ေဆာင္ရြက္ရန္
၁။ ေပါင္းျမက္မ်ားသည္ လက္ခံပင္မ်ား ျဖစ္သျဖင့္ ေပါင္းျမက္မ်ားကို ရွင္းလင္းပါ။
၂။ ဘဲေမြးပါက ပိုးက်ေသာအကြက္ထဲ ေရသြင္းၿပီးဘဲခ်ေၾကာင္း၍ ပိုေလာက္ေကာင္မ်ားကို ဘဲမ်ားစားေသာက္ေစျခင္းျဖင့္ ႏွိမ္နင္းႏိုင္ပါသည္။
၃။ ထိေသပိုးသတ္ေဆး တစ္မ်ိဳးမ်ိဳးျဖင့္ ပက္ဖ်န္းႏွိ္မ္နင္းပါ။
၄။ ငေျမွာင္ေတာင္ေလာက္ေကာင္၏ ခႏၶာကိုယ္ေဘးတစ္ေလွ်ာက္တြင္ ေလရွဴေပါက္မ်ား ရွိသည္။ ေရသြင္းေပးျခင္းျဖင့္ ေရမြန္း၍ ေသေစနိုင္သည္။ ထိေသ ပိုးသတ္ေဆးကို လိုအပ္မွ ကြက္၍ ဖ်န္းပါ။
၅။ စပါးတြင္ အင္ဒိုဆာ(လ္)ဖန္ မသံုးပါႏွင့္ ေရေနသတၱ၀ါမ်ား အႏၱရာယ္ရွိပါသည္။ ဒီဆစ္၊ ဆုိက္ပါကဲ့သို႔ေသာ ပါရီသရိုက္အုပ္စု၀င္ေဆးမ်ားကို စပါးတြင္ အသံုးမျပဳသင့္ပါ။ ေတာင္သူ႔ မိတ္ေဆြ ပိုးမ်ားကို ထိခိုက္ေစပါသည္။ မလိုအပ္ပဲ ေဆးသံုးမႈသည္ ေနာက္ဆက္တြဲဆိုးက်ိဳး အျဖစ္ စပါးျဖဳတ္ညိဳပိုး ပြားမ်ားေစရန္ အခြင့္အလမ္း ျဖစ္ေပၚေစသည္။
စိုက္ပ်ိဳးေရးဦးစီးဌာန
Unicode ျဖင့္ဖတ္ရန္
စပါးတွင် ငမြှောင်တောင်ပိုး ကျရောက်လျှင် ဆောင်ရွက်သင့်သည့်အချက်များ
======================================================
ဆောင်ရွက်ရန်
၁။ ပေါင်းမြက်များသည် လက်ခံပင်များ ဖြစ်သဖြင့် ပေါင်းမြက်များကို ရှင်းလင်းပါ။
၂။ ဘဲမွေးပါက ပိုးကျသောအကွက်ထဲ ရေသွင်းပြီးဘဲချကြောင်း၍ ပိုလောက်ကောင်များကို ဘဲများစားသောက်စေခြင်းဖြင့် နှိမ်နင်းနိုင်ပါသည်။
၃။ ထိသေပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနှိမ်နင်းပါ။
၄။ ငမြှောင်တောင်လောက်ကောင်၏ ခန္ဓာကိုယ်ဘေးတစ်လျှောက်တွင် လေရှူပေါက်များ ရှိသည်။ ရေသွင်းပေးခြင်းဖြင့် ရေမွန်း၍ သေစေနိုင်သည်။ ထိသေ ပိုးသတ်ဆေးကို လိုအပ်မှ ကွက်၍ ဖျန်းပါ။
၅။ စပါးတွင် အင်ဒိုဆာ(လ်)ဖန် မသုံးပါနှင့် ရေနေသတ္တဝါများ အန္တရာယ်ရှိပါသည်။ ဒီဆစ်၊ ဆိုက်ပါကဲ့သို့သော ပါရီသရိုက်အုပ်စုဝင်ဆေးများကို စပါးတွင် အသုံးမပြုသင့်ပါ။ တောင်သူ့ မိတ်ဆွေ ပိုးများကို ထိခိုက်စေပါသည်။ မလိုအပ်ပဲ ဆေးသုံးမှုသည် နောက်ဆက်တွဲဆိုးကျိုး အဖြစ် စပါးဖြုတ်ညိုပိုး ပွားများစေရန် အခွင့်အလမ်း ဖြစ်ပေါ်စေသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post စပါးတြင္ ငေျမွာင္ေတာင္ပိုး က်ေရာက္လွ်င္ ေဆာင္ရြက္သင့္သည့္အခ်က္မ်ား appeared first on Myanmar Farmers' Portal.