Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပဲတီစိမ္း စိုက္ပ်ိဳး⁠ေရးဆိုင္ရာ အ⁠ေလ့အက်င့္⁠ေကာင္းမ်ား (အပိုင္း -၂)

$
0
0

အပင္စိုက္ပ်ိဳးျခင္းႏွင့္ အပင္ျပဳစုေစာင့္ေရွာက္ျခင္း

အရည္အေသြးေကာင္း ပဲတီစိမ္းစိုက္ပ်ိဳးရန္ ေအာက္ေဖာ္ျပပါ နည္းလမ္းမ်ားကို လိုက္နာေ ဆာင္ရြက္သင့္သည္။

ပဲတီစိမ္း တစ္ဧက မ်ိဳးေစ့ႏႈန္းထားသည္ အတန္းလိုက္ စိုက္ပ်ိဳးမည္ဆိုပါက မိုးရာသီတြင္ (၄ – ၆)ၿပီ၊ ေဆာင္ရာသီတြင္ (၆ – ၈) ၿပီ လိုအပ္ပါသည္။ ပဲလြမ္းသီးႏွံမွာ  တစ္ဧက (၈ – ၁၂) ၿပီ လိုအပ္ပါသည္။

ပဲတီစိမ္းကို မိုးရာသီတြင္ တန္းၾကား၊ ပင္ၾကား (၁၈” x ၄”) ႏွင့္ ေဆာင္းရာသီတြင္ တန္းၾကား ၊ ပင္ၾကား (၁၂” x ၄”) စိုက္ရမည္။ မိုးရာသီတြင္ တစ္ဧကအပင္ဦးေရအနည္းဆံုး (၈၅၀၀၀) ခန္႔ ႏွင့္ ေဆာင္းရာသီတြင္ အနည္းဆံုး (၁၃၀၀၀၀)ခန္႔ရွိရမည္။ပဲတီစိမ္းကို ႀကဲပတ္စိုက္ပိ်ဳးပါက  တစ္ဧက (၁၂ – ၁၆) ၿပီ ႏႈန္း သံုးစြဲသင့္သည္။ ပဲတီစိမ္းသီးႏွံကို မိုးဦးတြင္ ေမ ႏွင့္ဇြန္လ၊ မိုးလယ္တြင္ ၾသဂုတ္လ၊ မိုးေႏွာင္းတြင္ ေအာက္တိုဘာႏွင့္ ႏို၀င္ဘာလမ်ားတြင္ စိုက္ပ်ိဳးသင့္သည္။

မ်ိဳးေစ့ကို ပဲျမစ္ဖုေျမၾသဇာႏွင့္ သတ္မွတ္ႏႈန္းထားအတိုင္း ညႊန္ၾကားခ်က္ႏွင့္ အညီ လူးနယ္၍ စိုက္ပ်ိဳးသင့္သည္။

ပဲစိုက္ပ်ိဳးစဥ္ မ်ိဳးေစ့ အတိမ္အနက္သည္ (၁” မွ ၁.၅”) အတြင္းရွိ ရမည္ျဖစ္ၿပီး အပင္ေပါက္ရန္ အစိုဓာတ္ လံုေလာက္ရမည္။

စိုက္ပ်ိဳးသည့္ ေျမေနရာတြင္ ေရ၀ပ္ျခင္း ႏွင့္ ေရနစ္ျမွဳပ္ျခင္း မျဖစ္ေစရန္ ႀကိဳတင္စီမံထားသင့္သည္။ ၾကားေပါင္းလိုက္ျခင္း၊ လက္ေပါင္းလိုက္ျခင္း၊ ၾကားတိုက္ျခင္း လုပ္ငန္းမ်ားကို စိုက္ပ်ိဳးၿပီး (၁လ) ပန္းမပြင့္မီအခ်ိန္တြင္ အၿပီး ေဆာင္ရြက္သင့္သည္။

ပဲၿပီး ပဲသီးထပ္စိုက္ပ်ိဳးျခင္းကို ေရွာင္ရမည္။

ထည့္သြင္းသည့္ ေျမၾသဇာအက်ိဳးသက္ေရာက္မႈရွိေစရန္ အစိုဓာတ္ရွိခ်ိန္တြင္ ေျမၾသဇာ ေကၽြးရန္ အေရးႀကီးၿပီး စိုက္တန္းၾကားတြင္ ေၾကာင္းဆြဲ၍ ထည့္ၿပီး ေျမဖံုရမည္။

ေျမဆီဆံုးရံႈးမႈနည္းေစရန္ ပိုတက္စီယမ္ ႏွင့္ ႏိုက္ထရိုဂ်င္ ဓါတ္ေျမၾသဇာမ်ားကို အႀကိမ္ခြဲ၍ ေကၽြးသင့္သည္။

သဘာ၀ေျမၾသဇာအားလံုးႏွင့္ ယူရီးယား (၂၈) ေပါင္၊ တီစူပါ (၅၆) ေပါင္၊ ပိုတက္ရွ္ (၂၈) ေပါင္ကို အပင္ႀကီးထြားခ်ိန္တြင္ အစိုဓာတ္ရွိခ်ိန္ ထပ္မံထည့္သြင္းသင့္သည္။

အေစ့အဆံႀကီးရန္ အတြက္ ဆာလဖာ (၅%) ပါ၀င္ေသာ လေခ်း ေျမၾသဇာ တစ္ဧကၿပီ ၂၀ ႏႈန္း စိုက္ခ်ိန္တြင္ ထည့္သင့္သည္။

လိုအပ္ပါက ရြက္ျဖန္းေျမၾသဇာမ်ားလည္း အသံုးျပဳႏိုင္ပါသည္။

ပန္းပြင့္ခ်ိန္မွ သီးကင္း၀င္ခ်ိန္အတြင္း (၄)ဂါလံ၀င္  ေဆးဖ်န္းပံုတစ္ပံု၌ ေရတစ္ဂါလံတြင္ ယူရီးယား ထမင္းစားဇြန္း (၄) ဇြန္း၊ လက္ခ်ားမႈန္႔ ထမင္းစား ဇြန္း (၁) ဇြန္း ႏႈန္း ေဖ်ာ္၍  တစ္ဧက (၅) ပံုမွ (၆)ပံုးစီ (၂) ႀကိမ္ ဖ်န္းသင့္သည္။

ေရသြင္းစိုက္ပ်ိဳးသည့္ စိုက္ခင္းမ်ားတြင္ ပန္းစပြင့္ခ်ိန္ ႏွင့္ အသီးကင္း၀င္စအခ်ိန္မ်ားတြင္ အစိုဓာတ္လံုေလာက္စြာ ရရွိရန္ ေဆာင္ရြက္သင့္သည္။

စိုက္ပ်ိဳးေရး ႏွင့္ အျခားဆက္စပ္ပစၥည္ကိရိယာမ်ား

လယ္ယာသံုး ကိရိယာ မ်ား၊ ပဲေျခြေလွ႔ သန္႔စင္စက္၊ ပဲအဆင့္အတန္းခြဲစက္ ကိရိယာမ်ား ထုတ္ပိုးပစၥည္းမ်ားကို သန္႔ရွင္းစြာထားရမည္။

ထြက္ကုန္မ်ား ထုတ္ပိုးျခင္း၊ ကိုင္တြယ္ျပဳျပင္ျခင္း၊ သိုေလွာင္ျခင္း ျပဳလုပ္သည့္ ေနရာမ်ားကို သန္႔ရွင္းစြာ ထားရမည္။

သန္႔ရွင္းေရးျပဳလုပ္ရန္ ဓါတုေဆးမ်ားကို ေရြးခ်ယ္ရာတြင္ ထြက္ကုန္မ်ားကို ထိခိုက္မႈ အႏၱရာယ္ အနည္းဆံုးျဖစ္ေစေရးအတြက္ အသင့္ေလ်ာ္ဆံုးဓါတု ေဆးမ်ားကိုသာ ေရြးခ်ယ္ရမည္။

ရိတ္သိမ္းျခင္း ႏွင့္ ထြက္ကုန္ျပဳျပင္ျခင္း

ပဲေတာင့္ ၇၅% မွ ၈၅%ရင့္မည့္ခ်ိန္ ရိတ္သိမ္းသင့္သည္။

မရင့္မွည့္ခင္ ရိတ္သိမ္းျခင္း၊ ေနာက္က်၍ ရိတ္သိမ္းျခင္း ေရွာင္သင့္သည္။

ပဲမ်ားေျခြေလွ႔ရာႏွင့္ အေျခာက္ခံရာတြင္ ေျမႀကီး ႏွင့္ တိုက္ရိုက္မထိေစရန္ မိုးကာ၊ ဖ်ာ၊ ကြန္ကရစ္ တလင္းမ်ားေပၚတြင္ လွမ္းသင့္သည္။

ပဲေတာင့္မ်ားကို (၂-၃) ရက္ခန္႔ ေနလွန္းအေျခာက္ခံၿပီး သန္႔စင္၍ မ်ိဳးေစ့မ်ားကိုအစိုဓာတ္ (၈ – ၉%) အထိ အေျခာက္ခံ၍ သိုေလွာင္သင့္သည္။

ပဲအေစ့အရြယ္အစား၊ အေရာင္အေသြးႏွင့္ လံုးပိန္လံုးညွက္၊ ဖုန္၊ ခဲ၊ သဲမ်ား သန္႔စင္ျခင္းလုပ္ငန္းကို စက္အားျဖင့္လည္းေကာင္း၊ လူအားျဖင့္လည္းေကာင္း လုပ္ေဆာင္သင့္သည္။

သီးႏွံအလိုက္ သတ္မွတ္ထားေသာ စံခ်ိန္ စံညႊန္းအတိုင္း အဆင့္အတန္းခြဲျခား၍ စနစ္တက် ထုပ္ပိုးသင့္သည္။

သိုေလွာင္ျခင္း ႏွင့္ သယ္ယူပို႔ေဆာင္ျခင္း

ဓါတုေဆးမ်ားႏွင့္ အျခားအႏၱရာယ္ ျဖစ္ေစသည့္ အရာမ်ား ထည့္သြင္း အသံုးျပဳထားသည့္ ထုပ္ပိုးခြံမ်ားျဖင့္ ထြက္ကုန္သီးႏွံမ်ားထည့္သြင္းသိုေလွာင္ျခင္း ေရွာင္ရွားရမည္။

သန္႔စင္ၿပီးပဲမ်ားကို အၿမဲတမ္းသိုေလွာင္ရံုမရွိပါက အထူးသိုေလွာင္အိတ္ (Super Bag) ေလလံုအိတ္မ်ား၊ သံပံုးမ်ားျဖင့္ စနစ္တက် သိုေလွာင္သင့္သည္။

အဆင့္အတန္းခြဲျခား၍ ထုပ္ပိုးထားသည့္ သီးႏွံမ်ားကို စနစ္တက်အဆင့္လိုက္ သိုေလွာင္သင့္သည္။

သိုေလွာင္ပိုးမ်ား ကာကြယ္ရန္အတြက္ သိုေလွာင္ကာလအတြင္း သက္မွတ္ေဆး အမ်ိဳးအစားအား သတ္မွတ္ႏႈန္းထားအတိုင္း သံုးရမည္။

ႏိုင္ငံျခားသို႔ တင္ပို႔မည္ဆိုပါက တင္ပို႔မည့္ႏိုင္ငံအလိုက္သတ္မွတ္ထားသည့္ စံခ်ိန္စံညႊန္းမ်ားႏွင့္ ကိုက္ညီရန္ သိုေလွာင္ကာလအတြင္း သိုေလွာင္ပိုး ကာကြယ္ေဆးမ်ား အသံုးျပဳရာတြင္ ညႊႊန္ၾကားခ်က္မ်ား လိုက္နာရမည္။

သယ္ယူပို႔ေဆာင္မည့္ ယဥ္မ်ားကို ဓါတု၊ ဇီ၀ ႏွင့္ ရုပ္၀တၳဳဆိုင္ရာညစ္ညမ္းမႈ အႏၱရာယ္ျဖစ္ေစႏိုင္ေသာ ကုန္ပစၥည္းမ်ားႏွင့္ သီးျခားခြဲ၍ သိုေလွာင္ျခင္း သယ္ေဆာင္ျခင္း  ျပဳလုပ္ရမည္။

အေဆာက္အဦးေဆာက္လုပ္ထားျခင္း

အေဆာက္အဦးကို တိရစာၦန္မ်ားထားေသာေနရာ၊ ေျမေဆြးထားေသာေနရာ၊ တိရစာၦန္အစာမ်ားထားေသာေနရာမ်ား ႏွင့္ ေ၀းသည့္ေနရာမ်ားတြင္ တည္ေဆာက္ရမည္။

အေဆာက္အဦးကို အသံုးမျပဳမီ သန္႔ရွင္းမႈ၊ ဓါတုေဆးမ်ား ဖိတ္၀င္မႈ၊ အျခားပစၥည္းမ်ားႏွင့္ ပိုးမႊားက်ေရာက္မႈစသည္တို႔ ရွိ/မရွိကို စစ္ေဆးရမည္ ျဖစ္ၿပီး သန္႔စင္ေအာင္ ျပဳလုပ္ရမည္။

ပဲအိတ္မ်ားကို နံရံ၊ ၾကမ္းျပင္ႏွင့္ တိုက္ရိုက္ထိေတြ႔မႈ မရွိေစရန္ ၀ါးကပ္ (သို႔) သစ္သားအခင္းမ်ား ခင္းေပးရမည္။

ပဲသိုေလွာင္ရန္ အေဆာက္အဦးသည္ ေလ၀င္ေလထြက္ေကာင္းၿပီး ငွက္မ်ား၊ ၾကြက္မ်ားႏွင့္ အျခားဖ်က္ပုိးမ်ား မ၀င္ေရာက္ေစရန္ ျပဳျပင္ထားရမည္။

တိရစာၦန္ဖ်က္ပိုးထိန္းခ်ဳပ္ျခင္း

ထုပ္ပိုးသိုေလွာင္သည့္ ေနရာမ်ားႏွင့္ အနီးတစ္၀ိုက္တြင္ အင္းဆက္ဖ်က္ပိုးမ်ား ရွိမေနေစရန္ ႀကိဳတင္စီမံကာကြယ္ထားရမည္။

ထြက္ကုန္မ်ားႏွင့္ ထုပ္ပိုးခြံပစၥည္းမ်ားကို ညစ္ညမ္းမႈ အႏၱရာယ္ အနည္းဆံုးျဖစ္ေစရန္အတြက္ မွ်ားစာမ်ား ေထာင္ေျခာက္မ်ားကို သတ္မွတ္ေနရာတြင္ ထားရွိရမည္ျဖစ္ၿပီး ၾကပ္မတ္ၾကည့္ရႈရမည္။ မွ်ားစာမ်ား၊ ေထာင္ေျခာက္မ်ား ထားရွိသည့္ေနရာကို မွတ္သားထားရမည္။

အေထာက္အထားႏွင့္ မွတ္တမ္းမ်ား

ထုတ္လုပ္သူသည္ စိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ားႏွင့္ ပါတ္သတ္သည့္ မွတ္တမ္းမ်ားကို အနည္းဆံုး (၂) ႏွစ္ သိမ္းဆည္း ထားရမည္။

လက္ရွိေဆာင္ရြက္ေနသည့္ လုပ္ငန္းအတြက္ သတ္မွတ္ထားသည့္ မွတ္တမ္း ပံုစံတြင္ မွတ္တမ္းေရးသြင္းထားရမည္။

 ေနာက္ေၾကာင္းျပန္ စစ္ေဆးျခင္း ႏွင့္ ျပန္လည္ သိမ္းဆည္းျခင္း

သီးႏွံစိုက္ပ်ိဳးထုတ္လုပ္သည့္ ေနရာအား ေနာက္ေၾကာင္းျပန္ စစ္ေဆးႏိုင္ရန္ အတြက္ ထုပ္ပိုးပစၥည္းမ်ား အေပၚတြင္ သိသာထင္ရွားသည့္ အမွတ္အသား ႏွင့္ မွတ္ပံုတင္ အမွတ္အသား ျပဳလုပ္ထားရွိရမည္။

သီးႏွံ ထြက္ကုန္ပစၥည္း တင္ပို႔သည့္ေနရာ ပမာဏ ႏွင့္ ေပးပို႔သည့္ ရက္စြဲကို မွတ္တမ္းထားရွိရမည္။

သင္တန္း

ဘက္စံု ပိုးမႊားေရာဂါ ကာကြယ္ႏွိမ္နင္းေရး အေျခခံ သင္တန္းမ်ားကိုလည္း တက္ေရာက္ထားသင့္သည္။

ေတာင္သူမ်ား၊ စားသံုးသူမ်ား၊ ကုန္သည္မ်ား၊ ပြဲစားမ်ား၊ ႏိုင္ငံျခားတင္ပို႔သူမ်ားအား ေကာင္းမြန္သည့္ စိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ားကို သိရွိေဆာင္ရြက္ႏိုင္ရန္ ႏွင့္ လိုက္နာက်င့္သံုးရန္ သင္တန္းမ်ား ပို႔ခ်ေပးရမည္။ တက္ေရာက္ခဲ့သည့္ သင္တန္းမ်ားကို မွတ္တမ္းထားရမည္။

ဆာင္ရြက္က်င့္သံုးမႈမ်ားကို ျပန္လည္သံုးသပ္ျခင္း

ထုတ္ပိုးသူမ်ား အေနျဖင့္ က်င့္သံုးသည့္နည္းလမ္းမ်ား မွန္ကန္မႈ ရွိ/ မရွိ ေဆာင္ရြက္ခ်က္အားလံုး ကို ကၽြမ္းက်င္ပညာရွင္မ်ားအဖြဲ႔မွ အနည္းဆံုး တစ္ရာသီ တစ္ႀကိမ္ ျပန္လည္သံုးသပ္ရမည္။ ျပန္လည္သံုးသပ္ျခင္း ႏွင့္ ေဆာင္ရြက္မႈမ်ားကို မွတ္တမ္းသိမ္းဆည္းထားရမည္။

လုပ္ငန္းမ်ားစတင္ရာတြင္ နည္းပညာဆိုင္ရာ အႀကံဥာဏ္ရယူပါက သက္ဆိုင္ရာကၽြမ္းက်င္ပညာရွင္မ်ား အဖြဲ႕ထံမွ ေမးျမန္း၍ အႀကံဥာဏ္ရယူႏိုင္သည္။

တိုင္ၾကားခ်က္မ်ားရွိပါက မိမိကိုယ္တိုင္ ေျဖရွင္းေဆာင္ရြက္ရမည္ျဖစ္ၿပီး၊ ဤေဆာင္ရြက္ခ်က္မ်ားအတြက္ မွတ္တမ္းမ်ား ထိန္းသိမ္းထားရွိရမည္။

တစ္ကိုယ္ေရ သန္႔ရွင္းျခင္း ႏွင့္ လုပ္သားမ်ားဘ၀ သာယာ၀ေျပာေရး

လုပ္သားမ်ားအႏၱရာယ္ကင္းေစရန္ ဓာတုေဆးမ်ား အသံုးျပဳရာတြင္ လိုက္နာရမည့္ စည္းကမ္းခ်က္မ်ားကို ေရးသားခ်ိန္ဆြဲထားၿပီး လက္ေတြ႔က်င့္သံုးႏိုင္ေရး ေဆာ္ၾသေပးရမည္။

လုပ္ငန္းခြင္ရွိ သိသာထင္ရွားေသာ ေနရာမ်ားတြင္ တစ္ကိုယ္ရည္ သန္႔ရွင္းေရးႏွင့္ ပတ္သက္သည့္ ညႊန္ၾကားခ်က္မ်ားကို ေရးသားတင္ျပသထားရမည္။ (သို႔မဟုတ္) လုပ္သားမ်ား သိရွိေအာင္ ျဖန္႔ေ၀ေပးထားရမည္။

မိလႅာေရ ႏွင့္ စြန္႔ပစ္အညစ္အေၾကးေရမ်ား ႏွင့္ အႏၱရာယ္မရွိေအာင္ ဂရုတစိုက္ စြန္႔ပစ္ရမည္။ လုပ္သားမ်ား က်န္းမာေရး ႏွင့္ လူမႈ ဘ၀သာယာ၀ေျပာေရးကို အေလးထား ေဆာင္ရြက္ေပးရမည္။

လုပ္သားမ်ား၏ လူမႈဘ၀ ဖြံ႔ၿဖိဳးေရးအတြက္ အသင္းအစုမ်ား ဖြဲ႔၍ ေဆာင္ရြက္ေပးျခင္း ႏွင့္ စာေပေဟာေျပာပြဲမ်ား က်င္းပေပးျခင္းတို႔ကို ေဆာင္ရြက္ေပးသင့္သည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

ပဲတီစိမ်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (အပိုင်း -၂)

=============================================

အပင်စိုက်ပျိုးခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ခြင်း

အရည်အသွေးကောင်း ပဲတီစိမ်းစိုက်ပျိုးရန် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာေ ဆာင်ရွက်သင့်သည်။

ပဲတီစိမ်း တစ်ဧက မျိုးစေ့နှုန်းထားသည် အတန်းလိုက် စိုက်ပျိုးမည်ဆိုပါက မိုးရာသီတွင် (၄ – ၆)ပြီ၊ ဆောင်ရာသီတွင် (၆ – ၈) ပြီ လိုအပ်ပါသည်။ ပဲလွမ်းသီးနှံမှာ တစ်ဧက (၈ – ၁၂) ပြီ လိုအပ်ပါသည်။

ပဲတီစိမ်းကို မိုးရာသီတွင် တန်းကြား၊ ပင်ကြား (၁၈” x ၄”) နှင့် ဆောင်းရာသီတွင် တန်းကြား ၊ ပင်ကြား (၁၂” x ၄”) စိုက်ရမည်။ မိုးရာသီတွင် တစ်ဧကအပင်ဦးရေအနည်းဆုံး (၈၅၀၀၀) ခန့် နှင့် ဆောင်းရာသီတွင် အနည်းဆုံး (၁၃၀၀၀၀)ခန့်ရှိရမည်။ပဲတီစိမ်းကို ကြဲပတ်စိုက်ပျိုးပါက တစ်ဧက (၁၂ – ၁၆) ပြီ နှုန်း သုံးစွဲသင့်သည်။ ပဲတီစိမ်းသီးနှံကို မိုးဦးတွင် မေ နှင့်ဇွန်လ၊ မိုးလယ်တွင် သြဂုတ်လ၊ မိုးနှောင်းတွင် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးသင့်သည်။

မျိုးစေ့ကို ပဲမြစ်ဖုမြေသြဇာနှင့် သတ်မှတ်နှုန်းထားအတိုင်း ညွှန်ကြားချက်နှင့် အညီ လူးနယ်၍ စိုက်ပျိုးသင့်သည်။

ပဲစိုက်ပျိုးစဉ် မျိုးစေ့ အတိမ်အနက်သည် (၁” မှ ၁.၅”) အတွင်းရှိ ရမည်ဖြစ်ပြီး အပင်ပေါက်ရန် အစိုဓာတ် လုံလောက်ရမည်။

စိုက်ပျိုးသည့် မြေနေရာတွင် ရေဝပ်ခြင်း နှင့် ရေနစ်မြှုပ်ခြင်း မဖြစ်စေရန် ကြိုတင်စီမံထားသင့်သည်။ ကြားပေါင်းလိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ ကြားတိုက်ခြင်း လုပ်ငန်းများကို စိုက်ပျိုးပြီး (၁လ) ပန်းမပွင့်မီအချိန်တွင် အပြီး ဆောင်ရွက်သင့်သည်။

ပဲပြီး ပဲသီးထပ်စိုက်ပျိုးခြင်းကို ရှောင်ရမည်။

ထည့်သွင်းသည့် မြေသြဇာအကျိုးသက်ရောက်မှုရှိစေရန် အစိုဓာတ်ရှိချိန်တွင် မြေသြဇာ ကျွေးရန် အရေးကြီးပြီး စိုက်တန်းကြားတွင် ကြောင်းဆွဲ၍ ထည့်ပြီး မြေဖုံရမည်။

မြေဆီဆုံးရှုံးမှုနည်းစေရန် ပိုတက်စီယမ် နှင့် နိုက်ထရိုဂျင် ဓါတ်မြေသြဇာများကို အကြိမ်ခွဲ၍ ကျွေးသင့်သည်။

သဘာဝမြေသြဇာအားလုံးနှင့် ယူရီးယား (၂၈) ပေါင်၊ တီစူပါ (၅၆) ပေါင်၊ ပိုတက်ရှ် (၂၈) ပေါင်ကို အပင်ကြီးထွားချိန်တွင် အစိုဓာတ်ရှိချိန် ထပ်မံထည့်သွင်းသင့်သည်။

အစေ့အဆံကြီးရန် အတွက် ဆာလဖာ (၅%) ပါဝင်သော လချေး မြေသြဇာ တစ်ဧကပြီ ၂၀ နှုန်း စိုက်ချိန်တွင် ထည့်သင့်သည်။

လိုအပ်ပါက ရွက်ဖြန်းမြေသြဇာများလည်း အသုံးပြုနိုင်ပါသည်။

ပန်းပွင့်ချိန်မှ သီးကင်းဝင်ချိန်အတွင်း (၄)ဂါလံဝင် ဆေးဖျန်းပုံတစ်ပုံ၌ ရေတစ်ဂါလံတွင် ယူရီးယား ထမင်းစားဇွန်း (၄) ဇွန်း၊ လက်ချားမှုန့် ထမင်းစား ဇွန်း (၁) ဇွန်း နှုန်း ဖျော်၍ တစ်ဧက (၅) ပုံမှ (၆)ပုံးစီ (၂) ကြိမ် ဖျန်းသင့်သည်။

ရေသွင်းစိုက်ပျိုးသည့် စိုက်ခင်းများတွင် ပန်းစပွင့်ချိန် နှင့် အသီးကင်းဝင်စအချိန်များတွင် အစိုဓာတ်လုံလောက်စွာ ရရှိရန် ဆောင်ရွက်သင့်သည်။

စိုက်ပျိုးရေး နှင့် အခြားဆက်စပ်ပစ္စည်ကိရိယာများ

လယ်ယာသုံး ကိရိယာ များ၊ ပဲခြွေလှေ့ သန့်စင်စက်၊ ပဲအဆင့်အတန်းခွဲစက် ကိရိယာများ ထုတ်ပိုးပစ္စည်းများကို သန့်ရှင်းစွာထားရမည်။

ထွက်ကုန်များ ထုတ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်း၊ သိုလှောင်ခြင်း ပြုလုပ်သည့် နေရာများကို သန့်ရှင်းစွာ ထားရမည်။

သန့်ရှင်းရေးပြုလုပ်ရန် ဓါတုဆေးများကို ရွေးချယ်ရာတွင် ထွက်ကုန်များကို ထိခိုက်မှု အန္တရာယ် အနည်းဆုံးဖြစ်စေရေးအတွက် အသင့်လျော်ဆုံးဓါတု ဆေးများကိုသာ ရွေးချယ်ရမည်။

ရိတ်သိမ်းခြင်း နှင့် ထွက်ကုန်ပြုပြင်ခြင်း

ပဲတောင့် ၇၅% မှ ၈၅%ရင့်မည့်ချိန် ရိတ်သိမ်းသင့်သည်။

မရင့်မှည့်ခင် ရိတ်သိမ်းခြင်း၊ နောက်ကျ၍ ရိတ်သိမ်းခြင်း ရှောင်သင့်သည်။

ပဲများခြွေလှေ့ရာနှင့် အခြောက်ခံရာတွင် မြေကြီး နှင့် တိုက်ရိုက်မထိစေရန် မိုးကာ၊ ဖျာ၊ ကွန်ကရစ် တလင်းများပေါ်တွင် လှမ်းသင့်သည်။

ပဲတောင့်များကို (၂-၃) ရက်ခန့် နေလှန်းအခြောက်ခံပြီး သန့်စင်၍ မျိုးစေ့များကိုအစိုဓာတ် (၈ – ၉%) အထိ အခြောက်ခံ၍ သိုလှောင်သင့်သည်။

ပဲအစေ့အရွယ်အစား၊ အရောင်အသွေးနှင့် လုံးပိန်လုံးညှက်၊ ဖုန်၊ ခဲ၊ သဲများ သန့်စင်ခြင်းလုပ်ငန်းကို စက်အားဖြင့်လည်းကောင်း၊ လူအားဖြင့်လည်းကောင်း လုပ်ဆောင်သင့်သည်။

သီးနှံအလိုက် သတ်မှတ်ထားသော စံချိန် စံညွှန်းအတိုင်း အဆင့်အတန်းခွဲခြား၍ စနစ်တကျ ထုပ်ပိုးသင့်သည်။

သိုလှောင်ခြင်း နှင့် သယ်ယူပို့ဆောင်ခြင်း

ဓါတုဆေးများနှင့် အခြားအန္တရာယ် ဖြစ်စေသည့် အရာများ ထည့်သွင်း အသုံးပြုထားသည့် ထုပ်ပိုးခွံများဖြင့် ထွက်ကုန်သီးနှံများထည့်သွင်းသိုလှောင်ခြင်း ရှောင်ရှားရမည်။

သန့်စင်ပြီးပဲများကို အမြဲတမ်းသိုလှောင်ရုံမရှိပါက အထူးသိုလှောင်အိတ် (Super Bag) လေလုံအိတ်များ၊ သံပုံးများဖြင့် စနစ်တကျ သိုလှောင်သင့်သည်။

အဆင့်အတန်းခွဲခြား၍ ထုပ်ပိုးထားသည့် သီးနှံများကို စနစ်တကျအဆင့်လိုက် သိုလှောင်သင့်သည်။

သိုလှောင်ပိုးများ ကာကွယ်ရန်အတွက် သိုလှောင်ကာလအတွင်း သက်မှတ်ဆေး အမျိုးအစားအား သတ်မှတ်နှုန်းထားအတိုင်း သုံးရမည်။

နိုင်ငံခြားသို့ တင်ပို့မည်ဆိုပါက တင်ပို့မည့်နိုင်ငံအလိုက်သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီရန် သိုလှောင်ကာလအတွင်း သိုလှောင်ပိုး ကာကွယ်ဆေးများ အသုံးပြုရာတွင် ညွှွှန်ကြားချက်များ လိုက်နာရမည်။

သယ်ယူပို့ဆောင်မည့် ယဉ်များကို ဓါတု၊ ဇီ၀ နှင့် ရုပ်ဝတ္ထုဆိုင်ရာညစ်ညမ်းမှု အန္တရာယ်ဖြစ်စေနိုင်သော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ သိုလှောင်ခြင်း သယ်ဆောင်ခြင်း ပြုလုပ်ရမည်။

အဆောက်အဦးဆောက်လုပ်ထားခြင်း

အဆောက်အဦးကို တိရစ္ဆာန်များထားသောနေရာ၊ မြေဆွေးထားသောနေရာ၊ တိရစ္ဆာန်အစာများထားသောနေရာများ နှင့် ဝေးသည့်နေရာများတွင် တည်ဆောက်ရမည်။

အဆောက်အဦးကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးများ ဖိတ်ဝင်မှု၊ အခြားပစ္စည်းများနှင့် ပိုးမွှားကျရောက်မှုစသည်တို့ ရှိ/မရှိကို စစ်ဆေးရမည် ဖြစ်ပြီး သန့်စင်အောင် ပြုလုပ်ရမည်။

ပဲအိတ်များကို နံရံ၊ ကြမ်းပြင်နှင့် တိုက်ရိုက်ထိတွေ့မှု မရှိစေရန် ဝါးကပ် (သို့) သစ်သားအခင်းများ ခင်းပေးရမည်။

ပဲသိုလှောင်ရန် အဆောက်အဦးသည် လေဝင်လေထွက်ကောင်းပြီး ငှက်များ၊ ကြွက်များနှင့် အခြားဖျက်ပိုးများ မဝင်ရောက်စေရန် ပြုပြင်ထားရမည်။

တိရစ္ဆာန်ဖျက်ပိုးထိန်းချုပ်ခြင်း

ထုပ်ပိုးသိုလှောင်သည့် နေရာများနှင့် အနီးတစ်ဝိုက်တွင် အင်းဆက်ဖျက်ပိုးများ ရှိမနေစေရန် ကြိုတင်စီမံကာကွယ်ထားရမည်။

ထွက်ကုန်များနှင့် ထုပ်ပိုးခွံပစ္စည်းများကို ညစ်ညမ်းမှု အန္တရာယ် အနည်းဆုံးဖြစ်စေရန်အတွက် မျှားစာများ ထောင်ခြောက်များကို သတ်မှတ်နေရာတွင် ထားရှိရမည်ဖြစ်ပြီး ကြပ်မတ်ကြည့်ရှုရမည်။ မျှားစာများ၊ ထောင်ခြောက်များ ထားရှိသည့်နေရာကို မှတ်သားထားရမည်။

အထောက်အထားနှင့် မှတ်တမ်းများ

ထုတ်လုပ်သူသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ပါတ်သတ်သည့် မှတ်တမ်းများကို အနည်းဆုံး (၂) နှစ် သိမ်းဆည်း ထားရမည်။

လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအတွက် သတ်မှတ်ထားသည့် မှတ်တမ်း ပုံစံတွင် မှတ်တမ်းရေးသွင်းထားရမည်။

နောက်ကြောင်းပြန် စစ်ဆေးခြင်း နှင့် ပြန်လည် သိမ်းဆည်းခြင်း

သီးနှံစိုက်ပျိုးထုတ်လုပ်သည့် နေရာအား နောက်ကြောင်းပြန် စစ်ဆေးနိုင်ရန် အတွက် ထုပ်ပိုးပစ္စည်းများ အပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသား နှင့် မှတ်ပုံတင် အမှတ်အသား ပြုလုပ်ထားရှိရမည်။

သီးနှံ ထွက်ကုန်ပစ္စည်း တင်ပို့သည့်နေရာ ပမာဏ နှင့် ပေးပို့သည့် ရက်စွဲကို မှတ်တမ်းထားရှိရမည်။

သင်တန်း

ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး အခြေခံ သင်တန်းများကိုလည်း တက်ရောက်ထားသင့်သည်။

တောင်သူများ၊ စားသုံးသူများ၊ ကုန်သည်များ၊ ပွဲစားများ၊ နိုင်ငံခြားတင်ပို့သူများအား ကောင်းမွန်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို သိရှိဆောင်ရွက်နိုင်ရန် နှင့် လိုက်နာကျင့်သုံးရန် သင်တန်းများ ပို့ချပေးရမည်။ တက်ရောက်ခဲ့သည့် သင်တန်းများကို မှတ်တမ်းထားရမည်။

ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်း

ထုတ်ပိုးသူများ အနေဖြင့် ကျင့်သုံးသည့်နည်းလမ်းများ မှန်ကန်မှု ရှိ/ မရှိ ဆောင်ရွက်ချက်အားလုံး ကို ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ အနည်းဆုံး တစ်ရာသီ တစ်ကြိမ် ပြန်လည်သုံးသပ်ရမည်။ ပြန်လည်သုံးသပ်ခြင်း နှင့် ဆောင်ရွက်မှုများကို မှတ်တမ်းသိမ်းဆည်းထားရမည်။

လုပ်ငန်းများစတင်ရာတွင် နည်းပညာဆိုင်ရာ အကြံဉာဏ်ရယူပါက သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ အဖွဲ့ထံမှ မေးမြန်း၍ အကြံဉာဏ်ရယူနိုင်သည်။

တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး၊ ဤဆောင်ရွက်ချက်များအတွက် မှတ်တမ်းများ ထိန်းသိမ်းထားရှိရမည်။

တစ်ကိုယ်ရေ သန့်ရှင်းခြင်း နှင့် လုပ်သားများဘ၀ သာယာဝပြောရေး

လုပ်သားများအန္တရာယ်ကင်းစေရန် ဓာတုဆေးများ အသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရေးသားချိန်ဆွဲထားပြီး လက်တွေ့ကျင့်သုံးနိုင်ရေး ဆော်သြပေးရမည်။

လုပ်ငန်းခွင်ရှိ သိသာထင်ရှားသော နေရာများတွင် တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရေးသားတင်ပြသထားရမည်။ (သို့မဟုတ်) လုပ်သားများ သိရှိအောင် ဖြန့်ဝေပေးထားရမည်။

မိလ္လာရေ နှင့် စွန့်ပစ်အညစ်အကြေးရေများ နှင့် အန္တရာယ်မရှိအောင် ဂရုတစိုက် စွန့်ပစ်ရမည်။ လုပ်သားများ ကျန်းမာရေး နှင့် လူမှု ဘဝသာယာဝပြောရေးကို အလေးထား ဆောင်ရွက်ပေးရမည်။

လုပ်သားများ၏ လူမှုဘ၀ ဖွံ့ဖြိုးရေးအတွက် အသင်းအစုများ ဖွဲ့၍ ဆောင်ရွက်ပေးခြင်း နှင့် စာပေဟောပြောပွဲများ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးသင့်သည်။

စိုက်ပျိုးရေးဦးစီးဌာန

The post ပဲတီစိမ္း စိုက္ပ်ိဳး⁠ေရးဆိုင္ရာ အ⁠ေလ့အက်င့္⁠ေကာင္းမ်ား (အပိုင္း -၂) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>