုနှစ် စိုက်ဧက
၁။ ၂၀၁၀ – ၂၀၁၁ ၂၆၀၆၆၄၂
၂။ ၂၀၁၁ – ၂၀၁၂ ၂၆၉၃၉၀၆.
၃။ ၂၀၁၂ – ၂၀၁၃ ၂၇၃၇၂၁၃
၄။ ၂၀၁၃ – ၂၀၁၄(ရည်မှန်း) ၂၆၁၂၃၄၈

၁၀။ မတ်ပဲစားသုံးမှုနှင့် ပြည်ပဈေးကွက်အခြေအနေ

မတ်ပဲကို ပြည်တွင်းတွင် ပဲပင်ပေါက်၊ ပဲဟင်း၊ ပရာကြော်၊ ပါပရာ၊ တိုရှည်၊ ပဲမုန့်တို့ ပြုလုပ်၍ စားသုံးကြသော်လည်း အများအားဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုအတွက် စိုက်ပျိုးထုတ်လုပ်ခြင်း ဖြစ်ပါသည်။ မတ်ပဲပြည်ပသို့ တင်ပို့ရောင်းချမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စိုက်ပျိုးခြင်း ၀၁ ရက် – မတ်ပဲမျိုးစေ့များကို နာရီဝက်ခန့်ရေစိမ်ပြီး ပဲမြစ်ဖုဇီဝမြေသြဇာ တစ်ထုပ်နှင့် အပင်အစိပ်အကျဲ ညီအောင် မျိုးစေ့ကို ကြဲပြီးပြီးချင်း ကြမ်းဖြင့် နှစ်ပြန်အုပ်ပေးပါက အစိုဓါတ်လုံလောက်စွာရရှိ၍ အပင်ပေါက်ညီညာပြီး လိုအပ်သော အပင်ဦးရေရရှိနိုင်ပါသည်။ အတန်းလိုက်စိုက်မည်ဆိုပါက စိုက်ကြောင်းပေး၊မျိုးစေ့ချပြီးကြမ်းပြန်အုပ်ပေး ရပါမည်။ကြဲပက်မည်ဆိုပါက ညနေပိုင်းတွင် ကြဲပက်ရန်သင့်တော်ပြီးလက်ဆညီအောင်ကြဲပက်ရန်လိုအပ်ပါသည်။

– အပင်ညှိုးသေနှင့် အခြားရောဂါများ မကျရောက်အောင် မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်၍ စိုက်ပျိုးပါ။

– အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းရန် ထယ်ရေးအတွင်း မျိုးစေ့အတိမ်အနက် (၁-၂) လက်အတွင်း ရအောင်စိုက်ပါ။

– အပင်စပေါက်သည်။

စိုက်ပျိုးခြင်း ၀၄ ရက် – အပင်ပေါက်စုံသည်။

၁၀ ရက် -အပင်ငယ်စဉ် လှေး၊ ကျိုင်း၊ ပျ၊ မွှားပင့်ကူနီ၊ ပင်စည်ထိုးယင်တို့ ကာကွယ်ရန်ပင်လုံးပြန့် သတ္တိရှိသော ဆေးတစ်မျိုးမျိုးကို တစ်ဧကလျှင် သတ်မှတ်နှုန်း ဖျန်းပါ။

၁၅ ရက် – ညှိုးသေရောဂါကာကွယ်ရန် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ဖျန်းပါ။

စိုက်ပျိုးခြင်း ၁၅-၂၅ ရက် – ပဲပင်များ ကြီးထွားသန်မာဖြစ်ထွန်းရန် N,P,K နှင့် အနည်းလိုအာဟာရဓါတ်များ ပါဝင်သော ရွက်ဖျန်းမြေသြဇာများတွင် နိုက်ထရိုဂျင် အချိုးများသည့် သင့်တော်သောရွက်ဖျန်းမြေသြဇာ တစ်မျိုးမျိုးကို (၁၅) ရက်ခြား၍ နှစ်ကြိမ်ပက် ဖျန်းပါ။

-ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။

-သီးကိုင်းဖူးလေးများ စတင်နိုးကြားလာသည်။ ထိုအချိန်တွင် အစိုဓါတ်မပျက်စေရန်၊ အာဟာရဓာတ် မချို့တဲံရန်၊ ပိုးမွှားရောဂါ မကျရောက်ရန် ဂရုပြုရမည်။

စိုက်ပျိုးခြင်း ၃၀-၃၅ ရက် – ၃၅ ရက်ခန့်တွင် ကိုင်းဖျားပန်းဖူးကလေးများ ဖြစ်ပေါ်သည်။ ပန်းဖူးပေါ်ပြီး တစ်ပတ်အကြာ ပန်းစ ပွင့်သည်။ ၄၅ ရက်သားမှ ၆၀ ရက်အတွင်း ပန်းဖြိုင်ဖြိုင်ပွင့်၍ ပွင့်အားကောင်း အသီးတောင့်များရန် N,P,K အချိုးပါသော ရွက်ဖျန်း မြေသြဇာများတွင် ဖော့စဖရပ်နှင့် ပိုတက်ဆီယမ် ရာခိုင်နှုန်းများသော သီးပွင့်ရွက်ဖျန်းမြေသြဇာကို (၁၅) ရက်ခြားနှစ်ကြိမ်ဖျန်းပါ။ (သို့) ရေတစ်ဂါလံတွင် ယူရီးယား (၄.၅) ဇွန်းနှင့် လက်ချားတစ်ဇွန်းရော၍ တစ်ဧကလျှင် ဂါလံ (၂၀) ဖျန်းပါ။

စိုက်ပျိုးခြင်း ၃၅-၆၀ ရက် – ရွက်ဖောက်၊ လှေး၊ ကျိုင်း၊ ရွက်စားငမြှောင်တောင်၊ ပင်စည်ထိုးယင်၊ ပျပိုး၊ သရစ်၊ ထွာကောင်စိမ်း၊ ရွက်စုံစားခူဝါ၊ ပွင့်ထွေး ရွက်ကပ်သီးလုံးဖောက်ပိုးစသည်နှင့် ယင်ဖြူကြောင့် ဖြစ်သော အဝါရောင်မိုဇိတ်ဗိုင်းရပ်စ်ရောဂါများ မကျရောက် စေရန် (၁၅) ရက်သားမှ (၆၀) ရက်သားအထိ (၁၅) ရက်တစ်ကြိမ် ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို အလှည့်ကျ ပက်ဖျန်းပါ။

-သီးနှံသက်တမ်းတလျှောက်လုံး ပင်ညှိုးရောဂါ၊ ဖားဥမှို ရောဂါ၊ သံချေးရောဂါ၊ ဆာကိုစပိုးရား ရွက်ခြောက်ရောဂါ၊ မှည့်ပျောက်စွန်းရောဂါ၊ ဗိုင်းရပ်စ်မိုဇိတ်ရောဂါ၊ စသည့်ရောဂါများကျရောက်တတ်၍ မှိုသတ်ဆေးများမှ ရောဂါနှင့် သင့်တော်သည့် ဆေးတစ်မျိုးမျိုးကို (၁၅) ရက် တစ်ကြိမ် လှည့်ကျ(၄) ကြိမ် ဖျန်းပါ။

စိုက်ပျိုးခြင်း ၆၀-၇၀ ရက် – စေ့အဆံတည်ချိန်ဖြစ်၍ သီးလုံးဖောက်ပိုးနှင့် ထိပ်ပုပ်ရောဂါကို ဂရုပြုပါ။ ပန်းပွင့်သန္ဓေအောင်ပြီး ပဲတောင့်ကလေးများ ဖြစ်ပေါ်လာသည်။ တဖြည်းဖြည်းပဲတောင့်အတွင်းပဲစေ့လေးများ ဖြစ်ပေါ်သည်။ ပဲစေ့လေးများ ပြည့်တင်းကြီးထွား ချိန် ဖြစ်၍ တစ်ပင်လုံး ချက်လုပ်သော အစာ၏ (၆၀)% ကိုအစေ့အောင်မြင်ရန် အသုံးချရ၍ အစာအလိုအပ်ဆုံး ဖြစ်သည်။ ထိုအချိန်တွင် အစာချက်နှုန်းရန် အရွက်များ စိမ်းစိုကျန်းမာနေရန် အရေးကြီးသည်။ အာဟာရနှင့် အစိုဓါတ်မပျက်ရန် အရေးကြီးပါသည်။

ရိတ်သိမ်းခြင်း ၇၅-၁၀၀ ရက် – မတ်ပဲမျိုးနှင့် ပတ်ဝန်းကျင်ရာသီဥတု ထိန်းသိမ်းစောင့် ရှောက်မှုအပေါ် မူတည်၍ (၇၅-၁၀၀) ရက်အတွင်း ရင့်မှည့်လေ့ရှိကြသည်။ အရွက်များ ဝါခြောက်ပြီး အတောင့်များ၏ (၇၅-၈၅)% အနက်ရောင်သို့ ပြောင်း၍ ခြောက်သွေ့ချိန် တွင် ရိတ်သိမ်းပါ။ ရိတ်သိမ်းပြီး နှစ်နေသုံးနေလှမ်း၍ ချွေလှေ့သန့်စင်ပါ။ နေလှမ်းပြီး အစိုဓါတ် (၈-၉)% ရှိချိန်တွင် သိုလှောင်ပါ။
စဉ် ခုနှစ် တင်ပို့သည့်ပမာဏ (၀၀၀) မ/တန် တန်ဖိုး U$ သန်းပေါင်း
၁။ ၂၀၁၀-၂၀၁၁ ၄၆၃.၉၁၃ ၄၅၈.၁၉၁
၂။ ၂၀၁၁-၂၀၁၂ ၅၉၉.၅၃၂ ၄၇၂.၆၃၂
၃။ ၂၀၁၂-၂၀၁၃ ၆၅၈ ၃၈၂.၃၉၇

၁၁။ နိဂုံး

မတ်ပဲသည် ပြည်တွင်းတွင် အသင့်အတင့်သော စားသုံးပြီး ပြည်ပ(အဓိကအားဖြင့်အိန္ဒိယ) သို့ တင်ပို့ရောင်းချလျှက်ရှိပြီး နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးသော ပဲသီးနှံတစ်ခုဖြစ်ပါသည်။ မတ်ပဲအထွက်တိုးအောင် စိုက်ပျိုးလာနိုင်တာနှင့်အမျှ တောင်သူများဝင်ငွေတိုးတက် ၍ လူနေမှုအဆင့်မြင့်မားလာနိုင်မည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

မတ်ပဲသီးနှံ တစ်ဧကတင်း (၂၀) ထွက်ရှိရေးဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်

ရက်စွဲ အကြောင်းအရာ

ကြိုတင်ပြင်ဆင်ခြင်း – တစ်ဧကနွားချေးသဘာဝမြေသြဇာ ၁၀၀-၁၅၀ တင်းနေရာနှံ့အောင်ချပါ။

(မြေယာပြုပြင်ခြင်း) – နွားထယ်(သို့) ထွန်စက်ကြီးဖြင့် ထယ်တစ်စပ် (သို့) နှစ်စပ်ထိုးပါ။

-ထယ်စာခဲခေါင်းဖေးအောင် နှစ်နေသုံးနေလှမ်းပြီးနောက် မြေခံမြေသြဇာယူရီးယား ၈ ပြည်၊ တီစူပါ ၂၄ ပြည်၊ ပိုတက် ၁၂ ပြည်၊ ဂျစ်ပဆမ် ၂၀ ပြည်ကို ရောမွှေ ကြဲပက်ပါ။ ထို့နောက် ထွန်ရေးသင့်တင့်စွာ ညက်အောင်ထွန်နှစ်စပ်မွှေပေးပါ။

-မြေကောင်းမြေမွသောဒေသများတွင် စပါးရိုးပြတ်တိုအောင် ရိတ်၍ ပထမ ဦးစွာ မတ်ပဲမျိုးစေ့ကြဲပက်ပြီး ကွန်ဒေါင်းထွန် (Rotavator) နှင့် နှစ်စပ်မောင်း၍ ကြမ်းတုန်းရိုက်ပြီး စိုက်ပျိုးရပါမည်။

– မြေစေးမြေမာသော စိုက်ခင်းများတွင် ပထမဦးစွာ နွားထယ် (သို့) ထွန်စက် ကြီးဖြင့် ထယ်တစ်စပ်မောင်း၍ ထွန်တစ်စပ် ခြေပြီး မျိုးစေ့ကြဲပက်ကာ နွားထွန် (သို့) ကွန်ဒေါင်းထွန် (Rotavator) ဖြင့် တစ်စပ်ထွန်မွှေ၍ ကြမ်းတုန်းရိုက် စိုက်ပျိုးရပါမည်။ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းများကို မြေ၏အခြေအနေပေါ်မူတည်၍ လိုအပ်သလို ဆောင်ရွက်ရပါမည်။

မျိုးစုဆောင်းခြင်း မျိုးအဖြစ် ရေဆင်းစိုက်ပျိုးရေးသုတေသနမှ ထောက်ခံထုတ်ဝေထားသည့် ရေဆင်း(၂)၊ ရေဆင်း(၄)၊ ရေဆင်း(၆) ၊ ပုလဲထွန်း စသည့်မျိုးကောင်းမျိုးသန့်များ (သို့) မိမိဒေသတွင် စိုက်ပျိုးဖြစ်ထွန်းနေသော မျိုးများရှိပါက မျိုးသန့်အဖြစ်ဆောင်ရွက်၍ မျိုးအဖြစ် စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

-တစ်ဧကရိတ်သိမ်းအပင် (၁၃၀၀၀၀) ရရှိရန် အတန်းလိုက်စိုက်ပါက တန်းကြား )၁၂)လက်မ ပင်ကြား (၄) လက်မ ထားပြီး မျိုးစေ့နှုန်း (၆-၈) ပြည်နှုန်းသုံးပါ။ ကြဲပက်ပါက မျိုးစေ့(၁၂) ပြည်နှုန်း သုံးပါ။

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post မတ္ပဲသီးႏွံအထြက္တိုးႏႈန္း ေဆာင္ရြက္ရမည့္လုပ္ငန္းစဥ္မ်ား appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


နာမည္ေက်ာ္ေနတဲ့ (Eaint Treasure)အိမ့္ရတနာရဲ့ HD Video


တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္၌ ဘိန္းျဖဴ ၃၅ဂရမ္ ဖမ္းဆည္းရမိ


ယူေကစစ္သံမွဴးအမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နာယကဦးတင္ဦးႏွင့္ေတြ႕ဆံု၊


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


အသက္ႏွစ္ဆယ္ျပည့္ေတာ့မယ့္ ဝါဆိုမိုးဦး ကေတာ့ မဂႍလာေဆာင္တာကို အားၾကမိတယ္ ဆိုပဲ


ေမာင္စြမ္းရည္ ● ဂ်ပန္စကားသင္ ေက်ာင္းသား ေမာင္ဘဂ်မ္း


သူ ့ကိုမခ်စ္ဘူး......


ဗိုက္ေပါက္ရဲ.အနာကုိ ဘယ္သူေဆးကုေပးမွာလဲ ( ေဇာ္သက္ေထြး )


ေသြးအုပ္စုမ်ား ဖခင္စစ္-မစစ္ အျငင္းမပြါး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>