Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691
$
0
0
ဆောင်ရွက်ချိန်
စိုက်ပျိုးရေးဦးစီးဌာန
Unicode ဖြင့်ဖတ်ရန်
စပါးရွက်လိပ်အိမ်ပိုး (ရွက်ဖြတ်ပိုး) ကျရောက်လျှင် ဆောင်ရွက်သင့်သည့်အချက်များ
Caseworm (Nymphula depunctalis)
စပါးစိုက်တောင်သူဦးကြီးများအတွက် စပါးရွက်လိပ်အိမ်ပိုး (ရွက်ဖြတ်ပိုး) ကျရောက်လျှင် ဆောင်ရွက်သင့်တဲ့ အချက်များကို Pissaya Info မှ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
ဆောင်ရွက်ချိန်
၁။ ပေါင်းမြက်များကို ရှင်းလင်းပါ။
၂။ ရွက်လိပ်အိမ်ပိုးလောက်ကောင်များသည် လေပြွန်လေးများမှတဆင့် ရေထဲမှ လေကိုအသက်ရှူပါသည်။
သို့ဖြစ်ပါ၍ ရေကို သုံးရက်ခန့် ထုတ်ပေးပါ။
၃။ ရေကို ပြောင်စင်အောင်ထုတ်ပါက ဧရာဝတီတိုင်းနွေစပါးတွင် ပေါင်းပြဿနာနှင့် မြစ်ဖုနီမတုတ်ပြဿနာများကို ထည့်သွင်းစဉ်းစားရမည်။ ဤကဲ့သို့သော နေရာများတွင် ရေကို ပြောင်စင်အောင်မထုတ်ရပါ။ ရေစီးနှင့်မြောလာသော ရွက်လိပ်အိမ်ပိုးလောက်ကောင်များ အစုအဝေးကို ဆန်ကာ နှင့် ဆယ်ယူ၍ ကုန်းပေါ်သို့ တင်ခြင်းအားဖြင့် သေစေနိုင်ပါသည်။
၄။ အကယ်၍ ဤသို့ဆန်ကာဖြင့် ဆယ်ထုတ်ရန် အချိန်မပေးနိုင်ပါက ရွက်လိပ်အိမ်ပိုး အစုအဝေးများရှိသော နေရာများကို တမာပိုးသတ်ဆေး (သို့မဟုတ်) ထိသေပိုးသတ်ဆေး တစ်မျိုးမျိုးကို ကွက်၍ ဆေးဖျန်းပါ။
၅။ စပါးတွင် အင်ဒိုဆာ(လ်)ဖန် အသုံးပါနှင့် ရေနေသတ္တဝါများအန္တရာယ်ရှိပါသည်။ ဒီဆစ်၊ ဆိုက်ပါကဲ့သို့သော ပါရီသရိုက် အုပ်စုဝင်ဆေးများကို စပါးတွင် အသုံးမပြုသင့်ပါ။ တောင်သူ့မိတ်ဆွေပိုးများကို ထိခိုက်စေပါသည်။
မလိုအပ်ပဲဆေးသုံးမှုသည် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် စပါးဖြုတ်ညိုပိုး ပွားများစေရန် အခွင့်အလမ်း ဖြစ်ပေါ်စေသည်။
The post စပါးရွက်လိပ်အိမ်ပိုး (ရွက်⁠ဖြတ်ပိုး) ကျ⁠ရောက်လျှင် ⁠ဆောင်ရွက်သင့်သည့်အချက်များ appeared first on Myanmar Farmers' Portal.
Viewing all articles
Browse latest Browse all 691
Trending Articles