Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ကော်ဖီစိုက်ပျိုးနည်း အပိုင်း(၄)

$
0
0

အပင်ကိုင်းဖြတ် ပြုပြင်ခြင်း

ကော်ဖီပင်တစ်ပင်မှ သီးထွက်ပုံမှန်ရရှိနိုင်ရန်အတွက် ကိုင်းဖြတ်ပြုပြင်ခြင်းကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည်။ ကိုင်းဖြတ်ပြုပြင် ရာတွင် အသီးကိုင်း အဟောင်းများကို ပယ်၍ အသီးကိုင်းအသစ်များ မွေးမြူရန်၊ အသီးကိုင်းများ နေရောင်ခြည်ကောင်းစွာ ထိတွေ့နိုင်ရန်   နှင့် အပင်အုံအတွင်း လေ၀င်လေထွက်ကောင်းစေရန် အချက်များကို အဓိကထား၍ ဆောင်ရွက်ရသည်။

ကောက်ဖီပင်ကိုင်းဖြာထွက်ပုံမှာ ကိုင်းမှ(သို့မဟုတ်) ပင်စည်မှ ပထမအကိုင်းများ (Primaris) ဖြာထွက်ပြီး ပထမအကိုင်းများမှ ဒုတိယ အကိုင်းများ (Secondaries) ၊ ဒုတိယအကိုင်းများမှ တတိယအကိုင်းများ (Tertiaries) စသည်ဖြင့် ဖြာထွက်သည်။ အများအားဖြင့် ပထမ အကိုင်းများ၊ ဒုတိယအကိုင်းများအထိသာ အသီးခံယူလေ့ရှိသည်။ ကော်ဖီပင်အကိုင်း၏ အဆစ်များတွင် တစ်ဆစ်လျှင် တစ်ခါသာ ပွင့်သီး   လေ့ရှိသဖြင့် အသီးကိုင်း တစ်ကိုင်း(၂) နှစ်သာ အသီးခံယူသင့်သည်။ သို့ဖြစ်ပါ၍ အသီးကိုင်း အဟောင်းများကို ပယ်လျက် အသီးကိုင်း အသစ်များကို အဆက်မပြတ် မွေးမြူရသည်။

ကော်ဖီပင် စိုက်ခင်းအသစ်များတွင် အောက်ပါအတိုင်း ကိုင်းမတစ်ခုတည်း ထားလျက် သီးကိုင်းမွေးသော စနစ်ကို စတင်သုံးရသည်။

(၁) ပထမကိုင်းများပေါ်တွင် ပင်စည်မှ (၉) လက်မ အကွာအဝေးအတွင်း၊ အရွက်များ ရှင်းပေးပါ။

(၂) ထွက်လာသမျှ ဒုတိယကိုင်းများကို ဖြတ်ပေးပါ။

(၃) ပင်စည်၏ အောက်ဆုံးတွင် ဖြာထွက်သော အကိုင်းများသည် မြေနှင့်ထိနေပါက အရင်းမှ ဖြတ်ပစ်ပါ။

(၄) ကော်ဖီပင် အသီးစတင်သီးသော နှစ်များတွင် အောက်ဆုံးအကိုင်းများမှ အသီးခံယူပါ။

(၅) သီးကိုင်း တစ်ကိုင်းတွင်၊ ပထမ သီးခံယူနေစဉ် ကိုင်းဖျားရှိ ဒုတိယအကိုင်းငယ်(၂) ကိုင်းကို မဖြတ်ပဲ ချန်ထားရသည်၊ ပထမ သီးခံယူ   နေစဉ်မှာပင် ဒုတိယသီးခံယူနိုင်မည့် အပိုင်းသည်လည်း ရှည်ထွက်လျက် ရှိသည်။

(၅) အသီး(၂) နှစ် ခံယူပြီးသော အသီးကိုင်းများကို အရင်းမှ ဖြတ်ပစ်ပါ။

(၇) ကော်ဖီပင် အမြင့် (၆) ပေတွင် ခေါင်ညွန့် ဖြတ်ပေးပါ။

အထက်ပါအတိုင်း ကိုင်းတစ်ခုတည်း စနစ်ဖြင့် အသီးခံယူလျက်ရှိရာမှ အောက်ဆုံး သီးကိုင်း၊ အမြင့် (၄) ပေကျော်ခန့်ရှိချိန်တွင် တဖက်ပါ အတိုင်း ကိုင်းမ(၂) ခု ထားလျက် သီးကိုင်းမွေးသော စနစ်ကို ပြောင်းလဲ ပြုပြင်ရသည်။

(၁) အောက်ဆုံးဖြာထွက်သော ကိုင်းသည် မြေပြင်မှ (၄) ပေ အမြင့်ရှိချိန်တွင် သားတက်အသစ်များ စတင်မွေးမြူရသည်။

(၂) မြေပြင်မှ အမြင့်(၂) ပေခန့်တွင် အခေါက်ကို ဓါးနှောင့်ဖြင့် ထုပေးပါ။ ဤသို့ ပြုလုပ်ခြင်းဖြင့် ထုထားသော နေရာအောက်ဘက်မှ သားတက်သစ်များ ထွက်လာမည်။ ထိုအချိန်တွင် ကျန်အကိုင်းများမှ အသီးဆက်လက်ခံ ယူပါ။

(၃) နောက်နှစ်တွင် အပင်ကို မြေပြင်မှ အမြင့် (၁၈’’) တွင် ဖြတ်ပေးပါ။ သားတက်များ မရှိသော ဘက်တွင် မျက်နှာစောင်းထားပြီး ဖြတ်ပါ။ သားတက်များအနက် အသန်ဆုံး (၂) တက်ကို ချန်၍ ကျန်သားတက်များကို အရင်းမှ ဖြတ်ပေးပါ။

(၄) သားတက်များ (၂) နှစ်သားအရွယ်တွင် အသီးခံယူနိုင်သော ကိုင်းမအရွယ် ရောက်ရှိသည်။။

(၅) ကိုင်းမကြီး (၂) ခုပေါ်တွင် ဒုတိယအပိုင်းများအထိ အသီးခံယူပါ။ ဒုတိယအကိုင်းများတွင် (၃) ဆစ်ထိသာ အသီးခံယူပါ။

(၆) ပထမအကိုင်းများပေါ်တွင် ကိုင်းမကြီးမှ (၉) လက်မ အကွာအဝေးအထိ အရွက်များ ရှင်းပေးပါ။ ဒုတိယအကိုင်းများပေါ်တွင် ပထမ အကိုင်းမှ (၆) လက်မ အကွာအဝေးအထိ အရွက်များ ရှင်းပေးပါ။

အတွင်းဘက်သို့ ဖြာထွက်ပြီး တစ်ခုနှင့်တစ်ခု ယှက်နေသာ အကိုင်းများကို ရှင်းပေးပါ။

(၇) ကိုင်းမကြီးများကို အောက်ဆုံးကိုင်းဖြာသည့် နေရာမှ (၅) ပေအမြင့်တွင် ခေါင်ညွန့်ဖြတ်ပေးပါ။

(၈) ကိုင်းမကြီးများကို (၁) နှစ်မှ (၅) နှစ်ထိ အသီးခံယူနိုင်သည်။ ကိုင်းအဟောင်းများကိုလည်းကောင်း သီးကိုင်းအဟောင်းများကို လည်းကောင်း  ဖြတ်ရာတွင် နောက်ဆုံး အသီးဆွတ်ခူးပြီးချိန်တွင် အရင်မှ ဖြတ်ပေးပါ။

(၉) ကိုင်းမကြီးများကို (၃) နှစ်မြောက် အသီးခံယူသောနှစ်တွင် အောက်ပင်စည်ဘက်မှ ထွက်လာမည့် သားတက်များကို မွေးထားပါ။

(၁၀) (၄) နှစ်မြောက် အသီးခံယူပြီးချိန်တွင် ကိုင်းမကြီး (၂) ခုအနက် (၁)ခုကို အရင်မှ ဖြတ်ပေးပါ။ ဖြတ်ရာတွင် အပြင်ဘက်သို့   စောင်းဖြတ်ပါ။ ထိုအချိန်တွင် ရွေးထားသော သားတက်မျာ(၁) နှစ်သား ရှိပြီဖြစ်၍ အသန်မာဆုံး သားတက်(၂) ခုကို ချိန်လျက် ကျန် သားတက်များကို ဖြတ်ပစ်ပါ။

(၁၁) ကျန်ကိုင်းမကြီးမှ (၅) နှစ်မြောက် အသီးကို ခံယူပါ။ ထိုအချိန်တွင် မွေးထားသော သားတက်(၂) ခုမှာ (၂) နှစ်သားအရွယ် ရောက်ရှိ ပြီ ဖြစ်သည်။

(၁၂) မွေးထားသော သားတက်များမှ (၃) နှစ်သားတွင် ကိုင်းမအရွယ် ရောက်ရှိပြီး အသီးစတင် ခံယူနိုင်သည်။

(၁၃) ဤနည်းအတိုင်း သားတက်သစ်များ မွေးခြင်း၊ ကိုင်းမဟောင်းများ ဖြတ်ပေးခြင်းနှင့် သီးကိုင်းများ ပြုစုခြင်း တို့ကို ဆက်လက်   ဆောင်ရွက်ပါ။

(၁၄) ကိုင်းမများ၊ သားတက်များကို ဖြတ်ပြီးလျှင် ဖြတ်ရာကို ဘော်ဒိုဆေးရည် သုတ်လိမ်းပါ။

၁၆။ အသီးဆွတ်ခူးခြင်း

ကော်ဖီပင်များသည် မျိုးအလိုက်သက်တမ်း (၃-၆) နှစ်ခန့်တွင် စတင် သီးနိုင်အပါသည်။ ပန်းပွင့်ပြ၇ီး (၁၀) လအကြာတွင် စတင်ဆွတ်ခူး   နိုင်ပါသည်။ ဒီဇင်ဘာမှ ဧပြီလအတွင်းအသီးရင့်မှည့် ဆွတ်ခူးနိုင်ပါသည်။ ကော်ဖီသီးများသည် တပြိုင်နက်တည်း ရင့်မှည့်ခြင်း မရှိသဖြင့် ပထမအကြိမ် ဆွတ်ခူးပြီး (၁၀) ရက်ခြား တစ်ကြိမ်ကျ စုစုပေါင်း (၄) ကြိမ်မှ (၅) ကြိမ် အထိ ဆွတ်ခူးပေးရပါသည်။

အသီးဆွတ်ခူးရာတွင် အပင်ကို ခါချ၍ အသီးကြွေကျစေခြင်းဖြင့်လည်းကောင်း၊ လက်နှင့် ဆွတ်ယူ၍ လည်းကောင်း ဆွတ်ခူးကြပါသည်။ အပင်မြင့်လျှင် တံချုကိုသုံး၍ ဆွတ်ခူးရပါသည်။ အသီးဆွတ်ခူးရာတွင် ကော်ဖီကိုင်းများ မကျိုးပဲ့စေရန် အထူးဂရုပြုရပါသည်။

၁၇။ ကော်ဖီသီးများကို အစေ့အဖြစ် အခွံချွတ်ခြင်း

(က) အခြောက်နည်း

ကော်ဖီသီးများ ဆွတ်ခူးပြီး နေရောင်တွင် (၁၅ ရက်မှ ၂၀) ရက် အခြောက်လှမ်းကာ စက်နှင့်ကြိတ်၍ လည်းကောင်း၊  မောင်းဖြင့် ထောင်၍ လည်းကောင်း စေ့ကို အသီးမှ ခွဲယူရပါသည်။

(ခ) အစိုနည်း

ဤနည်းတွင် ကော်ဖီသီးမှ အသီးခွံကို အခွံခွာစက်ဖြင့်ဖြစ်စေ၊ မောင်းတွင် ထောင်း၍ဖြစ်စေ ခွဲပြီး သီးသန့် ပြုလုပ်ထားသော အုတ်ကန် တွင် ရေစိမ်အပုပ်ခံရသည်။ မြန်မြန်ပုပ်စေလိုပါက ဆိုဒီယမ်ဟိုက်ဒရောက်ဆိုဒ် ရည်ပြင်းအား ၁ ရာခိုင်နှုန်းကို ထည့်ပေးနိုင်ပါသည်။ အသားများ ပုပ်လာသော ကော်ဖီစေ့များကို စီးနေသောရေတွင် စိမ်၍အသားများ စင်ကြယ်လာသည်ထိ ဆေးပေးရပါသည်။ အသီးခွံ များ ရေပေါ်ပေါ်လာပြီး အစေ့များအအောက်တွင် ကျန်ရစ်သည်။ ကော်ဖီစေ့များကို နေရောင်တွင် (၁၀) ရက်မှ (၁၂) ရက် နေလှန်ပြီး အခြောက်ခံရသည်၊ ကော်ဖီအစေ့ခွံကို လက်ဖြင့်ဆွဲထုတ်ပါက ကော်ဖီစေ့သန့်သန့် ရပါသည်။

ကော်ဖီစေ့အလုံးညီ၍ စိမ်းပြာရောင်ရှိလျှင် အဆင့်အတန်းကောင်းမွန်သော ကော်ဖီစေ့များ ဖြစ်ပါသည်။

ကော်ဖီမျိုး (၄) မျိုး၏ ရုက္ခဗေဒ လက္ခဏာကွဲပြားခြားနားချက်

  ARABICA ROBUSTA LIBERICA EXCELSA
အပင်အရွယ် သေးငယ် ထီးပုံ ထောင်မတ် အလတ်
အရွက် ဘဲဥပုံထိပ်ပိုင်းအချွန် သေးငယ်ဘဲဥပုံ ထိပ်ပိုင်းချွန် အရွက်တူ နုစဉ်ခရမ်းရင့်ရောင်
ပန်ူပွင့် အဖြူရောင်ေ မွှးကြိုင်     ကြီးမားအဖြူရောင်
အသီး ဘဲဥပုံရှည်မျောမျောအသားလွှာမထူမပါး သေးငယ်အသားလွှာပါး ကြီးအသားလွှာထူ အလတ်

 

 

The post ကော်ဖီစိုက်ပျိုးနည်း အပိုင်း(၄) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>