အဂၤလိပ္အမည္ – Tapioca or Cassava
မ်ိဳးရင္း – Eupborhiaceae
႐ုကၡေဗဒ အမည္ – Manihot utilisaima
မူရင္းေဒသမွာ ေတာင္အေမရိကတိုက္ရွိ ဘရာဇီးႏိုင္ငံမွျဖစ္သည္။
ပီေလာပီနံသည္ အျမစ္ဥ အမ်ိဳးအစား ျဖစ္၏။ ပူအိုက္စြတ္စိုေသာ ရာသီဥတုကို ႏွစ္သက္၏။ အထူးသျဖင့္ ပြေသာ ေျမမ်ိဳးကို ပို၍ ႏွစ္သက္၏။ သဲႏႈန္းေျမ ၊ ႏႈန္းေျမမ်ား ၊ ကုန္းျမင့္ေဒသမ်ား၊ ေက်ာက္စရစ္ဆန္ေသာ ေျမမ်ားအထိ စိုက္ပ်ိဳးႏိုင္၏။ ေျမေစး ၊ ေျမက်စ္မ်ားကို မူ မႀကိဳက္ေပ။
ပီေလာပီနံတြင္ အေမရိကန္ ပီေလာပီနံ ႏွင့္ ျမန္မာပီေလာပီနံ ဟူ၍ ႏွစ္မ်ိဳးရွိသည္။ အေမရိကန္မ်ိဳးသည္ ဥအထြက္ ေကာင္းမြန္ၿပီး သိပ္လည္း မေစးေပ။ ျမန္မာမ်ိဳးကမူ ေစးပိုင္ၿပီး ရင့္လြန္းပါက ေတာက္တတ္သည္။
ပီေလာပီနံ စိုက္မည္ဆိုပါက စိုက္ပ်ိဳးမည့္ေျမကို ဦးစြာ မီးရႈိ႕ ရွင္းလင္းၿပီး ထယ္တစ္စပ္ ႏွစ္စပ္ ၊ ထြန္တစ္စပ္ ႏွစ္စပ္ ဝင္ေပးရပါသည္။ ေျမသား ညက္သည့္အခါ စိုက္ေဘာင္မ်ား ျပဳလုပ္ရပါသည္။ ေဘာင္မ်ားကို ေဖာ္ေသာအခါ တစ္ေဘာင္ႏွင့္တစ္ေဘာင္ ေလးေပခန႔္ျခား၍ ေဖာ္ေပးရပါသည္။ ေဘာင္တစ္ခုႏွင့္ တစ္ခုကိုလည္း လူသြားလမ္း ၂ ေပခန႔္ခ်န္ေပးရသည္။ ေဘာင္မ်ား ျပဳလုပ္ၿပီးပါက ဥ ေဖာ္ေသာ အခ်ိန္တြင္ က်န္ခဲ့ေသာ အပင္မ်ားကို တစ္ကိုင္းလွ်င္ ၈ လက္မမွ ၁၂ လက္မခန႔္ျဖတ္ၿပီး မ်ိဳးကိုင္းရယူရသည္။ စိုက္မည္ဆိုလွ်င္ မ်ိဳးကိုင္းတစ္ကိုင္းႏွင့္ တစ္ကိုင္းကို ၁ ေပခန႔္ခြာ၍ ခပ္ေစာင္းေစာင္းကေလး ထိုးစိုက္ေပးရသည္။
ေျမေဘာင္မ်ား ျပဳျပင္ၿပီးခ်ိန္ဝယ္ ေျမၾသဇာမ်ားကို ထည့္သြင္း ရသည္။ ေဘာင္ေပၚတြင္ ေပါင္းျမက္မ်ား ရွိေနက ရွင္းေပး ရသည္။ ေရကို လိုအပ္သေလာက္ ေလာင္းေပးရသည္။ ေရသြင္းေပးရသည္။ စိုက္ပ်ိဳးၿပီး ၈ လမွ ၁၀ လခန႔္ ၾကာေသာအခါ အပင္သည္ ၆ ေပခန႔္အထိ ျမင့္လာ လိမ့္မည္။ ထိုအ႐ြယ္သည္ ဥေဖာ္ႏိုင္သည့္ အေနအထား ျဖစ္ေပသည္။
အပင္ရွိ အ႐ြက္မ်ား ဝါစျပဳလာေသာအခါ ေျမႀကီးထဲရွိ ဥမ်ား ရင့္မွည့္လာၿပီး ျဖစ္သည့္အတြက္ တူးေဖာ္ႏိုင္ပါၿပီ။ စိုက္ပ်ိဳးသည့္ေျမသည္ ပြ႐ြေနပါက ဥထိုးလြယ္၏။ ဥ အ႐ြယ္မွာလည္း ႀကီးထြား၏။ ဥေဖာ္ရသည္မွာလည္း လြယ္ကူေခ်ာ ေမြ႕၏။
ပီေလာပီနံဥကို ျပဳတ္၍ ေသာ္လည္းေကာင္း ၊ ဟင္းခ်က္၍ ေသာ္လညိးေကာင္း စားေလ့ရွိၾက၏။ ပီေလာပီနံဥသည္ ေတာက္တတ္သည့္အတြက္ ျပဳတ္ပါက အဆိပ္အေတာက္ေျပေစရန္ ကန္စြန္း႐ြက္ အနည္းငယ္ထည့္၍ ျပဳတ္သင့္၏။ အခ်ိဳ႕ကလည္း ပီေလာပီနံဥ အစိမ္းကို ဂ်စ္ထိုးကာ ေပါင္း၍ ပီေလာပီနံ ျပန္ေပါင္း အျဖစ္ စားေသာက္ၾက၏။ ပီေလာပီနံ စားသုံးပါက ပဲကိုလည္းေကာင္း အခ်ဥ္ကိုလည္းေကာင္း ေရွာင္သင့္၏။ ပီေလာပီနံသည္ ေကာ္မႈန႔္ကို ထုတ္လုပ္ေပးႏိုင္၏။ သည့္အတြက္ စီးပြားျဖစ္ စိုက္ပ်ိဳးသင့္ေပသည္။
စိုက္ပ်ိဳးေရးဦးစီးဌာန
Unicode ျဖင့္ဖတ္ရန္
ပီလောပီနံ စိုက်ပျိုးနည်း
=================
အင်္ဂလိပ်အမည် – Tapioca or Cassava
မျိုးရင်း – Eupborhiaceae
ရုက္ခဗေဒ အမည် – Manihot utilisaima
မူရင်းဒေသမှာ တောင်အမေရိကတိုက်ရှိ ဘရာဇီးနိုင်ငံမှဖြစ်သည်။
ပီလောပီနံသည် အမြစ်ဥ အမျိုးအစား ဖြစ်၏။ ပူအိုက်စွတ်စိုသော ရာသီဥတုကို နှစ်သက်၏။ အထူးသဖြင့် ပွသော မြေမျိုးကို ပို၍ နှစ်သက်၏။ သဲနှုန်းမြေ ၊ နှုန်းမြေများ ၊ ကုန်းမြင့်ဒေသများ၊ ကျောက်စရစ်ဆန်သော မြေများအထိ စိုက်ပျိုးနိုင်၏။ မြေစေး ၊ မြေကျစ်များကို မူ မကြိုက်ပေ။
ပီလောပီနံတွင် အမေရိကန် ပီလောပီနံ နှင့် မြန်မာပီလောပီနံ ဟူ၍ နှစ်မျိုးရှိသည်။ အမေရိကန်မျိုးသည် ဥအထွက် ကောင်းမွန်ပြီး သိပ်လည်း မစေးပေ။ မြန်မာမျိုးကမူ စေးပိုင်ပြီး ရင့်လွန်းပါက တောက်တတ်သည်။
ပီလောပီနံ စိုက်မည်ဆိုပါက စိုက်ပျိုးမည့်မြေကို ဦးစွာ မီးရှို့ ရှင်းလင်းပြီး ထယ်တစ်စပ် နှစ်စပ် ၊ ထွန်တစ်စပ် နှစ်စပ် ဝင်ပေးရပါသည်။ မြေသား ညက်သည့်အခါ စိုက်ဘောင်များ ပြုလုပ်ရပါသည်။ ဘောင်များကို ဖော်သောအခါ တစ်ဘောင်နှင့်တစ်ဘောင် လေးပေခန့်ခြား၍ ဖော်ပေးရပါသည်။ ဘောင်တစ်ခုနှင့် တစ်ခုကိုလည်း လူသွားလမ်း ၂ ပေခန့်ချန်ပေးရသည်။ ဘောင်များ ပြုလုပ်ပြီးပါက ဥ ဖော်သော အချိန်တွင် ကျန်ခဲ့သော အပင်များကို တစ်ကိုင်းလျှင် ၈ လက်မမှ ၁၂ လက်မခန့်ဖြတ်ပြီး မျိုးကိုင်းရယူရသည်။ စိုက်မည်ဆိုလျှင် မျိုးကိုင်းတစ်ကိုင်းနှင့် တစ်ကိုင်းကို ၁ ပေခန့်ခွာ၍ ခပ်စောင်းစောင်းကလေး ထိုးစိုက်ပေးရသည်။
မြေဘောင်များ ပြုပြင်ပြီးချိန်ဝယ် မြေသြဇာများကို ထည့်သွင်း ရသည်။ ဘောင်ပေါ်တွင် ပေါင်းမြက်များ ရှိနေက ရှင်းပေး ရသည်။ ရေကို လိုအပ်သလောက် လောင်းပေးရသည်။ ရေသွင်းပေးရသည်။ စိုက်ပျိုးပြီး ၈ လမှ ၁၀ လခန့် ကြာသောအခါ အပင်သည် ၆ ပေခန့်အထိ မြင့်လာ လိမ့်မည်။ ထိုအရွယ်သည် ဥဖော်နိုင်သည့် အနေအထား ဖြစ်ပေသည်။
အပင်ရှိ အရွက်များ ဝါစပြုလာသောအခါ မြေကြီးထဲရှိ ဥများ ရင့်မှည့်လာပြီး ဖြစ်သည့်အတွက် တူးဖော်နိုင်ပါပြီ။ စိုက်ပျိုးသည့်မြေသည် ပွရွနေပါက ဥထိုးလွယ်၏။ ဥ အရွယ်မှာလည်း ကြီးထွား၏။ ဥဖော်ရသည်မှာလည်း လွယ်ကူချော မွေ့၏။
ပီလောပီနံဥကို ပြုတ်၍ သော်လည်းကောင်း ၊ ဟင်းချက်၍ သော်လညိးကောင်း စားလေ့ရှိကြ၏။ ပီလောပီနံဥသည် တောက်တတ်သည့်အတွက် ပြုတ်ပါက အဆိပ်အတောက်ပြေစေရန် ကန်စွန်းရွက် အနည်းငယ်ထည့်၍ ပြုတ်သင့်၏။ အချို့ကလည်း ပီလောပီနံဥ အစိမ်းကို ဂျစ်ထိုးကာ ပေါင်း၍ ပီလောပီနံ ပြန်ပေါင်း အဖြစ် စားသောက်ကြ၏။ ပီလောပီနံ စားသုံးပါက ပဲကိုလည်းကောင်း အချဉ်ကိုလည်းကောင်း ရှောင်သင့်၏။ ပီလောပီနံသည် ကော်မှုန့်ကို ထုတ်လုပ်ပေးနိုင်၏။ သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးသင့်ပေသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ပီေလာပီနံ စိုက္ပ်ိဳးနည္း appeared first on Myanmar Farmers' Portal.